Channel Myanmar

Murali Sharma

Macherla Niyojakavargam (2022) 4.9
Macherla Niyojakavargam (2022) Macherla Niyojakavargam (2022)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ Check 2021 ထဲက တေလဂူမင်းသားချောလေးနဲ့ နီတင်နဲ့ Uppena 2021 ထဲက မင်းသမီးချောလေး ကရီတီးရှက်တီးတို့ရဲ့ကားလေးပဲဖြစ်ပါတယ်။မာချာလာဆိုတဲ့မြို့တစ်မြို့ရှိတယ် အဲ့ဒီမြို့မှာ နှစ်ပေါင်း ၃၀ကြာရွေးကောက်ပွဲကျင်းပခွင့်မပေးဘဲ လူမိုက်ကြီးရာဂျာပါဆိုသူက အုပ်စိုးနေတယ်။ သူနဲ့အတိုက်အခံလုပ်တဲ့ပါတီမှန်သမျှ ဇာတ်သိမ်းသွားရပြီး ဆန့်ကျင်တဲ့သူမှန်သမျှ ဇီဝိန်ချုပ်သွားရတယ်။ဆိဒ်ဒူဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ် ဘယ်သူဘာပြောပြော စိတ်ထဲရှိတာနဲ့ ကိုယ်မှန်တယ်ထင်တာကိုပဲ လုပ်တတ်တဲ့ကောင်လေး..။ အစိုးရအရာရှိဝန်ထမ်းစာမေးပွဲဖြေထားပြီး တာဝန်ကျမယ့်နေရာကို စောင့်နေတဲ့ ကောင်လေးပါ။မထင်မှတ်ဘဲ မာချာလာမြို့မှာ သူ တာဝန်ကျလာတဲ့အခါမှာတော့...။နှစ် ၃၀ ကြာ အုပ်စိုးနေတဲ့ ခြင်္သေ့အိုကြီးနဲ့ သူ့နန်းကို ဖျက်သိမ်းမယ့် ခြင်္သေ့ငယ်လေးတို့ ထိပ်တိုက်တွေ့လာပါတော့မယ်။ကျန်တာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားပေးပါဦးနော် File size…3.6GB / 1.76GB Quality…1080p Telugu WEB DL / 720p Format…mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ OeliuJ
movie

Macherla Niyojakavargam (2022)

2022
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
DJ: Duvvada Jagannadham (2017) 5.8
DJ: Duvvada Jagannadham (2017) DJ Duvvada Jagannadham (2017)အခုတစ်ခါ တင်ဆက်ပေးမယ့်ကားလေးကတော့ စတိုင်ကျတဲ့ မင်းသားချောလေး အက်လူးအရ်ဂျွန်ရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် မင်းသမီးအနေနဲ့ကလည်း ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်စရာမျက်နှာလေးနဲ့ ပူဂျားဟစ်ဂဒေလေးဆိုတော့ မိုက်ပြီပေါ့နော်...ဇာတ်လမ်းကိုပြောရမယ်ဆိုရင် မင်းသားက ငယ်ငယ်လေးကတည်းက မတရားမှုမြင်ရင် လက်ပိုက်ကြည့်မနေနိုင်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး ရာဇဝတ်သားကို တွေ့တိုင်း သတ်ပစ်ချင်လောက်အောင် မုန်းတီးနေတဲ့သူ ဖြစ်ပါတယ်...သူ့ အဖိုးရဲ့ပြောစကားကို မှတ်သားထားပြီး ဤကမ္ဘာမြေပေါ်ကနေ ရာဇဝတ်သားရှင်းလင်းရေးစစ်ဆင်ရေးကို ရဲအရာရှိတစ်ယောက်နဲ့ပူးပေါင်းပြီး လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်...ဒီစစ်ဆင်ရေးမှာ သားကောင်ဖြစ်ရတဲ့ ရာဇဝတ်သားတွေကတော့ အသက်ရှင်လမ်းမရှိဘူးပေါ့...မိသားစုက ဧည့်ခံကျွေးမွေးရေးလုပ်ငန်းလုပ်တော့ လူတွေအမြင်မှာ သူဟာ ပုဏ္ဍားမျိုးရိုးတစ်ယောက်ဖြစ်ပြီး အရမ်းကိုအပြစ်ကင်းစင်တဲ့ လူသားတစ်ယောက်ပေါ့နော်...ဒီလိုနဲ့ လူထောင်ချီရဲ့ငွေတွေကို လိမ်လည်အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ ငြိစွန်းလာခဲ့တယ်...ဟိုကလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူစားမျိုး သူ့လမ်းမှာနှောင့်ယှက်လာတဲ့လူမှန်သမျှကို အပြတ်ရှင်းပစ်တဲ့ လူစားမျိုး...ကဲ..သူတို့နှစ်ဦးထိပ်တိုက်တွေ့လာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ....။ File size…2.8GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

