Channel Myanmar

Nandan Unni

Aattam (2023) 8.5
Aattam (2023) Aattam (2024) ပြဇာတ် IMDb 8.5/10အဖွဲ့သားတွေတစ်စုတစ်စည်းနဲ့ အောင်မြင်မှုတွေဆွတ်ခူးကြတဲ့ ပြဇာတ်အဖွဲ့သားများ နိုင်ငံခြားသားတွေတောင်သဘောကျလို့ ချီးကျူးသံတွေကြားဝေဝေဆာနေတာပေါ့ အကြောင်းကတော့ ဒီ၁နှစ်နေမှ ၃ပွဲလောက်ကရတဲ့အဖွဲ့ထဲ ရုပ်ရှင်မင်းသားတစ်ယောက်ရောက်လာလို့ပါအမာခံပရိသတ်တွေကြားရေပန်းစားလာတော့ ပြဇာတ်ထဲရောက်တာ၂နှစ်ပဲကြာသေးပေမဲ့ သူ့ကိုခေါင်းဆောင်မင်းသားတင်လိုက်ပါတယ် ဒီပြဇာတ်ထဲမှာ ၁၄နှစ်လောက်နေလာတဲ့လူကိုတော့ ဟီးရိုးနေရာမပေးလို့တင်းတဲ့လူကတင်းပေါ့ ဒီလိုနဲ့ အအောင်မြင်ဆုံးပြဇာတ်ကပြီး နိုင်ငံခြားသားစုံတွဲကသဘောကျသွားလို့သူတို့အိမ်ဆီ တစ်ဖွဲ့လုံးကိုအလည်ဖိတ်ခဲ့တယ် အဖွဲ့လိုက်ရောက်သွားတဲ့ ဒီပါတီမှာမူးတဲ့လူကမူး ရူးတဲ့လူကရူး နဂိုတည်းကတင်းနေတဲ့ ကောင်ကတင်းဆိုတော့ထင်မထားတဲ့ဘယ်လိုပြဿနာတွေကြုံကြမလဲ ငွေနဲ့တရားမျှတမှုကြား ဘာတွေကအနိုင်ရမလဲဆိုတာတော့ ....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်) File size…2.33GB  / 982MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ
movie

Aattam (2023)

2023
Kurukkan (2023) 5.9
Kurukkan (2023) Kurukkan (2023) IMDb-6.1/10ဘတ်ဂျတ်ရူပီး၂ကုဋေကျော်အသုံးပြုရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာမှုခင်းရုပ်ရှင် မလေယာလမ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆိုရှယ်မီဒီယာပေါ်က နာမည်ကျော် ဆယ်လီတယောက် အသတ်ခံရတဲ့အမှုကိုလိုက်ရင်း မီဒီယာရှေ့မှာ အရှက်တကွဲဖြစ်ခဲ့တဲ့ ရဲအရာရှိက သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ဖို့အရေး အဲဒီလူသတ်မှုတရားခံကိုကြိုးစားပြီးရှာခဲ့တယ်။သူ့စိတ်အထင်နဲ့ပဲ ဟာရီဆိုတဲ့လူကို လူသတ်တရားခံအဖြစ် စွပ်စွဲပြီးတဲ့နောက် ရုံးတော်မှာ ယုတ္တိရှိရှိနဲ့ မမှန်သက်သေထွက်ဆိုတတ်တဲ့ လူယုတ်မာတယောက်နဲ့ပေါင်းပြီး ဟာရီကို လူသတ်တရားခံအဖြစ်ဖမ်းခဲ့တယ်။သက်သေအထောက်အထားတချို့ကလည်း ဟာရီဆီ့ကိုညွှန်ပြနေလေတော့ တရားခံအဖြစ်နဲ့ အမှုရင်ဆိုင်ရပါတော့တယ်။မဟုတ်မှန်းသိလာရက်နဲ့ သူ့ဂုဏ်သိက္ခာကိုအဖတ်ဆယ်ဖို့အရေး လုပ်ကြံဖန်တီးသူ ရဲအရာရှိနဲ့ တရားခံရိုးစွပ်ခံရသူဟာရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြပုံတို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Zwe Yan~BpL~Moonတို့ပဲဖြစ်ပါတယ်) File size…1.8GB / 860MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni~V~Zwe Yan~BpL~Moon
movie

