Channel Myanmar

Mỹ Duyên

Hustlter vs Scammer (2023) 5.8
Hustlter vs Scammer (2023) Hustler vs Scammer (2023)"ကလိမ်စေ့ ငြမ်းဆင်" တို့ "ခေါင်းတုံးပေါ်ထိပ်ကွက်" တို့ စကားလုံးတွေကြားဖူးကြမှာပါ အဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာ လမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။ တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းက သူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေ ဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ ဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.8GB ...
movie

Hustlter vs Scammer (2023)

2023
Kieu (2021) 4.8
Kieu (2021) Kieu (2021) ===========ရှေးခေတ်နောက်ခံနဲ့ လွမ်းမောဖွယ် ဗီယက်နမ်ဇာတ်လမ်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဗီယက်နမ်ရဲ့ဂန္ထ၀င်ကဗျာ ဆရာကြီး Nguyen Du ရဲ့ကဗျာရှည်၊ ဗီယက်နမ်စာပေမှာ နာမည် အကြီးဆုံးဂန္ထ၀င်ကဗျာကြီးလို့ ဆိုရမယ့် "Tale of Kieu" ကို အခြေ ခံပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဖေနဲ့အစ်ကို မှားယွင်းအကျဉ်းချခံရတာကြောင့် အားကိုရာမဲ့သွား တဲ့ မိန်းမလှလေး ကီးယူး။ သူစိမ်းနဲ့လက်ထပ်ပေးစားမှာကို မတတ် သာဘဲ လက်ခံလိုက်ရပေမဲ့ တကယ်တမ်းတော့ ပြည့်တန်ဆာအိမ်ကို ရောင်းစားခံလိုက်ရတာပါ။ ဒီလိုနဲ့ ကီးယူးတစ်ယောက် သူ့ဘ၀ မပျက် စီးအောင် ရုန်းကန်ရင်း ပိုးထည်ကုန်သည်ကိုလူချော သုဆင်းနဲ့ တွေ့ဆုံ မိပါတယ်။ မြင်မြင်ချင်းချစ်ခဲ့မိတဲ့ သူတို့နှစ်ဦးဟာ အများနဲ့ဝေးရာကို ‌ ထွက်ပြေးပြီး ပေါင်းသင်းနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဆိုသလိုပဲ ကံတရားက ကီးယူးကို မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းက သုဆင်းဟာ မလွတ်လပ်သူတစ် ယောက်ဖြစ်နေတာပါပဲ။ တစ်နေ့မှာ သုဆင်းတစ်ယောက် ခရီးခဏထွက် သွားခိုက် ကီးယူးဆီ ကံကြမ္မာဆိုး၀င်လာတဲ့အခါ...ကီးယူးရဲ့ဘ၀က ဘယ်အထိကံဆိုးမှောင်ကျဦးမှာလဲ၊ ကံကြမ္မာက ဘယ်လို ကျီစားဦးမလဲ၊ သုဆင်းကရော အချစ်နဲ့ ကတိသစ္စာကြားမှာ ဘယ်လိုစခန်း သွားမလဲ၊ ...
movie

Kieu (2021)