DJ: Duvvada Jagannadham (2017)

2017
Tadka (2022) 7.2
Tadka (2022) Tadka 2022ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ အသစ်စက်စက် အိန္ဒိယ အချစ်ဟာသကားလေးပါ... အချစ်တော် "တာ့ပ်ဆီး"လေးလဲပါတယ်ဆိုတော့ ပရိသတ်ကြီးကြိုက်ကြမယ်ထင်ပါတယ်..... ဇာတ်လမ်းအညွှန်းလေးကတော့ တူကာရမ်(Nana Patekar)က အစားအသောက်တွေကိုနှစ်သက်တဲ့ ရှေးဟောင်းသုတေသနပညာရှင်ဖြစ်ပြီး လူပျိုကြီး တစ်ကိုယ်တည်းသမားပေါ့.. မဒူရား (Shriya Saran)ကတော့ ရေဒီယိုတင်ဆက်သူတစ်ဦးဖြစ်ပါတယ်တစ်နေ့မှာတော့ မဒူရာနဲ့ ဖုန်းမှားခေါ်မိရာက လေလှိုင်းထဲကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သဘောကျမိသွားကြပါတယ်.. ကိုလူပျိုကြီးတူကာရမ်ကတော့ ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပါပဲ ဖုန်းထဲမှာတော်ကီတွေလွှတ်ပစ်ပြီး ချုပ်တာပေါ့..ဒါပေမယ့်တကယ်တမ်းလူချင်းတွေ့ကြမယ်ဆိုတော့ မထုံတက်တေးနဲ့မထော်မနမ်းတွေလုပ်မိမှာလဲစိုး..ဒီလိုနဲ့ တူကာရမ်ရဲ့တူဖြစ်သူ ခပ်နောက်နောက်လူငယ်လေး ဆစ် (Ali Fazal) နဲ့ အရမ်းဟော့တဲ့ နီကိုလ် ( Taapsee)တို့က လူအစားဝင်ပြီးတွေ့ကြတဲ့အချိန်မှာ နီကိုလ်းရဲ့အလှမှာမျောသွားတဲ့ ဆစ်က အရွယ်ချင်းကွာတယ် အဆင်မပြေဘူးဘာညာပေါ့...ကိုလူပျိုကြီးတူကာရမ်ရဲ့ ကြီးမှဝက်သက်ပေါက်ရတဲ့အချစ်ဇာတ်လမ်းမှာ သူတို့လေးယောက်ဘယ်လိုတွေများ မီးစင်ကြည့် ကကြမလဲဆိုတာ ကြည့်ရင်းရယ်ရင်းနဲ့ပဲ ဆက်လက်အားပေးလိုက်ကြပါဦး.... File size…1.94GB / 938MB Quality…1080p True HD / 720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL ~ Taylor ~ Thet Ko
movie

Tadka (2022)

