Channel Myanmar

Myriam Boyer

The Crime Is Mine (2023) 6.6
The Crime Is Mine (2023) The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie

The Crime Is Mine (2023)

2023
Mesrine: Public Enemy #1 (2008) 7.4
Mesrine: Public Enemy #1 (2008)  Genre – Action, Biography, Crime IMDB – 7.4/10 ပြင်သစ် လမ်းမတော်ဖိုးတုတ်ကြီးရဲ ဒုတိယကား လာပါပြီ။ဒီကားကြည့်မယ်ဆို ပထမကား ဖြစ်တဲ့ Mesrine: Killer Instinct ကိုအရင်ကြည့်ပေးကြပါ တင်ထားတာရှိပါတယ် မဟုတ်ရင် ဇာတ်လမ်းကိုနားမလည်ပဲ နေမှာစိုးလို့ပါ။ ဒီတော့ ပထမကားမှာ တဖြည်းဖြည်းနဲ့ ဆရာကြီးလူမိုက် ဖြစ်ပြီးနောက် ဒီဒုတိယကားမှာတော့ ပြင်သစ်တစ်နိုင်ငံလုံးရဲ့ အလိုအရှိဆုံး ဝရမ်းပြေး နံပါတ် ၁ဖြစ်သွားခဲ့ပါပြီ။ ဒီ ဂျက်မယ်ရင်းဆိုတာက ပြင်သစ်နိုင်ငံ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်မှာ အပြင်မှာတကယ်ရှိခဲ့တဲ့ လူမိုက်ကြီးတစ်ယောက်ပါ သူ့ရဲ့ ကြမ်းတမ်းပုံတွေဘဏ်လုယက်တာ ထောင်ဖောက်တာ ပြန်ပေးဆွဲတာ မိန်းမတွေနဲ့ ကြူးတာ စသဖြင့်လမ်းမတော်ဖိုးတုတ်လုပ်ပုံတွေကို ရိုက်ကူးပြထားတဲ့ ဖြစ်ရပ်မှန်ကားကောင်းပါ။ဒီ ဒုတိယကားမှာတော့ အရင်ကားလို သာမညလူဆိုးတစ်ယောက်မဟုတ်တော့ပဲတစ်တိုင်းပြည်လုံးက သိတဲ့လူဆိုးဖြစ်နေပြီး ထောင်တွေ ဉာဏ်ပါပါ ဖောက်ခဲ့တာတွေ၊တရားရုံးမှာ ဘယ်လိုသောင်းကျန်းပြီး တရားသူကြီးကို ဘယ်လိုတွေဖြဲခဲ့တာ၊ တောထဲမှာသက်စွန့်ဆံဖျား ရဲလက်ကနေ ပြေးရတာတွေ၊ တဖြည်းဖြည်းနဲ့ ...
movie

Mesrine: Public Enemy #1 (2008)

Mesrine: Killer Instinct(2008) 7.5
Mesrine: Killer Instinct(2008) Mesrine: Killer Instinct(2008)****************************Jacques mesrine ဆိုတဲ့ ပြင်သစ်နိုင်ငံသားတစ်ယောက်က စစ်တပ်မှာ တာဝန်ထမ်းဆောင်ပြီးမိဘအိမ် ပြန်လာတဲ့ သူပါ...သူ့မိဘက သူ့ကို အလုပ်ကောင်းကောင်းတစ်ခုရှာပေးခဲ့ပေမယ့် သူကတော့ဂျာမနီလူမျိုးတွေနဲ့မို့ အလုပ်မလုပ်ချင်ပါဘူး ဒါပေမယ့် တစ်နေ့မှာ သူ့သူငယ်ချင်းဖြစ်သူ Jean Paul Mercier ဟာ ဂိုဏ်းစတားတစ်ဦးဖြစ်သူGuido ဆိုတဲ့ လူဆီကို ခေါ်သွားပါတယ် ,,,အဲ့ဒီအလုပ်က သူများပစ္စည်းခိုးတာတွေ ဘဏ်ဖောက်တာတွေ ဖြစ်တာကြောင့်တစ်ခါတည်းနဲ့ ငွေအချီကြီးရလေ့ရှိပါတယ်,,, အဲ့ဒီလို ငွေအချီကြီးကို မက်ပြီး Jacque mesrine တစ်ယောက် မကောင်းမှုထဲကို တစ်စတစ်စ နစ်ဝင်သွားချိန်မှာတော့...File Size :(3.2GB)(1.1GB)(and (392MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:53:00 Genre :  Action ,Biography , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Mesrine: Killer Instinct(2008)

