Channel Myanmar

Nam Kyung-eup

Noryang: Deadly Sea(2023) 7.0
Noryang: Deadly Sea(2023) Noryang: Deadly Sea(2023)*************************စစ်သူကြီး လီဆွန်းရှင်းဆိုတာ ကိုရီးယားသမိုင်းလေ့လာသူတွေရောစစ်ကားကြိုက်တဲ့ ကိုရီးယားပရိတ်သတ်တွေရော သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ထူးချွန်တဲ့အရည်အချင်းများကြောင့် မသိတဲ့သူခပ်ရှားရှားပါပဲ....ဒီကားကတော့ ဂျပန်တွေ ကိုရီးယားကို ကျူးကျော်စစ်ဆင်နွှဲတဲ့ ဒုတိယအကြိမ်မှာဖြစ်ခဲ့တဲ့တိုက်ပွဲကိုရိုက်ပြထားတာပါ...ဂျပန်တွေဟာ ကိုရီးယားကို ၁၅၉၂ မှ ၁၅၉၅ အထိတစ်ကြိမ် နှင့်၁၅၉၆ မှ ၁၅၉၈ အထိ တစ်ကြိမ်  စုစုပေါင်း ၂ကြိမ်ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်..ပထမကျူးကျော်စစ်မှာ စစ်သူကြီး လီဆွန်းရှင်းတို့ ရဲ့  ဟာဆန်းဒိုသမိုင်းဝင်တိုက်ပွဲဖြစ်တဲ့Hansan : Rising Dragon(2022)ကတော့ ကျွန်တော်တို့  cmမှာလည်း တင်ဆင်ပြီးပါပြီ..အခုတိုက်ပွဲကတော့ ဒုတိယ ကျူးကျော်စစ်မှာဖြစ်ပွားခဲ့တာပါ...အဲဒီကာလတုန်းက တရုတ်နဲ့ ကိုရီးယားဟာမဟာမိတ်ဖြစ်လေတော့ ပေါင်းညှပ်တိုက်ခိုက်မှုမှာဂျပန်ရေတပ်ဟာ အတော်အထိနာတယ်ပြောရမယ်..ဒါ့ကြောင့် ဂျပန်တပ်တွေဟာ လမ်းကြောင်းပိတ်ထားတဲ့တရုတ်ကိုလမ်းဖွင့်ပေးဖို့ ညှိတယ်....ဒါကို လီဆွန်းရှင်းတို့က သဘောမတူဘူး..သူတို့က ဂျပန်တပ်တွေကိုအပျောက်တိုက်ချင်နေတာ..ဆိုတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...Box Office မှာ ၃၄သန်းထိပြန်ဝင်ခဲ့တဲ့ကားဆိုတော့ဒေါင်းကြည့်ရမှာတန်ပါတယ်ဗျို့...File Size : (3.02GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:32:00 Genre : ...
movie

Noryang: Deadly Sea(2023)

The Map Against The World (2016) 5.8
The Map Against The World (2016) The Map Against The World (2016) IMDb 5.8နာမည်ကြီးမင်းသားမင်းသမီးတွေတစ်စုတစ်စုတည်းပါဝင်တဲ့ တစ်ခေတ်တစ်ခါက ဖြစ်ရပ်မှန်သမိုင်းဝင်ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်GPS တွေမပေါ်သေးတဲ့နန်းတွင်းခေတ်မှာဆိုရင် မြေပုံတွေကိုပဲအားကိုးအားထားပြုကြရပါတယ် ဒါပေမယ့် အားကိုးရတဲ့မြေပုံကသာမှားယွင်းရေးဆွဲထားပါက လူကိုသတ်တာနဲ့အတူတူပါပဲဒီကားထဲမှာဆိုရင်လည်း မြေပုံဆွဲဆရာ ကင်ဂျောင်းဟိုငယ်စဉ်အချိန် သူပုန်တွေခေတ်ထတော့ နန်းတွင်းအရာရှိတွေက ကုန်သည်တွေကိုသွားတိုက်စေခဲ့ပါတယ် ဒီကုန်သည်‌‌တွေထဲမှာ ဂျောင်းဟိုအ‌ဖေလည်းအပါအဝင်ပေါ့အာဏာရှိလူတွေကခိုင်းတာကြောင့် မတတ်သာပဲ မြေပုံလေးတစ်ခုနဲ့ ထွက်လာကြတဲ့ကုန်သည်တွေဟာ မြေပုံအမှားကြောင့် နှင်းတောထဲလမ်းပျောက်ကာ မရှူမလှသေခဲ့ရပါတယ် ဖခင်သေဆုံးခဲ့ရလို့စိတ်နာခဲ့တဲ့ကင်ဂျောင်းဟိုလေးကြီးပြင်းလာတော့ ကမ္ဘာအနှံခြေဆန့်ပြီး ကမ္ဘာ့အရှေ့ခြမ်းမြေပုံကိုနှစ်နဲ့ချီရေးဆွဲခဲ့ပါတော့တယ်တခြားနေရာမှာသာဉာဏ်မကောင်းတဲ့ဂျောင်းဟိုက မြေပုံဆိုရင်တော့ သစ်ပင်ကအစမလွဲဘဲဆွဲနိုင်တာကြောင့် အရူးမြေပုံဆွဲသမားလို့လည်း ခေါ်ကြပါသေးတယ် ဒီလိုနဲ့ တစ်နေ့ နန်းတွင်းအင်အားကြီးနှစ်ဖွဲ့ကြား အရှုပ်အရှင်းတွေပေါ်ပေါက်လာခဲ့ပြီး ဒီမြေပုံကိုမဖြစ်မနေရရမယ့်အနေအထားပေါ်လာခဲ့ရမှာတော့... ဘာတွေဆက်ဖြစ်သွားမလဲ အသက်ထက်တန်ဖိုးထားရတဲ့ဒီမြေပုံကို‌ကင်ဂျောင်းဟိုကာကွယ်နိုင်မလားဆိုတာ အခုပဲဒေါင်းကြည့်လိုက်ကြပါတော့ရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(3.2GB) / (1.5GB) Quality__HD_1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__02:10:00 Type__Drama, History Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

The Map Against The World (2016)