Channel Myanmar

Mónika Balsai

Strangled (2016) 7.0
Strangled (2016)  IMDB - 7Rating ကောင်းမှကြည့်ချင်တဲ့သူတွေအတွက်ဟန်ဂေရီရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ အာကိုရှ်ရယ်တီဟာဖိနပ်စက်ရုံကအမျိုးသမီးတစ်ယောက်နဲ့ညဖက်မှာအတူတူပြန်လာရင်း လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ်ခဲ့တယ်ဆိုပြီး အစိုးရရှေ့နေဖက်က ရယ်တီကိုတရားစွဲပါတယ်။နှိပ်စက်မှုဒဏ်တွေ၊ ဝေခွဲမရနိုင်တဲ့အကြောင်းအရာတွေကြောင့်ရယ်တီဟာ သူသတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့အတွက်သေဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးမှုကြောင့် ‌သေဒဏ်ကနေ ထောင်ဒဏ် ၂၅ နှစ်ပြောင်းလဲချမှတ်ပေးခဲ့တယ်။ ရယ်တီထောင်ကျပြီး ၇ နှစ်အကြာမှာ အလားတူလူသတ်မှုတွေပေါ်လာခဲ့တယ်။အမျိုးသမီးတွေတစ်‌ယောက်ပြီးတစ်ယောက်အသတ်ခံလာရတဲ့အခါ ပြည်သူတွေကြားမှာထိတ်လန့်မှု‌တွေဖြစ်လာခဲ့တယ်။ လူသတ်သမားရဲ့ သိုသိပ်စေ့စပ်မှုတွေကြောင့်ရဲတွေလည်း သက်သေတောင်ရှာမရဖြစ်နေပါတယ်။အစိုးရရှေ့တစ်ယောက်ဖြစ်တဲ့ ဇိုတန်စီရီမာအီဟာလက်ရှိအမှုတွေဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုနဲ့တစ်စုံတစ်ခုပက်သက်‌‌နေတာကိုသိသွားတဲ့အခါမှာတော့..... File size…1.59GB / 760MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Strangled (2016)

Kills on Wheels (2016) 7.1
Kills on Wheels (2016) Kills on Wheels (2016) ================ IMDb Rating - 7.1/10၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM
movie

Kills on Wheels (2016)

2016