Channel Myanmar

Najah Bradley

Courtney Gets Possessed (2023)
Courtney Gets Possessed (2023)  ဘဝမှာအမြဲတမ်း မယုံသင်္ကာစိတ်တွေနဲ့ကြီးပြင်လာတဲ့ ကော့ဒ်နေ နဲ့ သူ့အစ်မဆီက ဘာမဆို ခိုးဖို့ နောက်ဆုံး သူ့အစ်မဘဲတွေကိုပါ အမြဲတမ်းစနိုက်ကြော်နေတဲ့ ကော့ဒ်နေ ရဲ့ ညီမ ကိတ်တလင်း တို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်ရွဲ့ကြရင်း ဖြစ်လာတဲ့ ပြဿနာတွေပေါ့ကော့ဒ်နေ တစ်ယောက် မင်္ဂလာဆောင်တော့မယ်ဆိုတော့တော့ သူ့ ညီမစနိုက်ကြော်မှာကိုကြောက်လို့ အစီအရင်တွေနဲ့ ဂါထာမန္တာန်တွေ လျှောက်လုပ်ရာကနေ စေတန်ကို သူတို့မိသားစုထဲ အမှတ်မထင်ခေါ်ခဲ့မိလိုက်တယ်လေ.....မင်္ဂလာဆောင်ဖို့ ၁ ရက်အလိုညမှာ စေတန်ကိုယ်တိုင်ရောက်ချလာပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သတ်တော့တာပဲ...... သူတို့ညီအစ်မနှစ်ယောက်နဲ့သူငယ်ချင်းတစ်သိုက် စေတန်ကို ဘယ်လိုရင်ဆိုင်သွားပြီ ငရဲ့ကိုပြန်ပို့ကြမလဲဆိုတာကိုတော့........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(898 MB)/(398 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

Courtney Gets Possessed (2023)

Miranda’s Victim (2023) 6.5
Miranda’s Victim (2023)  IMDb 6.6 / Rotten Tomatoes 77%ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ...
movie

Miranda’s Victim (2023)

Black Box (2020) 6.2
Black Box (2020) Black Box (2020)~ IMDb - 6.2/10, Rotten Tomatoes - 71% ~2020 ​နှစ်က ထွက်ရှိထားတဲ့ အ​မေရိကန် Sci-Fi Horror ကားတစ်ကားပါ။ ဒီလို Genre မျိုး ကြိုက်တတ်ရင် ကြည့်သင့်တဲ့တစ်ကားပါပဲ။ဇာတ်လမ်းအညွှန်းကားမ​တော်တဆမှု ကြောင့် ဇနီးသည်ပါမက မှတ်ဥာဏ်​တွေကိုပါ ဆုံးရှုံးလိုက်ရတဲ့ နိုလန်... ဆရာဝန်​တွေအားလုံးက လက်​လျော့လိုက်​ပေမယ့် တဖန် သတိပြန်ရလာတဲ့ နိုလန်တစ်​ယောက် မှတ်ဥာဏ်​တွေလိုက်ရှာ​ဖွေ​နေရင်း ကုမရတဲ့အဆုံး သူငယ်ချင်းဆရာဝန် လမ်းညွှန်မှုနဲ့ စိတ်အထူးကုဆရာဝန် ဘရု နဲ့ ​တွေ့သွားတဲ့အခါ...- ဘယ်​လို​တွေ မှတ်ဥာဏ်ရ​အောင်ရှာ​​ဖွေခဲ့လဲ -​ သတိပြန်ရလာတဲ့ နိုလန်ဖြစ်ရပ်က​တော့ ထူးခြားမှုတစ်ခုပဲလား -​​ ဒေါက်တာဘရု နိုလန်ကို ​သွေးရိုးသားရိုးပဲ ကူညီခဲ့တာလား - ​ဒေါက်တာဘရု လျှို့ဝှက်ထားတဲ့ အရာ​တွေက​ရော ဘာ​တွေလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုလို့​ကောင်းမယ့်ကား​လေးပါ။သရဲ​တွေဘာ​တွေမပါ​ပေမဲ့လည်း ကြည့်​နေရင်း ချမ်းစိမ့်စိမ့်ဖြစ် ကြက်သီးထလာတဲ့ ခံစားမှုကိုလည်းရမယ့်ကားတစ်ကားပေါ့။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ...
movie

Black Box (2020)

2020
Moonshot (2022) 5.5
Moonshot (2022) Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie

Moonshot (2022)

2022
The Curse of La Patasola (2022)
The Curse of La Patasola (2022) The Curse of La Patasola (2022) La Patasola ဆိုတာ ကိုလံဘီယာ ဒဏ္ဍာရီ မကောင်းဆိုးဝါးတစ်ကောင်ပါ၊ Patasola ဆိုတာကတော့ ခြေတစ်ချောင်းလို့ အဓိပ္ပာယ်ရပြီးတော့ မိန်းမတစ်ဦးပါ။သူကတော့ သူ့ယောက်ျားကိုဖောက်ပြန်လို့ သူ့ယောက်ျားကခြေထောက်တွေရိုက်ချိုးပြီးသတ်ခဲ့ပါတယ်၊ ဒီလိုနဲ့ တောထဲမှာ သေဆုံးပြီး မကောင်းဆိုးဝါးဖြစ်လာတာပေါ့၊ သူကိုယ်တိုင်ကဖောက်ပြန်ပေမဲ့ ဖောက်ပြန်တာတော့ မုန်းတဲ့ မိန်းမဗျ။တောထဲမှာ ဆွဲဆောင်မှုရှိပြီးလှပတဲ့အသွင်နဲ့ ရုတ်တရက်ပေါ်လာပြီး ယောက်ျားတွေကိုဆွဲဆောင်၊ ဒီလိုနဲ့တောနက်ထဲရောက်လာလို့ အဖော်တွေနဲ့ဝေးသွားတဲ့ ပုရိသယောက်ျားခင်ဗျာ ပုံစံအစစ်အမှန်ကိုမြင်လိုက်ရတဲ့အချိန်မှာ နောက်ကျသွားပါပြီ။ တောထဲသွားတိုင်းလည်းကြောက်မနေပါနဲ့ ပုရိသအပေါင်းတို့... ဒီသတ္တဝါဆိုးက ကိုယ့်ရဲ့လက်တွဲဖော်ကို ဖောက်ပြန်တဲ့သူမှပဲမြင်ရတယ်လို့ ဒဏ္ဍာရီတွေကဆိုပါတယ်။ဒီဇာတ်လမ်းမှာတော့ ဒန်နီရယ် ဆာရာတို့တစ်တွဲ ဒန်နီရယ့်သူငယ်ချင်းတို့ကတစ်တွဲနဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာကို Camp ထွက်ကြပါတယ်။ ဒီနေရာကလည်း သတင်းဆိုးတွေ လူ‌သေမှုသတင်းတွေနဲ့ကျော်ကြားတဲ့နေရာဖြစ်ပေမဲ့ ဒန်နီရယ်ကတော့ မသွားရရင် မနေနိုင်အောင်ကိုဖြစ်နေပါပြီ၊ အစောင့်တွေသတိပေးတဲ့ကြားက ဒန်နီရယ်ကလည်းသွားချင်၊ ဆာရာခမျာလည်း ယောက်ျားကိုချစ်ရှာလေတော့ ဒီလိုနဲ့သွားဖြစ်လိုက်ကြပါရော။တောထဲမှာ မလုပ်သင့်တာတွေလုပ်ပြီး မဖြစ်သင့်တာတွေဖြစ်တာကို အသည်းတယားယား ...
movie

The Curse of La Patasola (2022)

2022