[18+] L’Amant Double (Aka) Double Lover (2017) 6.2
[18+] L’Amant Double (Aka) Double Lover (2017) IMDb (6.2/10) / Rotten Tomatoes (70%)French-Belgian ဇာတ်ကားဖြစ်ပြီး Erotic,Thriller,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ကလိုဝီဆိုတဲ့ ကောင်မလေးဟာ စိတ်အားငယ်တတ်သလိုသူ့ကိုယ်သူ ဝေဒနာရှိနေတယ်လို့ထင်နေတဲ့ မော်ဒယ်ဘဝကိုစွန့်ခွာလာတဲ့ မိန်းမလှလေးတစ်ယောက်ပါ။သူ့ဗိုက်အောင့်ရောဂါဟာ စိတ်ကြောင့်ဖြစ်ရတယ်လို့ ယူဆတဲ့အတွက် ဒေါက်တာ ပေါလ်မေယာဆိုတဲ့ စိတ်ကုဆရာဝန်တစ်ယောက်နဲ့တိုင်ပင်ကုသရာကနေ သံယောဇဉ်တွယ်ပြီး အတူတူနေဖြစ်သွားပါတယ်။အတူတူနေကြတဲ့ နောက်ပိုင်း ကလိုဝီ သိလာတာကတော့ သူ့ချစ်သူဟာ လျှို့ဝှက်ချက်တွေ ဖုံးကွယ်မှုတွေ အတိနဲ့ဆိုတာပါပဲ။သူ့ကိုမိတ်ဆက်ထားတဲ့အမည်ဟာ သူ့နာမည်အရင်းမဟုတ်တဲ့အပြင် သူနဲ့ တစ်ထေရာထဲထပ်တူ အမြွှာညီအစ်ကို တစ်ယောက်ထပ်ရှိနေသေးပြီးအဲ့ဒီအမြွှာဟာလဲ သူ့လို စိတ်ကုဆရာဝန်အဖြစ်ပဲ အသက်မွေးနေတဲ့အကြောင်း တစ်စစ သိလာရာကနေသူတို့ဇာတ်လမ်းဟာ သုံးပွင့်ဆိုင်အဖြစ်အသွင်ပြောင်း ရှုပ်ထွေးလာပါတော့တယ်။ဒါမှမဟုတ် လေးပွင့်ဆိုင်ဖြစ်လာမလား?သူကိုယ်တိုင်ဆီမှာကော သူ့ဘဝထဲက ဖျောက်ဖျက်မေ့လျော့ထားချင်မယ့် အတိတ်တစ်ခု ဒါမှမဟုတ် သွေးသားရင်းချာတစ်ယောက်ရှိနေနိုင်မလား?L’Amant Double သို့မဟုတ် Double Lover ဟာအခုချိန်မှာ ရှားပါးနေတဲ့ Erotic thriller ကားကောင်းတစ်ကားပါ။အမေရိကန်ကားတွေနဲ့ တင်ပြပုံဇာတ်လမ်းတစ်မူကွဲပြားနေပြီးအိပ်ယာပေါ်ကအခန်းတွေ ပီပြင်ကြမ်းတမ်းလွန်းတဲ့အတွက် ၂၁ နှစ်ပြည့်ပြီးလောက်မှ ကြည့်သင့်တဲ့ ...
movie

[18+] L’Amant Double (Aka) Double Lover (2017)