Channel Myanmar

Muralidhar Goud

(Tillu)² Tillu Square (2024) 7.2
(Tillu)² Tillu Square (2024) Tillu Square (2024) အချစ်ထောင်ချောက်IMDb (7.3/10)ဒီနေ့မှာတော့ CMပရိသတ်ကြီးအတွက် အချစ် ဟာသ မှုခင်းဇာတ်လေးတင်ဆက်ပေးလိုက်ပါတယ် DJ Tillu (2022)ရဲ့အဆက်sequelကားလေးပါ.အရင်ကားမှာငွေတွေနဲ့လွတ်မြောက်လာတဲ့နောက်မှာ တီလူက မင်္ဂလာပွဲတွေစီစဥ်DJလိုက်တီးပေးတဲ့အလုပ်လုပ်ရင်း ဘဝကိုဖြတ်သန်းနေခဲ့တာပေါ့ ဒီလိုနဲ့ တစ်နေ့မှာလီလီဆိုသူနဲ့တွေ့ဆုံပြီး တစ်ညတာမှားသွားခဲ့တဲ့တီလူဟာ မနက်ရောက်တော့ လီလီမရှိတော့လို့ စိတ်ပျက်သွားခဲ့ရတယ်ဒီလိုနဲ့သူတို့ဇာတ်လမ်းတစ်ခန်းရပ်ပြီထင်ခဲ့ပေမဲ့ ရောဂါဖြစ်နေတဲ့အဖေနဲ့အတူ လီလီကိုဆေးရုံမှာပြန်တွေ့ခဲ့ချိန်မှာတော့ လီလီက သူ့မှာတီလူ့ကိုယ်ဝန်ရှိနေတယ်လို့ပြောလာခဲ့တယ် ဒီလိုနဲ့ တီလူကလီလီနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်.တစ်နေ့..တီလူ့မွေးနေ့မှာ လီလီကတိုက်ခန်းတစ်ခုကိုခေါ်သွားတော့ အဲဒီတိုက်ခန်းက တစ်ချိန်တုန်းကပတ်သက်ဖူးတဲ့ ရာဒီကာသူ့ကိုခေါ်လာဖူးတဲ့တိုက်ခန်းလို့မှတ်မိလာတဲ့အပြင် လီလီကသူဟာ ရာဒီကာသတ်လိုက်တဲ့ရိုဟစ်ရဲ့ညီမလို့ ပြောလာတဲ့အခါ....တီလူတစ်ယောက်ဘယ်လိုအရှုပ်အထွေးတွေကြားထဲ ထပ်ရောက်သွားမလဲ ကြည့်ရှုပေးကြပါဦး ( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်) File size…2.43GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollyood Team 
movie

(Tillu)² Tillu Square (2024)

2024
Upendra Gadi Adda (2023) 7.8
Upendra Gadi Adda (2023) Upendra Gadi Adda (2023) "အောင်မြင်မှု"IMDb 7.8 ရထားတဲ့ တေလဂူး ဟာသ/ရိုမန့်/ဖိုက်တင်ဇာတ်ကြမ်း ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဟာဒယရွှင်ဆေး တိုက်ကျွေးမယ့်အပြင် အချစ်ဇာတ်လမ်းလေးကလည်း အဆစ်ပါသေးသပေါ့အူပန်ဒရာက ညဆို ဘော်ဒါတွေနဲ့ သဝေထိုး မနက်ဆိုနေဖင်ထိုးမှ ထတတ်တဲ့ အလုပ်မရှိ၊ အဖေအမေ မကြိုက်တဲ့ သားလေးတစ်ယောက်ပေါ့သူတို့ဆင်းရဲသားရပ်ကွက်မှာတော့ ဘော်ဒါတွေက ဝိုင်းမြှောက်ပင့်ကြလို့ ဟီးရိုးလိုဖြစ်နေတယ် ညီမဖြစ်သူကလည်း ဆိုရှယ်မီဒီယာ ဖော်လိုဝါတွေကြားမှာပဲ ဘဝကို နှစ်ထားပြီး အူပန်ဒရာတို့ တစ်သိုက်ကတော့ ပိုက်ဆံချေး၊ သူဌေးလိုဟန်ဆောင်ကာ သူဌေးသမီးတစ်ယောက်ကို ဝိုက်ဖို့ လုပ်တယ် ပိုက်ဆံ၊ ဂုဏ်အရှိန်အဝါကို ဖြတ်လမ်းနည်းကနေ လိုက်ရင်း ဘယ်လိုအရှုပ်အရှင်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့...အိန္ဒိယကားတွေထုံးစံအတိုင်း ရယ်လည်းရယ်ရ၊ ပညာပေးလည်း ခပ်ပါးပါးပုတ်ပြီး တင်ဆက်ထားကြောင်းပါခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Upendra Gadi Adda (2023)