2022
Raaz (2002) 6.6
Raaz (2002) Raaz (2002) Horror/Drama IMDb 6.6/10 (3.6K)ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ သရဲကားကောင်းတစ်ကားကို ရှာနေတယ်ဆိုရင်တော့ မင်းသမီး ဗီပါရှားဘာဆူးရဲ့ ဒီဇာတ်ကားလေးကို ညွှန်းပါရစေ...ဒီဇာတ်ကားလေးမှာ အချစ် အလွမ်း အဆွေး ရသမျိုးစုံပါနေတဲ့အပြင် သီချင်းလေးတွေလည်း ကောင်းလို့ ဘောလီဝုဒ်သီချင်းကြိုက်တဲ့သူတွေ နှစ်သက်စေမှာ အမှန်ပါပဲ...အာဒစ်သယားနဲ့ ဆန်ဂျနားဟာ ပြတ်တော့မယ့်ဆဲဆဲ သူတို့ရဲ့အိမ်ထောင်ရေးလေးတည်မြဲဖို့ နောက်ဆုံးအခွင့်အရေးတစ်ခုပေးချင်တဲ့အနေနဲ့ သူတို့ရဲ့အချစ်တွေစတင်ပေါက်ဖွားရာ အူတီမြို့လေးကို ထွက်လာခဲ့ပါတယ်..အဲ့ဒီမှာပဲ ညညဆို ဆန်ဂျနားဟာ မိန်းကလေးတစ်ယောက် နာနာကျင်ကျင် အော်ဟစ်သံနဲ့ သေနတ်သံတွေကို ညတိုင်းလိုလိုကြားနေခဲ့ရပါတယ်...အဲ့ဒီအသံတွေကလည်း သူမတစ်ယောက်တည်းကလွဲရင် ကျန်တဲ့သူတွေ ဘယ်သူမှ မကြားရပါဘူး...တစ်စတစ်စနဲ့ တဖြည်းဖြည်း အသံတွေဟာ နီးကပ်လာတဲ့အခါမှာတော့..... File size…2.2GB / 918MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Raaz (2002)

2002
A1 Express (2021) 6.3
A1 Express (2021) ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပ​ြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie

A1 Express (2021)

2021
F3: Fun and Frustration (2022) 5.1
F3: Fun and Frustration (2022) ဒီတခေါက်တော့အသစ်ထွက်ရှိလာတဲ့ တေလဂူလ်ကားလေးတခုတင်ဆက်ပေးချင်ပါတယ်... ဇာတ်ကားရဲ့ Main Cast ကတော့ ဝါရင့်သရုပ်ဆောင်ကြီးဗန်တညကတ်ချ် ဖြစ်ပြီး မင်းသမီးကတော့ Bahuballi နဲ့ KGF Chapter 1ထဲမှာပါတဲ့မင်းသမီးပါပဲ။ ဇာတ်လမ်းအကျဉ်း ============လောကမှာငွေက ဒုတိယဘုရားသခင်မဟုတ်လား ကိုယ်သာ သန်းချီ ချမ်းသာတဲ့ မိန်းမ ဒါမှမဟုတ် ယောက်ျားတစ်ယောက်ကို လက်ထက်ခွင့်ရမယ်ဆို ကိုယ်လဲသန်းကြွယ်သူဌေးဖြစ်နိုင်တာပဲမဟုတ်လား။ ဒီတော့ သန်းကြွာ်သူဌေးဟန်ဆောင်ပြီး တကယ်ချမ်းသာတဲ့သူတစ်ယောက်ကိုပိုင်းလုံးလုပ်ဖို့ကြံရွယ်ထားတဲ့ ယောင်္ကျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့တို့အပြိုင်ဂျင်းထည့်ကြတဲ့အခါ။ တချိန်ထဲမှာပဲ သူတို့ထဲကတစ်ယောင်က တကယ့်သန်းကြွယ်သူဌေးကြီးရဲ့ ပျောက်ဆုံးနေတဲ့ရင်သွေးဖြစ်တယ်လို့ ကြားလိုက်ရတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲတော့ထုံးစံအတိုင်း ရုပ်ရှင်မှာပဲလိုက်ပါစီးမျောခံစားပေးပါ။ တောင်ပိုင်း ဟာသကားအစစ်ဖြစ်တာနဲ့အညီ သဘာဝကျကျ ကြည့်ချင်သူတွေနဲ့တော့ သိပ်အဆင်ပြေမှာမဟုတ်ပဲ ပေါ့ပေါ့ပါးပါးဟာသအနေနဲကြည့်မှ အဆင်ပြေပါမယ်လို့ ပြောချင်ပါတယ်။  File size…3GB/ 1.5GB Quality…1080p WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 28mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ OeliuJ ~ Yunni
movie

F3: Fun and Frustration (2022)

2022
Major(2022) 8.7
Major(2022) Major(2022) အညွှန်း******************IMDb...8.7၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာအစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့  Iconic တစ်ခုလိုဖြစ်တဲ့Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း  ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာစစ်အတွင်းမှာတောင်ကုတင်  ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ဆိုတယ်...ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..အဆိုးဆုံးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ  ဧည့်သည်တွေကိုအထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..ဒါ့ကြောင့်  ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့  ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှမေဂျာအဆင့်ရှိသူဦးစီး  တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲသေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြီးကို ကယ်ဆယ်ခဲ့တဲ့  Major Sandeep Unnikrishnan အကြောင်းကိုရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလိုအက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..File Size :(2.23GB)(2.5GB) (1.1GB) and (364 MB) Quality ...
movie

