Channel Myanmar

Mónica del Carmen

La Civil (2021) 7.2
La Civil (2021)  IMDb 7.2/10 Rotten Tomatoes 86%ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်းထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courageကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီးမက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့စီယယ်လိုနဲ့ လော်ရာ...အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်းလော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက်တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊နောက်ဆုံးကျရင်ရော ...
movie

La Civil (2021)

Heroic (2023) 7
Heroic (2023) Heroic (2023)~ IMDb - 7/10, Rotten Tomatoes - 81% ~ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.95GB, 915MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 28Min Genre - ...
movie

Heroic (2023)

2023
Babel (2006) 7.4
Babel (2006) [Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie

Babel (2006)

Sundown (2021) 6.6
Sundown (2021) Sundown (2021)==============IMDb Rating - 6.6/10ချမ်းသာတဲ့ မျိုးရိုးက ဆင်းသက်လာတဲ့ နေလ်ဟာ သူရယ် သူ့ညီမမိသားစုနဲ့အတူ မက်စီကိုမြို့ကို အပန်းဖြေခရီးထွက်လာခဲ့ကြပါတယ်...... ခရီးထွက်နေတဲ့အချိန် သူတို့အမေ ဆုံးပါးသွားတာကြောင့် သူတို့နေတဲ့ လန်ဒန်ကို ချက်ချင်းပြန်ခဲ့ရပါတယ်...... ဒါပေမဲ့ နေလ်ဟာ Passport ပျောက်သွားတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မက်ဆီကို မှာပဲ နေရစ်ခဲ့ပါတယ် နောက်တော့ အိမ်ကို လုံးဝမပြန်တော့ဘဲ မက်စီကိုမှာပဲ သောင်တင် နေခဲ့ပါတော့တယ်.......ဒါပေမယ့် တကယ်တန်းတော့ နေလ်မှာ အိမ်ကိုမပြန်ရတဲ့ အကြောင်းရင်းကရှိနေပါ တော့တယ်။ နေလ်တစ်ယောက် အမေဆုံးပါးသွားတာတောင် ဘာလို့အိမ်မပြန်တာလဲ မက်စီကိုမှာ ဘာလို့နေရစ်ခဲ့တယ်ဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး...... ဒရမ်မာ ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size - (965 MB) /(494 MB) / (343 MB) Quality – WebRip 1080p / 720p/480p Duration - 1h 22mins Subtitle ...
movie

Sundown (2021)

2021