Channel Myanmar

Nadila Ernesta

Miracle in Cell No. 7 (2022) 7.8
Miracle in Cell No. 7 (2022) Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie

Miracle in Cell No. 7 (2022)

2022
Before I Met You (2022)
Before I Met You (2022) Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie

Before I Met You (2022)