Channel Myanmar

Monica Raymund

The Caine Mutiny Court-Martial (2023) 6.9
The Caine Mutiny Court-Martial (2023) The Caine Mutiny Court-Martial (2023)~ IMDb - 6.9/10, Rotten Tomatoes - 94% ~ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။မဲရစ်‌ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 875MB Quality - 1080p, 720p IMDb Rating ...
movie

The Caine Mutiny Court-Martial (2023)

2023
Arbitrage (2012) 6.6
Arbitrage (2012) Pretty woman ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသား Richard Gere ရဲ့ ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အောင်မြင်ပြီး ကျိကျိတက်ချမ်းသာတဲ့ စီးပွားရေးသမား Robert ဟာ အပေါ်ယံကြည့်ရင်တော့ အိမ်ထောင်ရှင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ဒီလိုမဟုတ်ပါဘူး။ အိမ်ကမိန်းမကို ချစ်ချင်ယောင်ဆောင်ပြပြီး စကီလေးတွေ ထည်လဲတွဲနေတဲ့ Robert မှာ သူ့အိမ်သားတွေကို ဖုံးကွယ်ထားတဲ့ နောက်လျှို့ဝှက်ချက်တစ်ခုရှိပါသေးတယ်။ အဲလျှို့ဝှက်ချက်မပေါက်ကြားခင် သူ့ကုမ္ပဏီကို ရောင်းပစ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ သူ့စမောလေးနဲ့ ကားပတ်စီးရင်း အက်စီးဒင့်ဖြစ်ပြီး ကောင်မလေးသေသွားပါတယ်။ အဲလိုကံဆိုးမသွားရာ မိုးလိုက်လို့ရွာခြင်းခံနေရတဲ့ Robert တစ်ယောက် ပြဿနာတွေကို ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ကြည့်ရှုခံစားမှာဖြစ်ပါတယ် File size…(1.7 GB)/(800 MB)/(450 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat ...
movie

Arbitrage (2012)

Bros (2022) 6.4
Bros (2022) CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့‌ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်း‌တွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ ...
movie

Bros (2022)