Channel Myanmar

Myolie Wu

Death Stranding ( 2023 ) 6
Death Stranding ( 2023 ) ဟောင်ကောင်အက်ရှင်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ ဟောင်ကောင်အက်ရှင်ကားဆိုရင် အလင်းနဲ့အမှောင် မြေအောက်ဂိုဏ်းနဲ့ ဥပဒေဘက်တော်သားတွေ အားပြိုင်တဲ့ဇာတ်ကားဆိုတာ မှန်းမိကြမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိကျန်းက သူ့ညီမသေဆုံးသွားတာ မတော်တဆမဟုတ်နိုင်ဘူးလို့ မသင်္ကာဖြစ်ပြီး (၂)နှစ်ကြာအောင်စုံစမ်းလာခဲ့ပါတယ်။ သူ့ညီမလေးသေဆုံးရတဲ့အကြောင်းအရင်းဟာ ပြည်တွင်းကုမ္ပဏီကြီးတစ်ခုနဲ့ ပတ်သက်နေတယ်ဆိုတာသိလိုက်ရပြီး အဲဒီကုမ္ပဏီအကြောင်းစုံစမ်းတဲ့အချိန်မှာ ငွေမဲခဝါချမှု မြေအောက်ဂိုဏ်းတွေနဲ့ပူးပေါင်းမှု စတဲ့အမှုတွေနဲ့ပတ်သက်နေတာကိုသိလိုက်ရပါတယ်။ညီမအတွက်လက်စားချေနိုင်ဖို့ ကြိုးစားနေတဲ့......ရဲအရာရှိကျန်း ချစ်သူသေဆုံးရခြင်းအတွက် ပြန်ပေးဆပ်နိုင်ဖို့ကြိုးစားနေတဲ့...... ရဲအရာရှိဟောင်း ဥပဒေအပြင်ဘက်ကလူတစ်ယောက် အလင်းနဲ့အမှောင်နှစ်မျိုးပေါင်းပြီး ဘယ်လိုကြမ်းကြမလဲဆိုတာ အက်ရှင်အမိုက်စားတွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 37 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Death Stranding ( 2023 )

Death Notice ( 2023 ) 6.2
Death Notice ( 2023 ) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ "သေဆုံးခြင်းအကြောင်းကြားစာ" များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။Darker က ဘယ်သူဖြစ်မလဲ...... အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ...... ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 40 min Subtitle : Myanmar Subtitle ( ...
movie

Death Notice ( 2023 )