Major(2022)

HEVC 1080p
Kothala Rayudu (2022) 8.9
Kothala Rayudu (2022) Kothala Rayudu (2022)================= IMDb Rating - 8.9/10IMDb ကြီးမြင်ပြီး လန့်မသွားနဲ့ဦးဗျ။ ဟ Game of Thrones ကိုတောင်မီခါနီ: ပါလားတို့ဘာတို့ပေါ့။ တမီးလ် IMDb rating ဆိုတော့ ဒီလောက်တော့ နည်းနည်း ပါးပါးရှိတာပေါ့ဗျာ၊ နိုင်ငံတကာဘာညာကွိကွတွေရဲ့ မျက်စိထဲသာ ဒါဟာမသင့် တော်တဲ့ Rating ကြီးဘာညာလာမှာဗျ။ တောင်ပိုင်းကားကြိုက်နှစ်သက်သူတွေ အတွက်‌ဆိုရင်တော့ သေချာပေါက်ကို ကြည့်သင့်တဲ့ကားလေးပါ။ Action/ Romance အမျိုးအစားဆိုတော့ အက်ရှင်ခန်းကောင်းကောင်းလေးနဲ့ မေတ္တာဇာတ်လမ်းလေးခံစားချင်ရင် ကြည့်ရမယ့်ကားမျိုး။ဇာတ်လမ်းကတော့ တောင်ပိုင်းကားတို့ရဲ့ထုံစံအတိုင်း အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ လူပျိုကြီးဖြစ်တဲ့ Srikanth Meka ရဲ့ အိမ်ကပေးစားတဲ့ကောင်မလေးတွေကို ပတ်ပြေးရင်း၊ ပတ်ရှုပ်ရင်း ဇာတ်ရှုပ်ထဲကိုဝင်မယ့်ကားဗျ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် တစ်ကိုယ်ကြီးလူပျိုသိုးကြီး Srikanth Meka ဟာ လတ်မှတ်ရောင်းဝယ်ရေးကုမ္ပဏီကြီးမှာ မန်နေဂျာ အလုပ်လုပ်ရင်း အိမ်ထောင်မှုကိစ္စဆိုတာ အိမ်မှာထောင်ကျတာပဲဆိုပြီး ပတ်ပြေးနေတဲ့သူပေါ့။ ပတ်ပြေးနေသာပြေးတာ ကောင်မလေးချောချောလေး မြင်တာနဲ့ အီစီကလီဘာညာကွိကွပိုင်းလုပ်ဖို့ကိုတော့လည်း လက်မနှေးတဲ့ လူပျိုကြီးပါပဲ။ တစ်ချို့ကိစ္စတွေမှာ သူများကိုကူညီရင်း လူမိုက်တွေကြားထဲကို ဓါးခုတ်ရာ ဘယ်လိုလက်၀င်လျှိုမှာလဲ။ အချစ်ကိုတန်ဖိုးမထား အီစကလီတွေ များတဲ့လူပျိုကြီး တကယ်အချစ်နဲ့တွေ့တဲ့အချိန် ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ...
movie

Kothala Rayudu (2022)

2022
Radhe Shyam (2022) 6.9
Radhe Shyam (2022) အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင်Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်...Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်ကတီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်းအရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်းမတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစားfacts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကိုယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။"အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု"....လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော.....လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana...."ဗေဒင်လက္ခဏာလောကရဲ့ ...
movie

Radhe Shyam (2022)

2022
4K HEVC Web-DL
Bheemla Nayak (2022) 7.8
Bheemla Nayak (2022) Bheemla Nayak (2022)ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမားနှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာသတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာသူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမားBheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး"Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။  File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe ...
movie

Bheemla Nayak (2022)