Kurukkan (2023)

2023
2018 (2023) 8.8
2018 (2023) 2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie

2018 (2023)

2023
Malik (2021) 8.1
Malik (2021) Malik (2022) Action, Drama, Biography IMDb 8.1/10ဒီဇာတ်ကားလေးက အရမ်းကို ကြေကွဲဖို့ကောင်းတဲ့ လူမိုက်ကြီးတစ်ယောက်ရဲ့အကြောင်းပေါ့...လူမိုက်ဆိုတာနဲ့ ကျွန်တော်တို့ ရမ်းကားဆိုးသွမ်းနေတဲ့ လူတစ်ယောက်လို့ ပြေးမြင်မိကြတယ်မလား...မဟုတ်ပါဘူး..အများအကျိုးကိုသယ်ပိုးနေရင်းနဲ့ အခြေအနေနဲ့အချိန်အခါက သူ့ကိုလူမိုက်ကြီးတစ်ယောက်ဖြစ်စေခဲ့တာပါ...သူ့နာမည်က ဆိုလိုင်မန်အလီ ခေါ် အလီဘိုင် မာလစ်(ဂေ့ါဖားသား)လို့ ပြောစမှတ်တွင်ခဲ့တဲ့သူပေါ့...ရာမာဒါပက်လီဆိုတဲ့မွတ်စလင်ရွာလေးနဲ့ ယေဒါဗက်သရားလို့ခေါ်တဲ့ ခရစ်ယာန်ရွာလေးနှစ်ရွာရှိတယ် ပင်လယ်ပြင်နဲ့နီးစပ်တဲ့ ကမ်းနားရွာလေးတွေပေါ့ အဲ့ဒီရွာနှစ်ခုက ညီရင်းအစ်ကိုတွေပမာ သင့်မြတ်စွာနေထိုင်ကြလို့ ဘယ်နိုင်ငံရေးသမားကမှ အမြတ်ထုတ်လို့မရတဲ့ ရွာလေးတွေပေါ့..အဲ့ဒီရွာတွေရဲ့ဆိုးကျိုးကိုလိုလားပြီး အမြတ်ထုတ်ချင်နေကြတဲ့လူတွေကို ကောင်းကောင်းပညာပေးတဲ့သူက အလီဘိုင်...ကိုယ့်ရွာ ကိုယ့်ပြည်သူ ကောင်းကျိုးအတွက်ဆို လူမျိုးရေးမခွဲခြားဘဲ အသက်ပေးရပေးရ လူပဲသတ်ရသတ်ရ အရဲစွန့်မယ့်လူစားမျိုး...အများအမြင်မှာတော့ လူမိုက်ကြီးပေါ့ တစ်မြို့နယ်လုံးကလည်း သူတစ်ခွန်းဆိုတစ်ခွန်း လေးစားချင်ခင်ကြတယ်...ဒီလိုလူမျိုးဆိုတော့လည်း မလိုတမာမုန်းထားတဲ့လူက များပြီပေါ့...လူရင်းတွေကပါ အကောက်ကြံလာတဲ့အခါ ဒီလူမှန်လူခါးကြီးရဲ့ ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဖန်သားပြင်ထက်မှာ ရှုစားကြည့်ကြပါ..ဒီဇာတ်ကားလေးကို ကြည့်ပြီးသွားတဲ့အခါ ရင်ထဲတစ်ခုခုကျန်စေရပါမယ်လို့ ညွှန်းပေးလိုက်ပါတယ်နော်... File size…2.75GB / 1.34GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Malik (2021)

2021