Channel Myanmar

Mone Kamishiraishi

The Forest of Wool and Steel (2018) 6.2
The Forest of Wool and Steel (2018) The Forest of Wool and Steel (2018)~ IMDb – 6.2/10, MyDramaList – 7.6/10 ~ဟော့ကိုင်းဒိုး (Hokkaido) မှာရှိတဲ့ နယ်မြို့လေးတစ်မြို့က အထက်တန်းကျောင်းသားလေးတစ်ယောက်က အထက်တန်းကျောင်းအောင်ပြီးရင် ဒီအတိုင်းလေးပဲ ဘဝကို ဆက်ရှင်သန်မယ်လို့တွေးနေတဲ့အခိုက် သူ့ကျောင်းက တစ်ခုသောစန္ဒရားကို ပြင်(အသံညှိ) ပေးဖို့ လာခဲ့တဲ့ စန္ဒရားအသံညှိဆရာ (Piano Tuner) တစ်ယောက်ကို လိုက်ပြပေးရတယ်။ အဲဒီဆရာအသံညှိပြီး တီးခတ်လိုက်တဲ့ စန္ဒရားသံစဉ်ကို ကြားသွားတဲ့ ကျောင်းသားလေးက ရုတ်တရက် သာယာငြိမ့်ညောင်းတဲ့တောအုပ်ထဲ ရောက်ရှိသွားသလို ခံစားရပြီး စန္ဒရားအသံညှိဆရာဖြစ်ချင်တဲ့ဆန္ဒ တဖွားဖွားဖြစ်လာလို့ ကျောင်းပြီးတာနဲ့ တိုကျိုမှာ စန္ဒရားအသံညှိကျောင်းကို ၂ နှစ်သွားတက်ခဲ့တယ်။ ၂ နှစ်တက်ပြီး သူ့ဇာတိမြို့မှာပဲ သူဆုံခဲ့တဲ့စန္ဒရားအသံညှိဆရာရဲ့ အဲတိုတူရိယာပစ္စည်းဆိုင် (Eto Musical Instrument Shop) မှာပဲ စန္ဒရားအသံညှိဆရာအဖြစ် ဝင်လုပ်ခဲ့တယ်။ ...
movie

The Forest of Wool and Steel (2018)

2018
Spirited Away Live Stage Performance First Distribution(2022) 7.0
Spirited Away Live Stage Performance First Distribution(2022) Spirited Away Live Stage Performance First Distribution(2022)***********************************************************"Spirited Away" Live Stage Performance : First Stage Distribution Studio Ghibli ရဲ့ masterpiece တွေထဲက တစ်ခုဖြစ်တဲ့အပြင် ဆုတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်ရဲ့ နာမည်ကျော်ဂျပန် anime ကားလေး Spirited Away ကို မကြည့်ဖူးတဲ့သူ မရှိသလောက်ပါပဲ။ အခုဟာက Spirited Away ကို တိုက်ရိုက် ထုတ်လွှင့်ပြီး ပြဇာတ်အနေနဲ့ ကပြခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရဲ့ ပြဇာတ်အငွေ့အသက်လေးကို အပြည့်အဝ ခံစားရမှာဖြစ်ပြီး ဖန်တီးမှုတွေကိုလည်းအံ့ဩမှင်သက်ဖွယ် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်ကလည်းအင်မတန် ချီးကျူးစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီဟီရိုဆိုတဲ့ ကလေးမလေးတို့ မိသားစုကနယ်မြို့လေးကို ပြောင်းလာရင်း လမ်းပျောက်ရာကနေ လှိုဏ်ဂူတစ်ခုထဲကို ဝင်ကြည့်ခဲ့တယ်။ဒီလိုနဲ့ပဲ စူးစမ်းရင်း ...
movie

Spirited Away Live Stage Performance First Distribution(2022)

Spirited Away: Live on Stage-org(2022)) 7.0
Spirited Away: Live on Stage-org(2022)) Spirited Away: Live on Stage-org(2022))*************************************ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင်မှားသွားပါလိမ့်မယ်...Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ..နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီးလှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့်တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေကခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်.. ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား..လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား.. File Size :(2.9GB)(1.2GB) and (255MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…02:38:00 Genre : Adventure, Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Spirited Away: Live on Stage-org(2022))

Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016
Weathering with You (2019) 7.5
Weathering with You (2019) Weathering With You (2019)****************************( 天気の子 )သဘာဝ ၏ ရင်သွေးငယ်"နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodakaဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်...အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ဆိုတော့ ဇတ်လမ်းကိုတော့ ...
movie

Weathering with You (2019)