Channel Myanmar

Nancy McLoughlin

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
Friday the 13th Part VI: Jason Lives (1986) 6
Friday the 13th Part VI: Jason Lives (1986) Friday the 13th Part VI: Jason Lives (1986)~ IMDb - 6/10, Rotten Tomatoes - 50% ~၁၃ ရက် သောကြာနေ့ လူသတ်သမားကြီး ဂျေဆင်ဗော်ဟီးရဲ့ ခြောက်ကားမြောက်ဖြစ်ပါတယ်။ ဘယ်လိုပဲသေသေ အမြဲပြန်လာနေကျ ဂျေဆင်တစ်ယောက် အခုလည်း သေရွာကနေ ပြန်နိုးထလာခဲ့ပြန်ပါပြီ။ဂျေဆင်ကို အသွေးထဲအသားထဲ အသည်းထဲက မုန်းတဲ့သူ တွန်မီက ညတိုင်း အိပ်မက်ထဲမှာ ဂျေဆင် သူ့ကို လာခြောက်လှန့်နေတာကို သည်းမခံနိုင်တော့ပါဘူး။တွန်မီတစ်ယောက် ဂျေဆင်ကိုမြှုပ်ထားတဲ့ သင်္ချိုင်းကို သူငယ်ချင်းတစ်ယောက်နဲ့ မိုးသည်းညတစ်ညမှာ ပြန်လာခဲ့တယ်။ မြေပုံကိုတူးပြီး အလောင်းကိုပြန်ဖော်တယ်။ သံတူရွင်းနဲ့ အငြိုးတကြီး ထိုးတယ်။ အဲဒီမှာတင် ရင်ဝကိုစိုက်နေတဲ့ သံတူရွင်းကို မိုးကြိုးပစ်လိုက်ပြီး ဂျေဆင် ပြန်နိုးထလာပါတော့တယ်။နဂိုကထက် ပိုအင်အားကြီးပြီး ပိုသတ်ရခက်တဲ့ သဘာဝလွန်သတ္တဝါကြီး ဂျေဆင် ပြန်လာပြီဆိုတာကို ရဲစခန်းကို အပြေးအလွှားသွားပြောခဲ့ပေမဲ့ ...
movie

Friday the 13th Part VI: Jason Lives (1986)

1986
Sometimes They Come Back (1991) 5.7
Sometimes They Come Back (1991) Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie

Sometimes They Come Back (1991)

1991