Channel Myanmar

Mourad Zeguendi

Taxi 4 (2007) 5.6
Taxi 4 (2007) Taxi 4 (2007)IMdb Rating (5.6) / Rotten Tomatoes (42%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Taxi 4 (2007)

2007
1080p HEVC
Sawah (2019) 5.5
Sawah (2019) Sawah (2019) ==========မိတ်​ဆွေတို့​ ကိုယ်လုပ်ချင်တဲ့အရာထက် လုပ်သင့်တဲ့အရာကို​ ရွေးချယ်ခဲ့ကြဖူးလား ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လုပ်ချင် တာလုပ်ရမှ ​ကျေနပ်ကြတဲ့သူ​တွေရှိသလို အ​​ခြေအ​နေအချိန် အခါကိုလိုက်ပြီး အလိုက်တသိဖြစ်သင့်တာကို​ရွေးချယ်သွား ကြတဲ့သူ​တွေလည်း ဒုနဲ့​​ဒေးပါပဲ။ ဘယ်အရာကိုပဲလုပ်လုပ် တာ ဝန်ယူမှုတာဝန်ခံမှုဆိုတာ ရှိသင့်ပါတယ်။ ကိုယ်လိုချင်တဲ့အရာ ကို အရယူနိုင်ဖို့ မဆုတ်မနစ်ကြိုးစားကြရမှာပါ။ မလုပ်နိုင်ဘူး၊ မလုပ်ချင်ဘူးဆိုတာ ဆင်​ခြေတစ်ခုပါပဲ ဒါက ခင်ဗျား မလိုချင် တဲ့အရာဖြစ်​နေလို့ပါ။ ​ အောင်မြင်မှုကို ဆာ​လောင်တဲ့ စကာရတ်ဖ်က ပြည်တွင်း DJ ပြိုင်ပွဲမှာ အနိုင်ရပြီး ဘရပ်ဆဲလ်မှာလုပ်တဲ့ DJ World Champion မှာယှဥ်ပြိုင်ဖို့ အ​​ရွေးခံလိုက်ရပါတယ်။ ဖြစ်ချင်​တော့ သူတို့ တိုင်းပြည်မှာ ဆန္ဒပြုမှု၊သပိတ်​မှောက်မှုနဲ့ရုန်းရင်းဆန်ခတ်မှု​တွေ ဖြစ်​နေတဲ့ကာလပါ စကာရတ်ဖ်က တိုင်းပြည်ကအ​ခြေအ​​နေကို မငဲ့ဘဲ ပြည်ပထွက်ပြီး​အောင်မြင်မှုကို အရယူချင်​နေတာပါ။ ချစ်သူ ကလည်း ဒီလိုအ​ခြေအ​နေ​တွေမှာ အတူမသွားနိုင်တာ​ကြောင့် စကာရတ်ဖ်တစ်​ယောက် ဘယ်လ်ဂျီယံကို တစ်ကိုယ်​တော်ခရီး သွားထွက်လာခဲ့တယ်။ ကံဆိုးစွာနဲ့ ခရီးစဥ်မှာ ရဲဖမ်းခံလိုက်ရ တယ်။ သူ​အဖမ်းခံလိုက်ရတဲ့​နေရာကလည်း လူဇင်ဘတ်မှာ ဖြစ်​ နေတယ် သွားချင်တာ တစ်​နေရာ၊ ​​ရောက်သွားတာ တစ်​နေရာ ဖြစ်​နေ​တော့ စကာရတ်ဖ် ဘာ​တွေဆက်လုပ်မလဲဆိုတာ ကိုယ် တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.36 GB) ...
movie

Sawah (2019)

2019
JCVD(2008) 7.0
JCVD(2008) JCVD(2008)***********jcvd ဆိုတာက ဗန်ဒိန်းလို့ကျွန်တော်တို့သိကြတဲ့ အက်ရှင်မင်းသားကြီးJean-Claude Van Dammeရဲ့အတိုကောက်ပါ။ ဒီကားဟာဆိုရင်သူ့ရဲ့အခြားအက်ရှင်ကားတွေလိုမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝတွေ၊ခံစားချက်တွေ၊ သူဖော်ပြချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဒုက္ခတွေကိုတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာဆိုရင် မင်းသားကြီးဗန်ဒိန်းရဲ့ ကလေးအုပ်ထိန်းခွင့်တရားရင်ဆိုင်ပြီးရှုံးနိမ့်တာတွေမြင်ရမှာပါ၊ သူ့ရဲ့ရုပ်ရှင်တွေက အက်ရှင်ကားတွေဖြစ်တာကြောင့် သမီးဖြစ်သူက ကျောင်းမှာ လှောင်ခံပြောင်ခံရလို့ ဖေဖေနဲ့အတူနေဖို့မ‌ရွေးချယ်ပါဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တာပါတဲ့။ ဒီလိုနဲ့တရားခွင်မှာရှုံးနိမ့်ပြီး ဘယ်လ်ဂျီယံကိုပြန်လာခဲ့တော့လည်း ပြည်ပမှာအနေကြာသွားတဲ့အတွက်ATMကငွေထုတ်မရ၊ ငွေလည်းအဆင်မပြေဖြစ်ရပြန်ပါတယ်၊ ငွေလွှဲယူဖို့အတွက် ဘဏ်ကိုအသွားမှာပဲ ဓားပြတိုက်မှုတစ်ခုထဲပါသွားပါတော့တယ်၊ ဒါပေမယ့် အက်ရှင်ကားတွေထဲကလိုတိုက်ခိုက်ဖြေရှင်းမှာမျိုးမဟုတ်ဘဲမင်းသားကြီးရဲ့လက်တွေ့ဘဝထဲကပုံစံအတိုင်းပဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ တကယ့်ကိုလက်တွေ့ဆန်တဲ့ရုပ်ရှင်ပါပဲ။ အက်ရှင်မင်းသားလည်း သာမန်လူတစ်ယောက်ပါပဲ၊သူလည်း ကမ္ဘာကြီးအတွက်ပြန်အကျိုးပြုချင်တယ်ဆိုတာမျိုးကိုမြင်တွေ့ရမယ့် ကားကောင်းလေးပါပဲ။File Size :(2.1GB)(904 MB) and (313MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:37:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

JCVD(2008)