Channel Myanmar

Monnye Kunupi

A Soweto Love Story (2024) 5.5
A Soweto Love Story (2024) ပေါ့ပေါ့ပါးပါးမိသားစုနဲ့ အပန်းဖြေကြည့်လို့ရတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ..2024 V day မှာတင် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့A Soweto love Story ဆိုတဲ့အာဖရိကန်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့မိသားစုထဲမှာ သားတွေချည်းသုံးယာက်မွေးထားပြီးတစ်ယောက်မှ မိန်းမမရသေးလို့ စိတ်ပူနေရတဲ့မုဆိုးမအိုအမေကြီးနဲ့ဇာတ်လမ်းတည်ထားပါတယ်..သားအကြီးကလည်း လူတွေနဲ့မပေါင်းတတ်မသင်းတတ်ဇီဇာကြောင်တတ်တဲ့ လူပျိုသိုးကြီး သားလတ်ကလည်းဆော်မြင်ရင် ကြာပစ်တတ်တဲ့အကျင့်ကြောင့် ဆော်ကမယုံကြည်အငယ်ဆုံးသားလေးကလည်း သူ့ကိုသူဇွတ်ကျားပါပြောပေမဲ့အရမ်းနွဲ့တဲ့ fashion designer ဖြစ်နေလို့ လက်လျော့ထားတာပါနောက်ဆုံး ဒီသားသုံးယောက်လုံးကိုစိတ်မရှည်တဲ့ မုဆိုးမအမေကနှစ်မကုန်ခင် ပထမဆုံးလက်ထပ်နိုင်တဲ့သူကိုမိသားစုအိမ်ကြီးအမွေပေးမယ် မဟုတ်ရင်ရောင်းပစ်မယ်ဆိုပြီးကြိမ်းလိုက်တဲ့အခါကျမှ သားသုံးယောက်လုံး မျက်ကလူးဆန်ပြာနဲ့မိန်းမထရှာတဲ့အခါ ဖြစ်လာတဲ့အလွဲတွေ လူ့သဘာဝရီစရာလေးတွေကိုပေါ့ပေါ့ပါးပါးကြည့်ရမှာပါ သာမန်မိသားစုကားလေးပေမဲ့ ပုံမှန်ဇာတ်လမ်းတွေလိုဘာဖြစ်လာမှာလဲတွေ ကြိုသိနေရတာမျိုးတွေမရှိပဲလှည့်ကွက်ကောင်းကောင်းဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားတဲ့ကားမလို့ ကြည့်ရတာတန်တဲ့ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ပါတယ်.. File size…1.83GB / 859MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie

A Soweto Love Story (2024)