Channel Myanmar

Mu Fengbin

Mysterious Things in the Deep Forest ( 2023 ) 5.8
Mysterious Things in the Deep Forest ( 2023 ) တော်လှန်ရေးခေတ်ကိုအခြေခံပြီးရိုက်ထားတဲ့ စွန့်စားခန်းဇာတ်ကားလေးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၃)နှစ်တုန်းက ပိုင်ရှန်တောနက်ထဲမှာပျောက်သွားတဲ့ မီးရထားပေါ်မှာဇနီးပါသွားတာကြောင့် တောနက်ထဲဝင်ရှာမယ့် .......မာဟိန်ယွမ် အစ်မဖြစ်သူကိုရှာဖို့အတွက် ခဲအိုနဲ့အတူစွန့်စားမယ့်...... ဖုကွေ့ အဲဒီမီးရထားပေါ်မှာပဲပါသွားတဲ့ ညီလေးကိုရှာမယ့် ..... ခါဝါဂူချီဂျပန်လူမျိုးခါဝါဂူချီခိုင်းသမျှကို အခကြေးငွေနဲ့လုပ်ပေးပြီး လောဘကြီးတဲ့ ဓားပြဗိုလ်.... ပေပါ့ထျန်း ရည်ရွယ်ချက်မတူတဲ့ဒီလူတွေဟာအုပ်စုဖွဲ့ပြီး ပိုင်ရှန်းတောင်ကတောနက်ကြီးထဲကိုဝင်ကြတဲ့အခါ ဘယ်လိုဆန်းကြယ်တဲ့အရာတွေကစောင့်ကြိုနေမလဲ...... မီးရထားကြီးဆန်းကြယ်စွာပျောက်သွားတဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller , Mystery , Adventure , Horror Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK
movie

Mysterious Things in the Deep Forest ( 2023 )

The Magic Lotus Lantern ( 2021 ) 5.9
The Magic Lotus Lantern ( 2021 ) “ထူးခြားဆန်းပြားလှတဲ့ စစ်နတ်ဘုရား သူရဲကောင်း လူငယ်လေးတစ်ယောက်အကြောင်းကို ပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်...!”နတ်ဘုရားနဲ့ နတ်ဆိုးတွေ အားပြိုင်နေစဥ် အချိန်ကာလ..., လောကကြီးကို စောင့်ရှောက်နေတဲ့ ကြာပန်းမီးအိမ်အခိုးခံလိုက်ရတဲ့အချိန်မှာတော့ ယန်ကျန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ မီးအိမ်ကိုပြန်လည်ရှာဖွေဖို့အတွက် လူ့ဘုံလောကနယ်ပယ်ကို ရောက်ရှိလို့လာခဲ့ပါတော့တယ် မီးအိမ်ရှာဖွေရေးလမ်းစဥ်မှာ မိန်းမငယ်တစ်ဦးနဲ့တွေ့ဆုံပြီး ချစ်ကြွမ်းဝင်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ ဘုံခြောက်ဘုံကိုအုပ်စိုးစီးနင်းဖို့ကြံစည်နေတဲ့ နတ်ဆိုးအရှင်ကို နှိမ်နင်းဖို့ နှစ်ဦးသား အတူတူကြိုးစားခဲ့ကြတဲ့အခါမှာတော့ -❐ ဘာတွေဆက်ပြီးဖြစ်ကြမှာလဲ? ဆိုတာ ဆက်ပြီးတော့ ကြည့်ရှုလိုက်ရအောင်လားရှင်ဒီဇာတ်ကားလေးဟာဆိုရင် ရှေးခေတ်တရုတ်ပြည်ရဲ့ ဒဏ္ဍာရီတော်တော်များများကို ထည့်သွင်းအသုံးပြုထားတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် လူတွေရယ် ပြီးတော့ သမိုင်းဝင်ဖြစ်ရပ်တွေရယ်ဟာဆိုရင် အရှေ့တိုင်းစိတ်ကူးယဥ်အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ အရမ်းကိုမှကြီးမားလှတဲ့ မြင်ကွင်းကြီးတစ်ခုကိုဖန်တီးပေးထားသလိုပါပဲ ဒီဇာတ်လမ်းတစ်ခုလုံးမှာလဲ ကြာပန်းမီးအိမ်ရဲ့ သဲလွန်စနဲ့အခြေခံထားပြီးတော့ ချန်ရှန်းခေတ်ကို ပြန်လည်အသက်သွင်းထားတာဆိုရင်လဲဟုတ်ပါတယ် လူငယ်တစ်ယောက်ဖြစ်သူ ယန်ကျန်းရဲ့ ဘဝ အတတ်အကျတွေကို အခြေခံယူထားပြီးတော့ သူကြုံတွေ့ခဲ့ရတဲ့ တွေ့ကြုံမှုတွေ အနိမ့်ဆုံးကိုကျရောက်နေပေမဲ့လဲ မရပ်တမ်းရှေ့ဆက်သွားပုံတွေ အစရှိတာတွေကိုပါ မီးမောင်းထိုးပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ စိတ်အားထက်သန်လှတဲ့ သူရဲကောင်းတစ်ယောက်ဟာ ရှုပ်ထွေးလှတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဒွန့်တွဲနေတယ်ဆိုတာတွေကိုလဲ တွေ့မြင်ရပြီးတော့ ရသမျိုးစုံ ပေးစွမ်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ရတာ တကယ်ကိုတန်နေစေမှာပါ အဲဒါကြောင့် အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie

The Magic Lotus Lantern ( 2021 )

Mutant: Ghost War Girl ( 2022 ) 5.9
Mutant: Ghost War Girl ( 2022 ) CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Mutant: Ghost War Girl ( 2022 )