Channel Myanmar

Monsieur Poulpe

Dealing with Christmas (2023)
Dealing with Christmas (2023)  ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Dealing with Christmas (2023)

Taxi 5 (2018) 4.7
Taxi 5 (2018) Taxi 5 (2018)ဒီဇာတ်ကားကတော့ ရှေ့ကအောင်မြင်ခဲ့တဲ့  Taxi ပြင်သစ်ဇာတ်ကားတွေရဲ့အဆက်အဖြစ် ထွက်ရှိလာတာပါ။ဒါပေမယ့် ရှေ့က မင်းသားမင်းသမီးတွေ မဟုတ်တော့ဘဲ အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။မင်းသား မင်းသမီးအသစ်တွေဖြစ်ပေမယ့်လို့ အရံတချို့နဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ တူပါတယ်။ဒီဇာတ်ကားမှာတော့ ရဲက ဖိုက်တာ ကားမောင်းသမားဖြစ်လာပြီး Taxi သမားကတော့ ရှေ့ဇာတ်ကားတွေက ဖိုက်တာကြီး ဒန်နီရယ်ရဲ့ တူတော်စပ်သူ အူကြောင်ကြားကောင်အဖြစ် ဇာတ်လမ်းကိုပြန်လှည့်ထားပါတယ်။ယခင်ဇာတ်ကားတွေလို Taste မရတော့ပေမယ့် " ဒန်နီရယ် နဲ့ အီမလီယံ" ကိုလွမ်းနေသူ ကိုယ်တွေအတွက်တော့ ဖြေသိမ့်ဖို့ ကြည့်နေမိတဲ့ဇာတ်ကားပါ။(Taxi ဇာတ်ကားအားလုံးကို   https://channelmyanmar.org/?s=taxi  မှာ ကြည့်လို့ရပါတယ်။ ) File size…(2.3 GB)/ (1.1 GB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Mg King
movie

Taxi 5 (2018)

2018
1080p HEVC
The Visitor from the Future (2022) 6
The Visitor from the Future (2022) The Visitor from the Future (2022)~ IMDb - 6/10, Rotten Tomatoes - 82% ~အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA ...
movie

The Visitor from the Future (2022)

2022