2022
Khiladi (2022) 7.6
Khiladi (2022) လောကမှာ ငွေသာလျှင် ဘုရားသခင် ငွေသာလျှင်သူ့ရဲ့ အောက်စီဂျင် ဆိုတဲ့ မိုဟန် ဂန်ဒီမိန်းမဖြစ်သူ ချီထရာ နဲ့ ယောက္ခမတွေ အသတ်ခံလိုက်ရတာကြောင့် အဖမ်းခံထားရတဲ့ မိုဟန်ဂန်ဒီတစ်ယောက်ပြစ်မှုလေ့လာရေး ကျောင်းသူလေး ပူဂျာနဲ့ တွေ့ဆုံလိုက်တဲ့အခါဂန်ဒီ့ရဲ့ ဇာတ်လမ်းလေးက ပူဂျာနှလုံးသားကို အရည်ပျော်သွားစေပြီး သူ့အဖေ အရာရှိကြီးရဲ့ အကူအညီကိုယူဂန်ဒီ့ကို ထောင်ထဲကနေ တရားမဝင်နည်းလမ်း သုံးပြီး အာမခံထုတ်ပေးလိုက်ပါတော့တယ်ဂန်ဒီ ထောင်ကနေလွတ်သွားပြီးမှ CBI အရာရှိ အာဂျွန် ရဲ့ ပြောပြချက်အရမိုဟန် ဂန်ဒီက အိန္ဒိယရဲတွေ အလိုရှိဆုံး ရာဇဝင်လူဆိုးဖြစ်နေတာကို ပူဂျာတစ်ယောက် သဘောပေါက်သွားခဲ့တယ်လူဆိုးဖြစ်ရုံတင်မကဘူး ဉာဏ်အရမ်းကောင်းတဲ့ ဂန်ဒီတစ်ယောက် ဘယ်သူ့ဇာတ်လမ်းကို အသုံးချပြီးပြောသွားတာလဲ အဲဒီဇာတ်လမ်း နောက်ကွယ်က အဖြေက ဘာဖြစ်မလဲ ဆိုတာကိုသူအရမ်းချစ်တဲ့ ငွေတွေကို ဂန်ဒီနဲ့ သူ့ရဲ့ ဘော်ဒါအဖွဲ့ ဘယ်လိုရအောင်ယူမလဲဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်   File size…1.3GB / 2.8GB Quality…720p WEB DL / ...
movie

Khiladi (2022)

2022
Maqbool(2003) 8.1
Maqbool(2003) Maqbool(2003) အညွှန်း*******************IMDb...8.1ရည်မှန်းချက်ကြီးတာ ကောင်းသလားလို့မေးရင် ကောင်းတာပေါ့လို့ပဲ အတော်များများက ဆိုကြမယ်ထင်ပါရဲ့ ဒါပေမဲ့ အဲဒီရည်မှန်းချက်ဆိုတာကြီးကို အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရားက ချွန်းလို မအုပ်နိုင်ရင်တော့ ကိုယ်တင်မကဘူး ကိုယ့်ဘေးက လူတွေကိုပါ ပျက်စီးစေတတ်တယ်ဆိုတာကို ဒီဇာတ်ကားရယ် Shakespeare ရေးခဲ့တဲ့ Macbeth ပြဇာတ်ရယ်က သက်သေခံနေပါတယ်....နာမည်က မီယန်မက်ဘူး သိပ်တော်ပြီး ပါးနပ်လို့ ပါပါကြီးဆိုတဲ့ မွမ်ဘိုင်းက မာဖီယားခေါင်းဆောင်ကြီး အားအကိုးရဆုံး ညာလက်ရုံးတစ်ယောက်ပေါ့ ပါပါကြီးနားမှာ သူနေလာခဲ့တာ ၂၅ နှစ်ရှိပြီ ပါပါကြီးရဲ့အသက်ကို ကယ်ခဲ့ပေါင်းလည်းမနည်းဘူး ပါပါကြီးကလည်း သူမှသူ ဆိုပါတော့လေဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် အဲဒါကတော့ ပါပါကြီးရဲ့အမြှောင်မယား နင်မီနဲ့ တိတ်တိတ်ပုန်းချစ်ကြိုက်နေတာပါပဲ မဖြစ်သင့်တဲ့အချစ်တစ်ခုရယ် ဘေးနားက မြှောက်ထိုးပင့်ကော်လုပ်တတ်သူတွေရယ်ကြောင့် စိတ်အလိုလိုက်ပြီး ထင်ရာစိုင်းမိတဲ့ မက်ဘူးတစ်ယောက် တွေ့ကြုံရတဲ့ကံကြမ္မာတွေကတော့-Awards မျိုးစုံရရှိထားပြီး နာမည်ကျော်မင်းသားကြီး Irrfar Khan က မက်ဘူးအဖြစ် သရုပ်ဆောင်ထားပါတယ် File Size : (2.02GB)  ,(957 MB) , (164MB) Quality :Blu-Ray1080P5.1Ch,720p Format…mp4 Duration…02:12:00 Genre :Crime,Drama & Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May ...
movie

