Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Molly Hagan
6.1
Red State (2011)
Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာရေးအစွန်းရောက်မှုကို အခြေတည်ထားတဲ့ indie ရုပ်ရှင်ကားပါ။ ၂၀၁၁ ကထွက်ရှိခဲ့ပြီး Horror/Thriller နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီးတစ်ဦးက အွန်လိုင်းကနေ လိင်ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်သုံးယောက်ကနေ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုးဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်တော့ အဲဒီအမျိုးသမီးက Abin Cooper လို့ခေါ်တဲ့အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး ခေါင်းဆောင်တဲ့ Five Points Trinity Church အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေးအစွန်းရောက်အဖွဲ့ ဖြစ်ပြီး လိင်တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်သုံးယောက်တို့ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့မလား ဒီဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက Horror/Thriller ဆိုပေမဲ့ သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန် indie ရုပ်ရှင်ဖြစ်ပြီး Stiges Film Festival မှာ Best ...
movie
Red State (2011)
5.6
Princess Protection Program (2009)
Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီးတွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie
Princess Protection Program (2009)
2009
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောၤ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)