Channel Myanmar

Nagendra Prasad

Ghilli (2004) 8.2
Ghilli (2004) CM ပရိသတ်ကြီးတို့အတွက် မင်းသားဗီဂျေး ပါဝင်သရုပ်ဆောင်ထားတဲ့ Ghilli ဆိုတဲ့ 2004 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်ဗယ်လူဆိုတာ ကာဘာဒီအားကစားကို လွန်စွာမှ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အဖေက မကြိုက်တော့ သူ့မှာ အဲဒါကို ခိုးပြီးဆော့ရတယ် ခိုးပြီး ပြိုင်ပွဲတွေ ဝင်ရတယ်ပေါ့အဲဒီလိုပဲ တစ်နေ့ကျတော့ မာဒူရိုင်မြို့ကို ကာဘာဒီပြိုင်ပွဲ ပြိုင်ဖို့ အိမ်ကနေ လိမ်ပြီးထွက်လာရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကို လူတစ်ယောက်က အတင်းအဓမ္မဆွဲခေါ်နေတာ မြင်လိုက်ရတော့ ကောင်မလေးကို သူတို့လက်ထဲက ကယ်ပြီး သူ့အိမ်ထဲမှာ ဖွက်ထားလိုက်တော့တယ်တကယ်တော့ အဲဒီလူက ပိုက်ဆံအင်အားနဲ့ ဆိုးသွမ်းချင်တိုင်း ဆိုးသွမ်းနေတဲ့သူဖြစ်ပြီး လူဆိုရင်လည်း လမ်းပေါ်မှာ ပေါ်ပေါ်ထင်ထင်ပဲ သတ်နေတဲ့သူပေါ့သူက အဲဒီကောင်မလေးကို အသေရရအရှင်ရရ လိုချင်နေတဲ့သူ အဲဒီကောင်မလေးကို ဗယ်လူက သူ့လက်ထဲက ကယ်ပြီး နည်းအဖုံဖုံကြိုးစားကာ သူ့အိမ်မှာ ဖွက်ထားတယ် ဒါကို သူ့အိမ်က မိသားစုဝင်တွေတစ်ယောက်ကမှလည်း မသိဘူးပေါ့အဲဒီလိုနဲ့ သူ ဘယ်လောက်ထိ ကောင်မလေးကို ဖွက်ထားနိုင်မလဲ ကောင်မလေးကို လူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ အချစ် အလွမ်း အက်ရှင်နဲ့ ရသပေါင်းစုံ ပေါင်းစပ်ကာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…4GB / 2GB Quality…1080p AMZ ...
movie

Ghilli (2004)

2004
Battery (2022) 7.5
Battery (2022) Battery (2022)ဒီတစ်ခါတော့ တမီးလ်ရုပ်ရှင်လေးဖြစ်တဲ့ Batteryဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေဇာတ်လမ်းရဲ့အစမှာတော့ ရဲအရာရှိပူဂေ့ (Senguttuvan) က ချန်နိုင်းရဲစခန်းမှာ မီးလောင်ထားတဲ့ လူသေလောင်းရှာတွေ့တဲ့အမှုနဲ့ပတ်သတ်ပြီး တွဲဖက်အင်စပက်တာအဖြစ်နဲ့ရောက်လာခဲ့ပါတယ် ရာထူးမြင့်တဲ့ ရက်သနန်(Jaypee)ကတော့ ပူဂေ့ရဲ့ပူးပေါင်းမှုကို အစမှာမနှစ်မြိုပေမယ့် အမှုကိုကိုင်တွယ်ရာမှာ ပူဂေ့ရဲ့ထက်မြက်မှုကိုအသိအမှတ်ပြုလာပါတယ်နှလုံးခုန်စက်တပ်ထားတဲ့လူနာတစ်ယောက်ကိုစစ်ဆေးမေးမြန်းရာမှ လွတ်သွားတဲ့အခါလိုက်ဖမ်းရင်း နှလုံးခုန်စက်တပ်ထားတဲ့သူတစ်ယောက်ကိုရှာနေတဲ့ အဘီရာမီလိုခေါ်တဲ့မိန်းကလေးတစ်ယောက်ကနဲ့ဆုံမိကြပါတယ် ဒီနှလုံးခုန်စက်က ဒီဇာတ်လမ်း ဒီအမှုမှာ ဘယ်လိုတွေဖြစ်လာမလဲ... မတူတဲ့နည်းလမ်းတွေနဲ့မျက်နှာဖုံးစွပ်ပြီးလိုက်သတ်နေတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်မလဲ.. သူဘာကြောင့် ဒီလိုလိုက်သတ်နေရတာလဲ သူ့ကိုဖမ်းမိမလား မဖမ်းမိဘူးလားဆိုတာကို ဒီBatteryဆိုတဲ့ဇာတ်ကားလေးမှာ မြင်တွေ့ရမှာဖြစ်ပါတယ် File size…5GB / 1.9GB / 945MB Quality…4k UHD HEVC AAC5.1CH / 1080p AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora & Kevin Ag & Kham Mon & OeliuJ
movie

Battery (2022)

2022
4K HEVC Web-DL
Master(2021) 7.5
Master(2021) Master(2021)အညွှန်း*******************IMDb...7.5အနည်းငယ်နောက်ကျသွားပေမဲ့လို့ စောင့်နေပေးလို့ကျေးဇူးတင်ပါတယ်....အများသိဗီဂျေးနဲ့ 96ရဲ့မင်းသားဗီဂျေးစည်သူပသီတို့နှစ်ဦး အားပြိုင်ထားတဲ့ Master ရုံတင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာ ကျောင်းသားတွေရဲ့ အချစ်တော်ပဲ။ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့ တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။ကျောင်းသားတွေအတွက်ဆို အသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ။ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။ဗီဂျေးစည်သူပသီကတော့ လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါ။ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ငွေရှာ နေသူပေါ့။သူ့အတွက် မှောင်ခိုလောကမှာ ခက်ခဲတာ မရှိသလောက် ရှားတယ်။ တပည့်လက်သား များတယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့Myint Thu ,Thaik San & Nyi Koe တို့ပဲြဖစ်ပါတယ်.....File Size :(3.4GB)(1.4GB) and (561 MB) Quality : WEB-DL1080P5.1CH.HEVC, 720p Format…mp4 Duration…02:59:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu ...
movie

Master(2021)

HEVC 1080p 5.1