Maqbool(2003)

Shyam Singha Roy (2021) 8.3
Shyam Singha Roy (2021) Shyam Singha Roy (2021)ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက်IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကား‌ကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲမူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီးအစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ်‌ နောက်ကွယ်အမှန်တရားကအတိတ်ဘဝနဲ့‌ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ.....  File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH /  720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko 
movie

Shyam Singha Roy (2021)

2021
Varudu Kaavalenu (2021) 7.1
Varudu Kaavalenu (2021) Varudu Kaavalenu 2021 Romance/ Comedy IMDb 7.1/10ဇီဇာကြောင်ပြီး ချေးများတဲ့ အပျိုကြီးတွေကို ကြုံဖူးပါသလား။ ဇီ‌ဇာကြောင် ချေးများရုံဘယ်ကဦးမလဲ ပစိပစပ်ကများသေးတာမျိုးဗျာ။ သိတယ်မလား ဘယ်ယောက်ျားမှ နွားမထင် မှားလို့ လူမထင်တဲ့အမျိုးတွေပေါ့‌ဗျာ။ ဟိုအပင်ပေါ်က သစ်သီးတွေ အချိန်လွန်ရင် ပုပ်လိမ့်မယ်ဆိုတဲ့သီချင်းအတိုင်း အရွယ်လွန် အပျိုဟိုင်းကြီးဘဝနဲ့ အဆုံးသတ်တော့မယ့် မမကြီးတွေပေါ့ဗျာ။ဒါပေမယ့် ဒီဇာတ်ကားထဲက မင်းသမီးကတော့ ရှိသင့်တဲ့အလှအပ ရင့်ကျက်မှုတွေအကုန် အပြည့်အစုံဆုံးအရွယ်မှာ အတောက်ပဆုံးလင်းလက်နေတဲ့ ကြယ်လေးတစ်စင်းလို လှပလွန်းသူလေးပါ..ဒီအပျိုကြီးကြယ်လေးကို မြင်မြင်ချင်းကြွေသွားရသူကတော့ ပဲရစ်ကလာတဲ့ဒီဇိုင်းဗိသုကာပညာရှင်ကောင်လေးပေါ့....ဒီတော့ ဒီဇိုင်းဗိသုကာပညာရှင်ကောင်‌ဆိုးလေးတစ်ယောက် အပျိုကြီးမမအချောအလှရဲ့ အချစ်ကို ရနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်သူတွေဝင်လာကြမယ်၊ ဘယ်လိုအရှုပ်‌ထုပ်တွေ ဝင်မွှေမယ်၊ ဘယ်လိုဟာသအလွဲတွေနဲ့ ပြုံးနေရမယ်ဆိုတာကိုတော့....။အချစ်ရိုမန့်ဇာတ်ကားကောင်းကောင်းကိုမှ မျှော်လင့်နေရင်တော့ ဒီဇာတ်ကားက အသင့်တော်ဆုံးပါပဲ။ ဇာတ်ကားလေးကဗျာ ဘယ်လိုပြောရမလဲ...ပြုံးပြုံးပြီး သဘောခွေ့ပြီးတော့ကို ကြည့်ရတဲ့ အချစ်ရိုမန့်ဇာတ်ကားလေး။ File size…(1.9 GB) /(1 GB) Quality….WEBDL 1080p /720p Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

Varudu Kaavalenu (2021)

Most Eligible Bachelor (2021) 7.1
Most Eligible Bachelor (2021) IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ​ပေါ့ အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့ အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး CM ပရိသတ်ကြီးတို့​​ကော "အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ" ​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး... မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်... ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie

Most Eligible Bachelor (2021)

HEVC 1080p
Check(2021) 7.0
Check(2021) Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့်  လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး  သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet  ...
movie

