Channel Myanmar

Muriel Moore

My Cousin Vinny (1992)
My Cousin Vinny (1992) နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။  File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

My Cousin Vinny (1992)

Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

The Truman Show (1998) 8.1
The Truman Show (1998) ဒီကားလေးကတော့ IMDB 8.1 ထိရထားတဲ့ ဟာသမင်းသားကြီး Jim Carreyရဲ့ ဇာတ်ကားကောင်းလေးပါစာရေးဆရာမ ဂျုးကလည်း ဘဝဇာတ်ဆရာဟူသော ခေါင်းစဉ်ဖြင့် ဒီဇာတ်ကားအကြောင်း ရေးခဲ့ဖူးပါတယ် ဇာတ်လမ်းအညွှန်းပြောရမယ်ဆိုရင် Truman ဆိုတာက နာမည်ကြီး TV show ပါ ထူးခြားချက်ကတော့ မင်းသား Truman က သူဟာသရုပ်ဆောင်နေမှန်းမသိပါဘူးသူမွေးကတည်းက ကြီးမားတဲ့ စတူဒီယိုထဲမှာ အထည့်ခံရပြီး သူ့အကြောင်းကို တကမ္ဘာလုံးကို တိုက်ရိုက်လွှင့်နေတာပါ သူ့ဇနီး သူ့သူငယ်ချင်း ဒါ့အပြင် သူ့ရဲ့မိဘတွေကပါ ဟန်ဆောင်သရုပ်ဆောင်တွေချည်းသာ ဒီလိုအခြေအနေမှာ သူတကယ်စစ်မှန်တယ်ထင်တဲ့ လောကကြီး ချစ်ခင်ရတဲ့လူအားလုံးက အလိမ်အညာမှန်းရိပ်မိသွားတဲ့အခါမှာတော့...သူရုန်းထွက်နိုင်မလား ဒါရိုက်တာအဖွဲ့ဘက်မှလည်း သူယုံမယ့်နည်းလမ်းများနဲ့ တားဆီးမှာအောင်မြင်မလား ဆိုတာကတော့... ဒီဇာတ်ကားကြည့်ပြီး အတွေးတစ်ခုလောက်တော့ ကျန်ခဲ့မယ်လို့ထင်ပါတယ်File Size         :  730 MB Quality           : Blu ray 720P Running Time : 1hr 43 minute Format           : Mp4 Genre             : Drama Encoder         : Joker.phs(အညွှန်းရေးသူနဲ့ဘာသာပြန်သူကတော့ Waiyan ...
movie

The Truman Show (1998)