Channel Myanmar

Nadir Sarıbacak

Winter Sleep (2014) 8.1
Winter Sleep (2014) ဒီဇာတ်ကားကတော့ IMDB 8.1 ရရှိထားတဲ့တူရကီဇာတ်ကားတစ်ကားပါ။ဒရာမာကားမျိုးဖြစ်တယ်ဆိုပေမဲ့ ကိုရီးယားဒရာမာမျိုးနဲ့လုံးဝမတူတဲ့ခံစားချက်ကိုပေးတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အိုင်ဒင်ဆိုတဲ့ လူကြီးတစ်ယောက်၊ သူနဲ့အသက်တော်တော်ကွာပြီးတွေးခေါ်ပုံမတူသလို ဆက်ဆံရေးအဆင်မပြေတဲ့မိန်းမဖြစ်သူ နီဟယ်နဲ့ ယောကျာ်းဖြစ်သူနဲ့ကွာရှင်းထားတာမကြာသေးတဲ့ အိုင်ဒင်ရဲ့ညီမဖြစ်သူနယ်ရှလာတို့သုံးယောက်နဲ့ ဇာတ်အိမ်တည်ထားပါတယ်။ဒီဇာတ်ကားက rating 8.1 အထိရထားရတဲ့အကြောင်းကဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်နဲ့သူတို့ကြားထဲကဆက်ဆံရေးကို အကောင်းဆုံးနဲ့အပြောင်မြောက်ဆုံးပုံဖော်သွားနိုင်တာကြောင့်ပါ။ဇာတ်လမ်းက ခပ်အေးအေးနဲ့သွားတယ်ဆိုပေမဲ့လဲဇာတ်ကောင်နှစ်ယောက်ကြားက ငြင်းခုံရန်ဖြစ်ရင်းပြောသွားတဲ့စကားတွေက သူတို့ရဲ့နစ်မြုပ်နေတဲ့ခံစားချက်တွေကို တဖြည်းဖြည်းနဲ့ပေါ်လွင်လာစေပြီးဘယ်သူကမှန်တယ် ဘယ်သူကမှားတယ်ဆိုတာကို ခွဲခြားရခက်စေပါတယ်။ဒရာမာဆိုတဲ့အတိုင်း တစ်ကားလုံးဒရာမာတွေနဲ့ပြည့်နေသလိုကြည့်ရှုသူကို တစ်ချိန်လုံးအတွေးနယ်ချဲ့နေအောင်လုပ်နိုင်တဲ့ဇာတ်ကားဖြစ်ပြီး ၃ နာရီ ၁၆ မိနစ်အထိကြာတာကြောင့်မိသားစုဒရာမာကြိုက်သူတွေအတွက်လက်လွှတ်မခံဘဲ ကြည့်ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  2.19 GB /  875 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 16m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Winter Sleep (2014)

2014
Sarmasik(2015) 7.9
Sarmasik(2015) Sarmasik(2015)**************၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်ကပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင်ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့်သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့...File Size :(1.5GB) and (622MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:44:00 Genre : Fantasy ,Thriller ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated APP Encoded by Phyo Pyae
movie

Sarmasik(2015)