Check(2021)

Sreekaram(2021) 7.0
Sreekaram(2021) Sreekaram (2021)ရည်မှန်းချက်ရှိမှ တိုးတက်မယ်တဲ့ ငယ်ငယ်တုန်းက လူကြီးတွေပြောဖူးနေကျစကားပေါ့ ဘာမှနားမလည်သေးတဲ့ ငယ်ငယ်တုန်းက ကျွန်တော်​တို့တွေဟာ ဆရာဝန်ကြီးဖြစ်ချင်တယ် အင်ဂျင်နီယာကြီးဖြစ်ချင်တယ်နဲ့ ပြောခဲ့ကြဖူးတယ် ကစားခဲ့ကြဖူးတယ် ကြီးလာတော့ တက္ကသိုလ်တွေကိုယ်စီရောက်တဲ့အခါ ရင့်ကျက်သွားတဲ့အတွေးအခေါ်တွေနဲ့ ​ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့စိတ်ကူးကိုယ်စီကို ကျောပိုးအိတ်ထဲအပြည့်ထည့်ပြီး ဘဝပင်လယ်မှာ အားကျိုးမာန်တက်ရွက်လွှင်ခဲ့ကြတယ် အဲ့ဒီကျောပိုးအိတ်ထဲ အပြည့်ထည့်ထားတဲ့အိပ်မက်တွေက တကယ်ရောဖြစ်လာခဲ့ရဲ့လားဒီနေ့ခေတ်ရဲ့ အရေးကြီးဆုံးပြဿနာကို လက်ညှိုးထိုးပြရရင် အလုပ်အကိုင်ရှားပါးမှုလို့ကျွန်တော်ထင်တယ် ကျွန်တော်တို့ တတ်မြောက်ထားတဲ့ပညာ ပ်တွေနဲ့သက်ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေက တကယ်ရောရှိနေရဲ့လား ရှိရင်ရော တက္ကသိုလ်တွေမှာ နှစ်စဉ်ကျောင်းဆင်းနေတဲ့ လူအင်အားနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေက အချိုးကျနေရဲ့လား ကျောင်းမပြီးခင်တုန်းကတော့ အားကျိုးမာန်တက်ကြိုးစားလိုက်ကြရတာ အလုပ်ရသွားရင်တော့ အကြောင်းမဟုတ်ပေမယ့် အလုပ်မရခဲ့ရင်ရော?????ကိစ္စတိုင်းမှာ ရွေးချယ်စရာတွေရှိတယ်တဲ့ ကျွန်တော်တို့နားက အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ရွေးချယ်စရာအခွင့်အရေးကြီးတစ်ရပ်ကို ကျွန်တော်တို့တကယ် လျစ်လျူရှုထားကြပါတယ် ဒီအလုပ်ဟာ ပညာမတတ်တဲ့သူတွေမှလုပ်တာဆိုပြီး အသက်မွေးဝမ်းကြောင်းအတွက် ရွေးချယ်မယ်ဆိုရင် ဒီအလုပ်ကိုတွေးတောင်မတွေးမိကြဘူး ဆရာဝန်အဖေဟာ သားကိုဆရာဝန်ဖြစ်အောင်လုပ်တယ် အင်ဂျင်နီယာအဖေဟာ သားကိုအင်ဂျင်နီယာဖြစ်အောင်လုပ်တယ် ဒါပေမယ့် ဒီအလုပ်လုပ်တဲ့အဖေကတော့ သားကို ဒီအလုပ်ဘယ်တော့မှအမွေမပေးကြပါဘူး ကျွန်တော်တို့အနီးအနားမှာရှိနေတဲ့ မြင့်မြတ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုက ဘာဖြစ်မလဲ????ဒီရုပ်ရှင်ထဲမှာတော့ ဒီအကြောင်းအရာကို ကွက်ကွက်ကွင်းကွင်းကို မီးမောင်းထိုးပြထားတယ် မှုခင်းကားတွေများတဲ့ အိန္ဒိယရုပ်ရှင်ထဲမှာမှ ရှားရှားပါးပါး ကားကောင်းလေးလို့ပြောလို့ရတယ်ဗျ လစာအများကြီးရတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ရဲ့ စွန့်လွှတ်မှုများစွာနဲ့ ရပ်ရွာအကျိုးအတွက် ဆောင်ရွက်ခဲ့တဲ့အလုပ်အကြောင်းကို ရိုက်ပြထားတာ ကျောင်းသားတွေအတွက်ဖြစ်ဖြစ် လူကြီးတွေအတွက်ဖြစ်ဖြစ် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲTranslated by : AmeliaEncoded by : YKFile Size : 2.09 Gb ...
movie