2023
Keedaa Cola (2023) 8.3
Keedaa Cola (2023) Keedaa Cola (2023) "ကီဒါ ကိုလာ"အသစ်ထွက်ရှိထားတဲ့ အမှန်အကန်ရယ်ရမယ့် တေလဂူး crime/comedy ကားလေးဖြစ်ပါတယ်IMDb 8.3 နဲ့ Rotten Tomatoes 79% ရထားပြီး အိန္ဒိယရုပ်ရှင်ဝေဖန်ရေးဆရာ Paul Nicodemus ရဲ့ စကားနဲ့ပြောရရင် "ကြောင်တောင်တောင်နိုင်တဲ့ ဟာသရုပ်ရှင်ထဲကို ဒဿန ပါးပါးလေး သွတ်ထည့်ထားခြင်း" လို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အဓိကဇာတ်ကောင် ဗီစသူ တစ်ယောက် ငယ်ငယ်တုန်းက ကားအက်ဆီးဒင့်တစ်ခုမှာ မိဘတွေ သေသွားခဲ့လို့ စကားထစ်သွားခဲ့ပြီး ဝှီးချဲလ်မှာ အဆင်သင့်သေးပေါက်လို့ ရတဲ့ အဘိုးဖြစ်သူနဲ့ပဲ နေထိုင်ခဲ့ပါတယ်ပင်ပင်ပန်းပန်းပိုက်ဆံမရှာပဲ အေးအေးချမ်းချမ်း ဘဝကို တောင့်တနေတဲ့ ဗီစသူ တစ်ယောက် ပိုက်ဆံလွယ်လွယ်ရဖို့ တရုတ်ကလာတဲ့ သရုပ်ပြလူနာ(patient simulator) အရုပ်မ တွေကို ဝယ်ပြီး ဆေးရုံတွေမှာ လိုက်ရောင်းဖို့ ကြိုးစားပေမယ့်လည်း အလုပ်မဖြစ်ပါဘူး မဖြစ်တဲ့အပြင် အဲဒီအရုပ်ကြောင့်ပဲ သူ့ရဲ့ ၃၅ ကြိမ်မြောက် မိန်းမတောင်းရမ်းပွဲမှာလည်း ...
movie

Keedaa Cola (2023)

