Channel Myanmar

Naomen Eerdeni

Battle of Snakes ( 2023 ) 5.7
Battle of Snakes ( 2023 ) CM ရဲ့ တရုတ်ကားချစ်သူတို့အတွက် ဒီတစ်ခေါက်မှာတော့ အဏ္ဏဝါမိစ္ဆာမြွေကြီး ဇာတ်လမ်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေး အစမှာ လူသူဝေးတဲ့နေရာကို ကူးစက်စေတဲ့ ဓာတုအညစ်အကြေးအရည်တွေကို စွန့်ပစ်ဖို့ ကြိုးစားတဲ့ မသမာလူတစ်စုကြောင့် ပင်လယ်ထဲ ပြောင်းလဲမှုကြီးတစ်ခုဖြစ်ခဲ့တယ်...တစ်ဖက်မှာလည်း ပူတင်းဆိုတဲ့ သမီးလေးနဲ့ သားအဖသံယောဇဉ် ရင်ကြားစေ့ဖို့ ကြိုးစားနေတဲ့ လင်ဟောက်တုန်းတို့ သားအဖကလည်း... သူငယ်ချင်း မာဖန်း ကျေးဇူးနဲ့ ပင်လယ်ခရီးစဉ်စတင်ဖို့ဖြစ်ခဲ့တယ်...လင်ဟောက်တုန်းနဲ့ မာဖန်းတို့က ကိုယ်ပိုင်တိရစ္ဆာန်ဥယျာဉ် အသေးလေး ဖွင့်ထားတာဖြစ်ပြီး ဟောက်တုန်းမှာ ရှောင်ဟေးဆိုတဲ့ လိမ်မာလွန်းတဲ့ မျောက်ဝံတစ်ကောင်ရှိတယ်... ဒီမျောက်ဝံကို အချိန်ပေးလွန်းတာကြောင့်လည်း ကွာရှင်းဖို့ဖြစ်လာပြီး သူ့သမီးလေး ပူတင်းနဲ့လည်း သူစိမ်းဆန်သွားခဲ့တာပေါ့...ဒီလိုနဲ့ ဖင်အန်းသင်္ဘောကြီးရဲ့ အပျော်ခရီးစဉ်စခဲ့တာပေါ့... ဒီခရီးစဉ်က ဘာကို အကြောင်းပြုတာလဲ... ဘာကြောင့် တိရစ္ဆာန်တွေကို ဖိတ်ကြားခဲ့ရတာလဲ... နောက်ပြီး အပျော်ခရီးစဉ်ကြီး ဘယ်လို အဆုံးသတ်သွားမှာလဲ... စိတ်ဝင်စားဖွယ်ရိုက်ကူးထားတာမို့ ကြည့်ရတာ အရှုံးမရှိစေမယ့် ကားကောင်းတစ်ခုပါ...Quality : WEB-DL 1080p , 720p Format : mp4 Genres : Thriller Runtime : 1h 17 min Subtitle : Myanmar ...
movie

Battle of Snakes ( 2023 )

Fight Through The Yin-Yang House ( 2023 ) 5.7
Fight Through The Yin-Yang House ( 2023 ) ဒီတခေါက်မှာတော့ CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မင်ကော်ခေတ်မှာ သင်္ချိုင်းဖုန်းရွှေကြည့်တဲ့ အယူတွေကို အလေးထားကြပါတယ်။ "ချမ်းသာဖို့နေအိမ်ကြည့်၊ ရာထူးတိုးဖို့ သင်္ချိုင်းကြည့်" ဆိုပြီး ပြောနေကြပါတယ်။ ဆရာယင်းယန်ရဲ့ တာဝန်ကတော့ နဂါးဂူတည်ရာကိုရှာပြီး နေအိမ်နဲ့ သင်္ချိုင်းအတွက် နေရာကောင်းတွေကို ရှာဖွေပေးဖို့ဖြစ်ပြီးတော့ လူအများရဲ့ လက်ခံခြင်းကို ခံရပါတယ်။မြေနတ်အမည်ရတဲ့ ကောယင်းယန်ဟာ လင်ရှန်းမြို့မှာ ကျေးဇူးရှင်ကျန့်ဝုန်းကို လာရောက်ရှာဖွေချိန်မှာပဲ လင်ရှန်းမြို့မှာ ဆန်းကြယ်တဲ့ ကြွက်အိမ်ထောင်ပြုပွဲတစ်ခု ရှိတာတွေ ဖုန်းရွှေနေရာကောင်းမှာရှိတဲ့ မိသားစုတစ်စု သေဆုံးရခြင်းအကြောင်းတွေကို ကြားသိခဲ့ရပါတယ်။ဖုန်းရွှေခိုးပြီး ချမ်းသာလာတဲ့ ညီအစ်ကို ၂ ယောက်ဟာ ၃ နှစ်တိတိ မိခင်အတွက် ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။ ဒါတွေက အစစ်တွေလား အတုအယောင်တွေလား...... သဲလွန်စအားလုံးဟာ ပုံပြင် ၃ ခုနဲ့ ဆက်နွယ်နေပါတယ်။အကျိုးနဲ့အကြောင်းဟာ သံသရာလည်နေပြီး နောက်ကွယ်က လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာပါတယ်။ သရဲတစ္ဆေထက် ကြောက်ဖို့ကောင်းတဲ့ လူ့စိတ်ဆိုတဲ့အရာကို ဘယ်လို ဖော်ထုတ်ကြမလဲဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်ပြီး ကြည့်ရှုခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 720p Format : ...
movie

Fight Through The Yin-Yang House ( 2023 )