Channel Myanmar

N. Jeevanantham

Licence (2023) 9.3
Licence (2023) License (2023) တရားမျှတမှုလိုင်စင် IMDb 9.3/10"မိန်းကလေးတစ်‌ယောက်အနေနဲ့ မွေးဖွားလာရတာ ကျိန်စာလိုပါပဲလား" "ဒီလိုမိန်းကလေးတွေရဲ့ဘဝမျိုး ဘယ်သူမှ မကြုံရပါစေနဲ့"(အင်ဒရာ) ဒီစကားတွေကတော့ အမျိုးသမီးတွေဆိုရင် နင်းပြားသာသာဖိနှိပ်ချင်လွန်းတဲ့ ယောက်ျားသားတွေကြားမှာ ရှင်သန်ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုရဲ့သားကောင်ဖြစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ နောက်ဆုံးဖွင့်ဟဝန်ခံချက်တစ်ခုပေါ့။ ဒီဇာတ်ကားလေးကတော့ မိန်းကလေးတွေဟာ အားနည်းတယ် ပျော့ညံ့တယ် ယောက်ျားတွေလက်အောက်မှာပဲနေရမယ် စသည် စသည်ဖြင့် အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ထားတဲ့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးအတွက်တိုက်ခိုက်မယ့် ဆရာမလေးဘာရသီအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုပါ။ဘာရသီလို့ခေါ်တဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက မဟုတ်မခံစိတ်ဓာတ်ရှိတဲ့သူတစ်ယောက်ပါ။ မဟုတ်တာလုပ်ရင် အပြစ်ပေးခံရမယ် ကောင်းတာလုပ်ရင် ချီးကျူးပေးရမယ်ဆိုတဲ့စိတ်မျိုးရှိတဲ့သူပါ။ ရဲအရာရှိဖြစ်တဲ့အဖေကိုကြည့်ပြီး ကြီးလာတဲ့အခါ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ့်ရဲအရာရှိဖြစ်ရမယ်ဆိုပြီး စိတ်အားထက်သန်ခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာတော့ အမှားတွေမကျူးလွန်အောင် သွန်သင်ဆုံးမပေးလို့ရမယ့် ဆရာမတစ်ယောက်ပဲဖြစ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့မဟုတ်မခံစိတ်ဓာတ်ကတော့ မပျောက်ကွယ်သွားခဲ့ပါဘူး။ အမှုကိစ္စတွေရှိလာတဲ့အခါ တရားမျှတမှုရအောင် အမျိုးမျိုးကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ အိမ်ရှင်မတစ်ယောက်လည်းဖြစ် ဆရာမတစ်ယောက်လည်းဖြစ်ပေမယ့် မတရားမှုတွေကို လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ဒါပေမဲ့လည်း ဘာရသီတစ်ယောက် အမျိုးသမီးတွေအတွက် တိုက်ခိုက်ပေးနေတာက patriarchist‌ တွေအတွက်တော့ မျက်စိဆံပင်‌မွေးဆူးစရာဖြစ်နေတာပေါ့။တစ်နေ့မှာ ...
movie

Licence (2023)

2023