2023
Mangalavaaram (2023) 6.8
Mangalavaaram (2023) Mangalavaram (2023) အင်္ဂါနေ့ရဲ့အိပ်မက်ဆိုးများ IMDb - 6.8/10ယခုတစ်ခါမှာတော့ Horror, Thriller အက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ တစ်ခါက ရာဗီနဲ့ စိုင်လူဆိုတဲ့ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ရာဗီရဲ့ အဖေကအမြဲရိုက်နှက်ပြီး နှိပ်စက်နေသလို စိုင်လူရဲ့အဖေဟာလည်း ‌နောက်မိန်းမယူထားပြီး စိုင်လူရဲ့ အမွေတွေကိုပဲ မျက်စောင်းထိုးနေတဲ့သူဖြစ်ပါတယ်။ အဖေဆိုးတွေနဲ့ ကြီးပြင်းခဲ့ကြရတဲ့ ဒီသူငယ်ချင်းလေးနှစ်ယောက်ကအရမ်းကိုချစ်ကြပြီးတော့ ရာဗီလေးဟာ စိုင်လူအတွက်ဆိုရင် ကာချယ်ရဖို့ ညဘက်ကြီး ဘုရားကျောင်းထဲက ကျပ်ခိုးသွားယူပြီး ကိုယ်တိုင်လုပ်ပေးခဲ့သူပါ။ဒီလိုနဲ့ သူတို့တွေ ကြီးပြင်းလာကြပြီး တစ်ရက် သူတို့ရွာမှာ ထူးဆန်းတဲ့ကိစ္စတစ်ခု ကြုံတွေ့လာရပါတော့တယ်။ ရွာရဲ့ အိမ်နံရံပေါ်မှာ အင်္ဂါနေ့တိုင်းရွာမှာ ဖောက်ပြန်နေတဲ့သူတွေရဲ့ နာမည်တွေကို ချရေးထားပြီး အဲဒီနံရံမှာရေးထားတဲ့ နာမည်စာရင်းထဲကသူတွေအကုန်လုံးဟာလည်း သေဆုံးကုန်ပါတယ်။သူတို့ရဲ့ရွာမှာက ဓလေ့တစ်ခုရှိနေပါတယ်။ အဲဒီဓလေ့ကတော့ မဟာလက်ရှ်မီးကို ကိုးကွယ်တဲ့ရွာ ဖြစ်တဲ့အလျောက် မဟာလက်ရှ်မီးဟာ အင်္ဂါနေ့ကို သဘောအကျဆုံးဖြစ်တဲ့အတွက် အင်္ဂါနေ့တိုင်းမှာ ရွာရဲ့ ရေကန်ထဲကို သက်ဆင်းတယ်ဆိုတဲ့အယူနဲ့ အင်္ဂါနေ့တိုင်းမှာ ရွာက တခြားနေ့တွေထက်ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိပါတယ်။ဒီလို လူအစည်ဆုံးဖြစ်တဲ့ အင်္ဂါနေ့မှာမှ ဘာလို့ နံရံမှာ ...
movie

Mangalavaaram (2023)

2023
MAD (2023) 7.8
MAD (2023) MAD 2023 IMDb - 7.9/10ဟိုးအရင်တုန်းကကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အင်ဂျင်နီယာကောလိပ်ကျောင်းကြီးမှာနေရာပြုထားပြီး ကျောင်းတော်ကြီးရဲ့ထုံးစံအတိုင်း ကျောင်းသားတိုင်းချစ်ကြတဲ့ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ကြီးရှိမယ်။ကျောင်းသားတွေထဲမှာဆိုရင် နယ်မြို့ငယ်လေးကနေကျောင်းလာတက်တဲ့ မျက်စိသူငယ်နားသူငယ်တစ်‌ယောက်ရယ်၊ ဟိုက်ပါတစ်ယောက်ရယ်၊ အားကိုးရတဲ့ဗလနဲ့ဘဲကြီးရယ်၊ ဆော်ကြောင်တဲ့ကောင်ရယ်၊ ဗရုတ်ဒုက္ခလျှောက်လုပ်တဲ့ကောင်ရယ် ရှိပါတယ်။ဒီဇာတ်လမ်းမှာ‌တော့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်အလွမ်း‌၊ ရိုမန့်တွေဆိုတာထက် အထူးသဖြင့်ယောက်ျားလေးဆောင်က ဆရာသမားတွေရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ ကျောင်းသားဘဝမှာ ကြုံရတတ်တဲ့ ပဋိပက္ခတွေကို ဟာသနှောပြီးရယ်တလှည့် ငိုတလှည့်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.3GB / 1.5GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