Sreekaram(2021)

2021
Tees Maar Khan (2010)
Tees Maar Khan (2010) Rating သိပ်မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့အပြောင်ကားလေးပါ။ မင်းသားကြီး အက်ရှေးကူးမားနဲ့ မင်းသမီး ကတ်ထရီးနာကဖ်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယရုပ်ရှင်လောကကို ခပ်ပါးပါးလေး ကလိထားတဲ့ဇာတ်ကားပါ။ ဇာတ်လမ်းကစလာကတည်းက ယဉ်သကိုဆိုတဲ့အတိုင်းပဲ သူခိုးနက္ခတ်နဲ့မွေးလာတဲ့ တိစ်မာခန်းဆိုတဲ့ ဆရာသမားလေးဟာ အမိဝမ်းထဲကထွက်ထွက်ချင်းမှာတင် ဆရာဝန်နဲ့သူနာပြုရဲ့ နာရီနဲ့ ဆွဲကြိုးကို ခိုးသတဲ့ဗျာ။ ကြီးလာတော့ နိုင်ငံတကာဒုစရိုက်သမား တိစ်မာခန်းဆိုတဲ့ အလိုရှိစာရင်းဝင်ကိုဖြစ်ရောပဲ။ ထိုအချိန်အိန္ဒိယက ရှေးဟောင်းပစ္စည်းမှောင်ခိုသမားအဖွဲ့က နိုင်ငံတော်ရတနာတွေကို မှောင်ခိုထုတ်ဖို့ ကြိုးစားရင်း ရတနာတွေက ရဲလက်ထဲရောက်သွားပါတယ်။ ရဲတွေက ထိုရတနာတွေကို ဒေလီကို လုံခြုံရေးအပြည့်ချထားတဲ့ရထားနဲ့ ပို့ဖို့လုပ်ပါတယ်။ ရထားဟာ လမ်းမှာလုံးဝမရပ်ပဲ သွားမယ့်ရထားပါ။ ထိုရထားပေါ်က ရတနာတွေကို ခိုးယူဖို့ နာမည်ကြီး တိစ်မာခန်းကို အကူအညီတောင်းပါတော့တယ်။ တိစ်မာခန်းကနေ ရဲတွေအပြည့်ပါတဲ့ သွားနေတဲ့ရထားပေါ်ကနေ ရတနာတွေကို ဘယ်လိုခိုးမလဲဆိုတာ ဒီဇာတ်ကားမှာကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တစ်ချက်ထိုး ဆယ်ပေလောက် လွင့်ထွက်သွားတဲ့အိုဗာတွေမပါပေမဲ့ စကားလုံးတွေကတော့ ဆူနာမီထက်ကိုကြမ်းပါတယ်။ တော်ကီတစ်ပေါက်ရှမ်းရှမ်းတောက်ပါပဲ။ '' ပြည့်တန်ဆာမကို သိက္ခာဆည်တာနဲ့ တိစ်မာခန်းကို ထောင်ချဖို့ဆိုတာ နှစ်ခုစလုံးအချည်းနှီးပဲ '' အဲဒီလိုမျိုးတွေ။ ဒါနဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး ဆယ်လ်မန်ခန်းက ဧည့်သရုပ်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်မှာ ဝင်သရုပ်ဆောင်ပေးထားသေးတယ်။ ကြည့်ကြည့်ပါ အပျင်းပြေပျော်ရွှင်ရမှာပါ။  File size…(2.2 GB) Quality….WEB-DL 720p 5.1CH Format…mkv Duration….02:15:00 Subtitle….Myanmar ...
movie

Tees Maar Khan (2010)

Ala Vaikunthapurramuloo(2020) 7.2
Ala Vaikunthapurramuloo(2020) Ala Vaikunthapurramuloo(2020)ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီး သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာမိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်းသီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်....File Size : (1.25 GB) and ...
movie

Ala Vaikunthapurramuloo(2020)