Channel Myanmar

Monicka Siva

Erumbu (2023) 7.8
Erumbu (2023) Erumbu 2023 IMDb 7.7/10 Drama/Familyမိသားစုဇာတ်ကားကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ရသကောင်းလေး‌ ပေးစွမ်းနိုင်မယ့် တမီးလ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အန်နာဒူရိုင်ဟာ ‌အိမ်အတွက် ရုန်းကန်ပြီးဝမ်းစာနေရှာနေရတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ ‌အကြွေးပတ်လည်ဝိုင်းနေပြီး မိသားစုဝင်ခြောက်ယောက်စာကို ရှာ‌ဖွေနေရတာမလို့ တကယ်ကိုမလွယ်ကူလှပါဘူး။ဒါပေမဲ့လည်း သားဖြစ်သူမူသူးနဲ့ သမီးဖြစ်သူပန်ချီကို မရှိတဲ့ကြားကနေ စိတ်ချမ်းသာအောင်ထားပေးတဲ့ ဖခင်ကောင်းတစ်ဦးဖြစ်ပါတယ်။ မိထွေးဖြစ်သူနဲ့နေရတဲ့ သားနဲ့သမီးကို အတတ်နိုင်ဆုံးလိုတာတွေဖြည့်ဆည်းပေးပြီး သားနဲ့သမီးကလည်း ရုန်းကန်နေရတဲ့အဖေကို ပြန်ကြည့်ပေးတာမလို့ ငွေကြေးမပြည့်စုံပေမယ့်လည်း မေတ္တာတွေနဲ့လွှမ်းခြုံထားတဲ့မိသားစုလေး‌ဖြစ်ပါတယ်။တစ်နေ့မှာ မိထွေးဖြစ်သူရဲ့အရေးပါတဲ့ရွှေလက်စွပ်တစ်ကွင်းဟာ မထင်မှတ်ပဲပျောက်သွားတဲ့အတွက်ကြောင့် မူသူးတစ်ယောက် ပြာယာခတ်သွားပါတော့တယ်။ အရေးပါတဲ့လက်စွပ်ဖြစ်ပြီး အိမ်ကသိရင်ပြဿနာတက်မှာဖြစ်တဲ့အတွက် အစ်မဖြစ်သူနဲ့အတူ သူငယ်ချင်းတွေကိုပါ အကူအညီတောင်းရင်း ရှာပုံတော်စရပါတော့တယ်။ မူသူးတို့မိသားစုလေး အစစအရာရာအဆင်ပြပါ့မလား။ ဘာတွေဆက်ဖြစ်ကြဦးမလဲ။ ဒီဇာတ်ကားလေးမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~Zwe Yan~Cherry တို့ပဲဖြစ်ပါတယ်။) File size…2.5GB / 1.3GB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~Zwe Yan~Cherry 
movie

Erumbu (2023)

2023
Katharbasha Endra Muthuramalingam (2023)
Katharbasha Endra Muthuramalingam (2023) Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH
movie

Katharbasha Endra Muthuramalingam (2023)

Thiruvin Kural(2023) 5.5
Thiruvin Kural(2023) ရုပ်ရှင်တကား ကောင်းတယ် မကောင်းဘူးပြောရအောင်က ကြည့်တဲ့သူအပေါ်မှာပဲ မူတည်တတ်တာမျိုးဗျ။ ဥပမာ K.G.F လိုမျိုး ၂ ဘ၀ကလဲ့စားလိုမျိုးအယောက်တရာလောက်ကို တယောက်ထဲ ယှဉ်ဖိုက်ပြီး မင်းသားကပဲ နိုင်တယ်ဆိုတဲ့ ဇာတ်မျိုးကြိုက်တဲ့သူ ရှိသလို Ae Dil Hai Mush Kil လိုမျိုး အချစ် ဒရမ်မာ သီးသန့်လေးကိုမှ ခိုက်ပါတယ်ဆိုတဲ့သူမျိုးနဲ့ ကွဲပြားကြသလိုပေါ့။တချို့ကျလည်း ဇာတ်ကားကြည့်တော့မယ်ဆို ဘယ်သူသရုပ်ဆောင်တယ် ဘာဇာတ်အမျိုးစားလဲဆိုတာထက် Rating တွေ Review တွေကြည့်ပြီး များမှဆိုတဲ့သူတွေလည်းရှိကြတယ်။ပြောချင်တာ ခုတင်ဆက်ပေးမဲ့ ဒီတမီးလ်ရုပ်ရှင်ကားကလဲ ကြိုက်တတ်သူတွေအတွက်ကတော့ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမဲ့ အက်ရှင် ဒရမ်မာကားတကားပါပဲ။ မင်းသားက စကားမပြောတတ်တဲ့အပြင် အနားကပ်ပြောမှ အသံသဲ့သဲ့ပဲကြားရတဲ့ ဘ၀၊ ဒါပေမဲ့ အင်ဂျင်နီယာဘွဲ့ရ၊အဖေဖြစ်သူနဲ့အတူတူ ဆောက်လုပ်ရေးတခုမှာ ဝင်ဦးစီးပေးနေတာ။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်တဲ့ ဘ၀လေးတခု ပိုင်ဆိုင်ထားတဲ့သူ။ လှတပတချစ်သူကောင်မလေးနဲ့ကလည်း ရွှေလမ်းငွေလမ်း ဖောက်ပြီးသား။ သူ့ပတ်ဝန်းကျင်က မိန်းကလေးတွေကို စော်ကားလာရင် ဖြုန်း ဖြောင်းနဲ့ ဆော်လွှတ်တတ်တဲ့စရိုက်နဲ့ လူ။ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေလို့ ဆိုရမလိုပဲ တရက် မင်းသားရဲ့အဖေက ဆိုဒ်ထဲမှာ မတော်တဆမှုတခုနဲ့ ဆေးရုံတတ်ရပါလေရော။ အဲ့မှာ ...
movie

Thiruvin Kural(2023)

2023
Vikram (2022) 8.8
Vikram (2022) Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိ‌ေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်‌ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.org/kaithi-2019/ ကြည့်ပါ။  File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie

Vikram (2022)

2022
4K HEVC Web-DL
Kaithi (2019) 8.5
Kaithi (2019) IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie

Kaithi (2019)

2019
4K HEVC