MAD (2023)

2023
Slum Dog Husband (2023) 8.2
Slum Dog Husband (2023) Slum Dog Husband (2023) IMDb-8.2/10အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်"777 Charlie "ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး "ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ်နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ ...
movie

Slum Dog Husband (2023)

2023
Unstoppable(2023) 7.8
Unstoppable(2023) Unstoppable (2023) IMDb 7.8ဘဝကို အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ကြီး ဖြတ်သန်းနေကြတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း၃ယောက်ရှိပါတယ် အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် တိုင်ပင်စရာမလို တက်တက်ကြွကြွနဲ့ အောင်မြင်အောင်လုပ်တတ်ကြတဲ့ လူငယ် ၃ယောက်ပေါ့တစ်နေ့...သူတို့သုံးယောက် ငွေရှာဖို့ ဖြတ်လမ်းနည်းသုံးခဲ့မိတယ် အဲဒါကတော့ သူတို့၃ယောက်ထဲက ကောင်လေးတစ်ယောက်ကို မိသားစုတစ်စုက လာတင်တောင်းပါတယ် တင်တောင်းငွေက သိန်း၂၀နဲ့ ရွှေတွေဆိုတော့ ဒီ၃ယောက်က သိန်း၂၀နဲ့ IPL လောင်းကြမယ်ပေါ့ နိုင်ရင် ၁၀ဆို ၂၀ဖြစ် ၂၀ဆို ၄၀ဖြစ်ဆိုပြီး သူဌေးဖြစ် ခွေးဖြစ် လောင်းဖို့ကြံရာကနေ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ နာမည်ကိုက Unstoppable ဆိုတော့ကာ သူတို့ဘယ်လောက်အထိ မရပ်တန့်နိုင်ဖြစ်ကြမလဲဆိုတာ Plot Twist တွေနဲ့ ဆက်လက်ရှုစားလိုက်ကြပါရှင်အချိန်တွေပိုနေမယ်ဆိုရင်တော့ ကြည့်ပျော်လောက်တဲ့ ဇာတ်လမ်းတစ်ခုပါပဲ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Zwe Yan~V~Cherry~BpL~Moon တို့ပဲ ဖြစ်ပါတယ်) File size…2.5GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~Zwe ...
movie

Unstoppable(2023)

2023
Das Ka Dhamki (2023) 6.5
Das Ka Dhamki (2023) Das Ka Dhamki (2023)IMDb-6.9/10Hit The First Case မူရင်းတေလဂူးကားရဲ့ ဇာတ်ဆောင်မင်းသားကြီး Vishwak Sen ကိုယ်တိုင်ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါဇာတ်လမ်းအညွှန်း ကုဋေ ၁၀၀၀၀ ၀န်ထမ်းပေါင်း ထောင်ချီနဲ့ လည်ပတ်နေတဲ့ ကုမ္မကြီးတစ်ခုရဲ့ ရည်ရွယ်ချက်အိပ်မက်က ကင်ဆာကင်းစေတဲ့ ကမ္ဘာကြီးတဲ့အဓိကဇာတ်ဆောင်ခရစ်ရှနာဒါ့စ်ဆိုတဲ့ကောင်လေးက မိခင်ကငယ်ငယ်တည်းက ကင်ဆာနဲ့ဆုံးသွားလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သူ ရိုးသားကြိုးစားပြီးဘဝကိုရှင်သန်နေပေမဲ့ ဆင်းရဲတဲ့ဘ၀ကြီးကို နှိမ်ချပြောတတ်ကြတဲ့ပတ်၀န်းကျင်ရဲ့ဒဏ်တွေကြောင့် ချမ်းသာကြွယ်၀လာချင်နေတဲ့သူ တစ်ရက်သူအလုပ်လုပ်တဲ့‌ဟိုတယ်မှာပဲ ကာစတန်မာတစ်ယောက်ရဲ့ မှိုချိုးမျှစ်ချိုးစကားကြောင့် ဘယ်လောက်ကုန်ကုန် အဲဒီဟိုတယ်မှာတစ်ညတာပျော်ပါးဂုဏ်‌ပကာသနတွေ၀ယ်လိုက်မယ်ဆိုပြီး လစာတွေပုံအောသုံးပါရော အဲဒီညမှာပဲ ကီရ်သီးဆိုတဲ့မိန်းမချောလေးနဲ့တွေ့ပြီး သူကြွယ်သူဌေးပါလို့လိမ်ပြီး အနားကပ်တော့တာပေါ့ဒီဟိုတယ်ကစားပွဲထိုးက ဒီဟိုတယ်ကအထူးဧည့်သည်ဆိုတဲ့လိမ်ဆင်ကြီးက ပေါ်သွားဖို့လွယ်ကူလွန်းမနေဘူးလား ဒီ‌‌ ရွှင်နောက်နောက်ဇာတ်ဆောင်မင်းသားနဲ့ ကင်ဆာကင်းစင်ရေး ပရောဂျက်ကဘယ်လိုတွေပတ်သက်လာမှာလဲ နှစ်ကိုယ်ခွဲဆိုတော့ နောက်တစ်ကိုယ်ကရောဘယ်လိုလူစားဖြစ်နေမလဲဆိုတာ ရှူစားကြည့်ပါဦး File size…2.4GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~BpL~Nyein~HM~Cherry
movie

