Channel Myanmar

Moon Seung-a

Past Lives (2023) 8.4
Past Lives (2023) Past Lives (2023)~ IMDb - 8.4/10, Rotten Tomatoes - 97% ~သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်...ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်...တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်...ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ...
movie

Past Lives (2023)

2023
4K HEVC
Voice of Silence (2020) 6.6
Voice of Silence (2020) Voice of Silence 2020 ================= ဒီကားကတော့ ၂၀၂၀နှစ်ကုန်နားနီးမှ အသစ်ထွက်ရှိထားပြီး IMDB 6.6/10 ထိရထားတဲ့   Crime/Drama အမျိုးစားဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့   Aliveထဲကမင်းသား Yoo Ah-In နဲ့ Reply 1988 တို့ Itaewon Class တို့က   မင်းသားကြီး Yoo Jae-Myung တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်   ဇာတ်လမ်းအကျဉ်းကတော့ ကြက်ဥအရောင်းအဝယ်ဗန်းပြပြီး   လူဆိုးဂိုဏ်းတွေက လူသတ်တာတွေအတွက် တာဝန်ယူအလောင်းဖျောက်ပေးရတဲ့    ကြေးစား အလောင်းဖျောက်ပေးတဲ့သူနှစ်ယောက်အကြောင်းကို   အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပါတယ် တစ်ရက်မှာသူတို့အတွက်   ပုံမှန်အလောင်းဖျောက်နေကြအလုပ်မျိုးနဲ့ မတူတဲ့   တခြားသော အော်ဒါတစ်ခုကို လူဆိုးဂိုဏ်းခေါင်းဆောင်   တစ်ယောက်ကစေခိုင်းလာခဲ့ပါတယ် စေခိုင်းပြီးနောက်   ဒီလူဆိုးခေါင်းဆောင်ကလည်း သေဆုံးသွားတဲ့အခါ...   ဒီအလုပ်ကိုလက်ခံပြီးနောက် ဘယ်လိုအကြောင်းအရာမျိုးတွေ   ဆက်ဖြစ်လာမယ်ဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့   ကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ် Yoo Ah-In ပါဝင်ထားတဲ့   ကားတော်တော်များများကောင်းတာများလို့ Mystery ဆန်ဆန်ကားမျိုး   ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်     Translated by : Phue Nge Nge Thein, Moe Pwint Encoded by : Thit ...
movie

Voice of Silence (2020)

2020