2021
Go-Go Sisters 2018
Go-Go Sisters 2018 လူတိုင်းမှာ သူငယ်ချင်းတွေကိုယ်ဆီရှိတတ်ကြပါတယ် ဒါပေမဲ့ သူငယ်ချင်းတိုင်းကတော့ ကိုယ့်ဘေးမှာအမြဲရှိနေပေးနိုင်တဲ့သူတွေမဟုတ်ပါဘူး ကိုယ့်ဘဝနဲ့ ကိုယ်ရှေ့ဆက်ဖို့ ခွဲခွာကြရတာများပါတယ် အထူးသဖြင့်ငယ်သူငယ်ချင်းတွေပေါ့ ဒီကားထဲမှာလည်းအဲ့လိုပါပဲ 'ဟွန်ဟေးဖွန်း' ဆိုတဲ့ အမျိုးသမီး ဟာအသက်40 အရွယ်သာမာန်အိမ်ရှင်မတစ်ယောက်ပါ ယောကျာ်းအလုပ်အကိုင်ကောင်းတာကြောင့်ငွေကြေးလည်းပြည့်စုံပါတယ် တစ်နေ့တော့သူအမေနေမကောင်းဖြစ်နေတဲ့ဆေးရုံကိုလာရင်းငယ်သူငယ်ချင်းဟောင်း 'ယွန်' နဲ့ပြန်တွေ့ပါတယ် ယွန် ကကင်ဆာရောဂါ ခံစားနေရတာပါ 'ယွန်' က 'ဖွန်း'ကို သူရဲ့နောက်ဆုံးဆန္ဒလေးကိုပြောပြပါတယ် သူဆန္ဒကသူငယ်ချင်းဟောင်းတွေနဲ့ပြန်တွေ့ဖို့ပါ 'ဖွန်း' ဟာ 'ယွန်'ကြောင့် သူငယ်ချင်းတွေကိုပြန်ရှာဖိူ့လုပ်ပါတော့တယ် ငယ်ငယ်ကအမြဲတမ်း တစ်တွဲတွဲရှိခဲ့ကြတဲ့ သူငယ်ချင်း6ယောက်ဟာ ဘာလို့ နှစ်တွေအကြာကြီး အဆက်အသွယ်မရှိတော့တာဘာကြောင့်လဲ သူတို့ကြားထဲဘာတွေဖြစ်ပျက်ခဲ့တာလဲ 'ဖွန်း' ကရော သူငယ်ချင်းဟောင်းတွေကို အကုန်ပြန်ရှာနိုင်ပါ့မလား ဆိုတာ ကိုတော့ဆက်လက်ကြည့်ရှု့လိုက်ပါ ဇာတ်ကားထဲမှာ ဆယ်ကျော်သက်အရွယ်ရဲ့ငယ်ရွယ်လွတ်လပ်မှုတွေအပူအပင်မရှိမှုတွေကိုရင့်ကျက်တဲ့လူကြီးတစ်ယောက်ဖြစ်လာတဲ့အခါ ခံစားရတဲ့ စိုးရိမ်မှုတွေနဲ့ အတူယှဥ်ပီး ရိုက်ကူးထားပါတယ် ဒီဇာတ်ညွှန်းတစ်ခုတည်းကိုပဲကိုးရီးယားversion ဂျပန် versionရိုက်ထားတာလည်းရှိပါတယ် အခုတင်ဆက်ပေးလိုက်တာတော့ ဗီယက်နမ် versionလေးပါ ဒီကားလေးကြည့်ပီးရင်တော့ဝေးကွာခဲ့ရတဲ့ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုပဲဖြစ်ဖြစ် ပြန်သတိရစေမှာပါ......File Size : 600 ...
movie

Go-Go Sisters 2018

Go-Go Sisters (2018) 7.2
Go-Go Sisters (2018) ဒီဇာတ်ကားကတော့ အထက်တန်းကျောင်းသူလေးခြောက်ယောက်ရဲ့ ' ကျောင်းသူဘဝကနေ လူလတ်ပိုင်း အမျိုးသမီးဖြစ်လာတဲ့အချိန်အထိ ရိုက်ပြထားတာပါ ကျောင်းသားဘဝတုန်းက မိန်းကလေးခြောက်ယောက်ဟာ မြင်းရိုင်းလေးများဆိုပြီး အဖွဲ့ဖွဲ့ထားပါတယ် အတူစား အတူသွား အတူရုန်းကန်လှုပ်ရှားခဲ့ရပေမယ့် အခြေအနေအမျိုးမျိုးကြောင့် ခွဲခွာခဲ့ရပါတယ် နောက်ပိုင်း အသက်ကြီးလာပြီး အိမ်ထောင်ကျသွားတဲ့အချိန် ကြတော့မှ အဖွဲ့ဝင်တစ်ယောက်ဟာ ကင်ဆာရောဂါနောက်ဆုံးအဆင့်ရောက်နေမှန်း သိလိုက်ရပါတယ် ငယ်ဘဝတုန်းကသူငယ်ချင်းတွေနဲ့ ပြန်တွေ့ဖို့ကြိုးစားတဲ့အချိန်မှာ အားလုံးအတူတူ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကို ရသမျိုးစုံနဲ့ ကြည့်ရှုရမယ့် ဗီယက်နမ်ကားကောင်းလေးပါ   File Size -  1.2 gb Quality - web-dl 1080p Subtitle -  burmese Translator - Paxton Encoder - Thit San Khant
movie

Go-Go Sisters (2018)

2018