Channel Myanmar

Morgan Brayton

The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)

This Boy’s Life (1993) 7.3
This Boy’s Life (1993) This Boy's Life (1993)~ IMDb - 7.3/10, Rotten Tomatoes - 76% ~မျှော်လင့်ခြင်း ရွှေအတောင်ပံတွေ ဒဏ်ရာဗရပွနဲ့ မပျံနိုင်တော့တဲ့အခါ ပုန်ကန်စိတ်တွေ၊ မိုက်ရူးရဲခြင်းတွေနဲ့ ရွှေအတောင်ပံ တဖျတ်ဖျတ်ခတ်ခဲ့ဖူးကြတဲ့ လူငယ်ဘ၀တွေကို ပြန်မက်မောမိခဲ့ကြတာပေါ့။ လူငယ်ဘ၀တွေမှာတော့ ဒဏ်ရာတွေ ဘယ်လောက်ပဲများခဲ့ကြပါစေ အနာဂတ်ဆီ မျှော်လင့်ချက်အပြည့်နဲ့ ရှေ့ဆက်ပြီး ရွှေအတောင်ပံတွေ တဖျတ်ဖျတ်ခတ်နိုင်ခဲ့ကြတာပဲမလား။ ဒီရုပ်ရှင်ဟာ ပျိုမျစ်ခဲ့တဲ့တစ်ချိန်တစ်ခါဆီကို မျှော်ရည်ရင်း အားလုံးရဲ့ ရွှေအတောင်ပံတွေက ဒဏ်ရာတွေကို ပြန်ကောင်းလာဖို့ အထောက်အကူဖြစ်စေမယ့် ရုပ်ရှင်ပါပဲ။ဇာတ်လမ်းကတော့ လူငယ်လေးတစ်ယောက်ရဲ့ ရွှေရောင်နေ့ရက်တွေ၊ မပြေမလည်မိသားစုထဲ ရခဲ့ဖူးတဲ့ ဒဏ်ရာတွေအကြောင်း၊ သူ့အိပ်မက်ကို သူမက်ခဲ့တဲ့အကြောင်းတွေပေါ့။ စာရေးဆရာရဲ့ငယ်ဘ၀မှတ်တမ်းကိုရေးထားတာကနေ ပြန်ရိုက်ထားတဲ့ကားဆိုတော့ လက်တွေ့ကျကျပါပဲ။မင်းသားတွေက ရောဘတ်ဒီနဲရိုးနဲ့ လီယိုနာဒိုပါ။ လီယိုနာဒိုဟာ ကလေးဘ၀ကတည်းက ပြောင်မြောက်ခဲ့တာကို သက်သေပြနေမယ့် ရုပ်ရှင်ဖြစ်သလို သူ့ပထွေးအဖြစ်သရုပ်ဆောင်တဲ့ ဒီနဲရိုးဟာ လူဆိုးဇာတ်ရုပ်မှာလည်း မညံ့တာ မြင်ရမှာပါ။ ...
movie

This Boy’s Life (1993)

1993
Overboard (2018) 5.6
Overboard (2018)  ဒီရုပ်ရှင်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးက Drama , Comedy အမျိုးအစားလေးပါ ကျနော်တို့ သိတဲ့ စင်ဒရဲလား ပုံပြင်လေးလိုပါပဲ အတိဆင်းရဲ ဒုက္ခရောက်နေတဲ့ မင်းသမီးလေးဆီကို ရွှေမင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသလိုပေါ့ ယုံတမ်းပုံပြင်တွေက တကယ်တမ်း ဖြစ်လာနိုင်ပါတယ် အဲ့ဒီလိုပဲ မြို့လေးတစ်မြို့မှာ သူနာပြုတစ်ယောက်ဖြစ်ဖို့ စာတွေ ကျတ်ရင်း တစ်ဖက်မှာလဲ အဖေ မရှိတော့တဲ့ သမီးလေး ၃ ယောက် ရဲ့ တာဝန်တွေ ထမ်းဆောင်ရင်း Single Mother လုပ်နေတဲ့ ကိတ် ဆိုတဲ့ ကောင်မလေးရှိတယ် တစ်ခြားတစ်ဖက်မှာလဲ အန်တိုနီယို လုပ်ငန်းစုကြီးရဲ့ အမွေပိုင် လီယို ဆိုတဲ့ သူဌေးသားလေး လူရှုပ်လူပွေ လေး တစ်ယောက်လဲ ရှိပြန်တယ် လီယို က အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဦးစီးဖို့ ရှောင်ပြေးနေပြီး အချိန်ရှိတိုင်း အပျော်စီး သင်္ဘောကြီး တစ်ခုဝယ်ကာ ကောင်မလေး အလန်းလေးတွေ တင်ရင်း သောက်လိုက် စားလိုက် ပျော်ပါးလိုက် နဲ့ အချိန်ကုန်နေတဲ့ သူတစ်ဦးပေါ့ တစ်ရက်မှာတော့ သူဌေးလေး လီယိုနာဒို ရဲ့ သင်္ဘောကြီးဟာ ကိတ်တို့ မြို့လေးရဲ့ ...
movie

Overboard (2018)

2018