Das Ka Dhamki (2023)

2023
Balagam (2023) 8.2
Balagam (2023) Balagam 2023 (IMDb 8.1)အခုတင်ဆက်ပေးမဲ့ တောင်ပိုင်းတလဂူး ဒရမ်မာလေးက rating ကောင်းမွန်သလို သာမန်ချစ်ကြိုက်ကွဲငြားဇာတ်လမ်းတွေကို ကျော်လွန်ပြီး လူ့သဘာဝအဖွဲ့ မိသားစုဒရမ်မာဇာတ်ကောင်းလေးဖြစ်ပါတယ်ကျွန်တော်တို့ ဆယ်ကျော်သက်ဘဝတွေတုန်းက အသည်းစွဲ ဆရာမင်းလူရဲ့ ရယ်မောခြင်းအပိုင်းအစထဲက ဋရပ်ကွက်သားတွေလို ဒီဇာတ်ကားထဲကရွာသားတွေကို ကြည့်ရတာ သဘာဝလဲကျ ပြုံးလဲပြုံးမိရသလို ဂရုဏာလဲသက်လာမိရမှာပါဇာတ်လမ်းအစမှာ ဇာတ်ဆောင်မင်းသားက မြို့နဲ့ရပ်ဝေးရွာလေးမှာ ပီဇာဆိုင်ဖွင့်လိုက် အင်တာနက်ဆိုင်ထောင်လိုက် ဘီလိယကခုံထောင်လိုက်နဲ့ ဉာဏ်ကောင်းစွာစီးပွားရေးလုပ်ရင်း အကြွေးတင်သွားပါတယ်အဆိုပါအကြွေးကို ထပ်ဉာဏ်ကောင်းပြီး မိန်းမယူရင်း မိန်းမတင်တောင်းတဲ့ပိုက်ဆံနဲ့ ဆပ်ဖို့ကြံမှ မိန်းမယူခံနီး အဘိုးက ကောက်ခါငင်ခါသေဆုံးသွားပါတယအဲ့ကစ ဘုကျဘောက်ကျနဲ့ သဘာဝကျကျဇာတ်လမ်းဇာတ်ကွက်များကို ဘာတွေဆက်ဖြစ်မလဲဆိုတာ အဆုံးထိခံစားကြည့်ရှုဖို့ ပရိသတ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.58GB  / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sai ~ Cherry ~ Nyein 
movie

Balagam (2023)

2023