Channel Myanmar

Nadine Labaki

Mea Culpa (2014) 6.1
Mea Culpa (2014)   ဇာတ်လမ်အကျဉ်းလေးကတော့ဆီမွန်ဟာ အရက်မူးပြီး ကားမောင်းတာကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဖက်ယာဉ်မှာ ပါလာတဲ့လူသုံးယောက်သေဆုံးခဲ့ရပါတယ်၊ ဆီမွန်ဟာ ရဲဝန်ထမ်းဖြစ်ပြီးအခုကိစ္စအတွက် သူ့အပြစ်မကင်းဘူးဆိုတာသိပါတယ်၊ပြစ်ဒဏ်ကြောင့် ထောင်ကျခဲ့ပေမယ့် လူသေဆုံးမှုအတွက်အမြဲတမ်းလိုလိုစိတ်ဒဏ်ရာရနေပါတယ်၊ ဇနီးနဲ့ သားရှိပေမယ့် ထောင်ကနေလွှတ်လာတော့ ကွာရှင်းလိုက်ပါတယ်၊သူတို့နေထိုင်တဲ့မြို့လေးမှာ မူးယစ်ဆေးရောင်းဝယ်တာတွေလိင်ကိစ္စတွေရှိနေပေမယ့် ရောင်းဝယ်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ်၊ ပြစ်မှုကျုးလွန်သူတွေကိုဘယ်သူဘယ်ဝါမှန်းမသိတဲ့ မျက်မြင်သက်သေလည်းမရှိတဲ့အတွက်ဖမ်းမရဖြစ်နေပါတယ်၊ တစ်နေ့မှာတော့ နွားရိုင်းသတ်ပွဲသွားကြည့်ကြတဲ့ဆီမွန်ရဲ့သားဟာ သန့်စင်ခန်းသွားရင်အမှတ်မထင် လူသတ်နေတဲ့သူတွေကိုတွေ့သွားပြီးထွက်ပြေးပါတော့တယ်၊ လူသတ်သမားတွေဟာ သူတို့လုပ်ရပ်ရဲ့ မျက်မြင်သက်သေကိုအပြတ်ရှင်းဖို့ကြိုးစားခဲ့အခါ ဆီမွန်တစ်ယောက်ဘယ်လိုကာကွယ်ပေးမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး  File size…1.74GB / 696MB Quality…WEBRip 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Mea Culpa (2014)

Capernaum(2018) 8.4
Capernaum(2018) Capernaum(2018) ********************* IMDb...8.4,,,Rotten....89% တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်.......တခြားအမှုများနှင့်မတူ ...အတော်ထူးခြားသည်...အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်....တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်....ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်....တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်..."ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား""သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ"" ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား""သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါအဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ်အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်"အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်...."သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား""ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ""မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ""ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ"အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်....ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်...ဒီလိုပြန်ဖြေလိုက်တဲ့ ဂျစ်ကန်ကန်ကောင်လေးရဲမျက်နှာမှာ နာကျင်ကြွေကွဲခြင်းတွေအတိုင်းသားမြင်နေရတယ်...ဇာတ်လမ်းအရဲ့အစပိုင်းမှာတင် မိဘနဲ့သားသမီးကြားထူးခြားတဲ့ဆက်ဆံရေးကိုတွေ့နိုင်သလိုစိတ်ဝင်စားစရာတွေ ဆက်ကြည့်ချင်စိတ်တွေအများကြီးပေါက်အောင်ဆွဲဆောင်နိုင်တယ်..ဘာကြောင့်တရားစွဲချင်ရတာလဲ...မိဘတွေကရော တရားရုံးမှာဖြေတဲ့ပုံစံက အပိုအလုပ်တွေလာလုပ်နေရတဲ့ပုံ..သူတို့ရှင်သန်ကြီးထွားကြတဲ့ပုံစံတွေက ဘယ်လိုမျိုးတွေလဲ....ဒီလိုနဲ့ ဆက်ကြည့်တာ တကယ်လည်းအရမ်းကိုကောင်းလွန်းတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့တယ်...ဒီကားက အကောင်းဆုံးနိုင်ငံခြားအော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်..Ratingတွေကလည်းမြင်တဲ့အတိုင်းပဲ...ကားကောင်းမို့ စပွိုင်လာဖြစ်မယ်စိုးလို့ ကိုယ်တိုင်ပဲခံစားကြည့်ပါ.... File Size : (950 MB) and (375 MB) Quality : WEB-DL 720p, Format…mp4 Duration…02:06:00 Genre ...
movie

Capernaum(2018)

2018