Channel Myanmar

Natalie Beder

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
In Her Name (2016) 7.0
In Her Name (2016)  ပြင်သစ်နိုင်ငံ ဂျာမနီနိုင်ငံတို့မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး ရိုက်ကူးထားတဲ့ ပြင်သစ်ကားလေးပါ။ သားသမီးဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ ကိစ္စတစ်ခုပေါ်မှာ အဖေတစ်ယောက်အနေနဲ့ အရှုံးမပေးပဲဇွဲနပန်းကြီးစွာ ၂၇ နှစ်လောက်ထိ ကြိုးစားမှုတွေကို တင်ဆက်ပေးထားတဲ့မှုခင်းနောက်ခံ ရုပ်ရှင်လေး ဖြစ်ပါတယ်။ဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး စာရင်းကိုင်လုပ်ငန်းနဲ့အဆင်ပြေနေတဲ့ အန်ဒရေးတစ်ယောက်ဟာ ဇနီးသည်ဖောက်ပြားတာကိုလက်ဝယ်မိပြီး ကွာရှင်းပြီးတဲ့နောက် ၁၉၈၂ ခုနှစ်မှာ သတင်းဆိုးတစ်ခုကြားလိုက်ရပါတယ်။ အဲဒါကတော့ ကျောင်းပိတ်ရက်ဖြစ်လို့ သားသမီးတွေကိုမိခင်ရှိရာ ဂျာမနီကို အလည်အပတ်ဆိုပြီး ပို့လိုက်ရတာကနေ သမီးဖြစ်သူဆုံးပါးသွားတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း သေဆုံးရခြင်းအကြောင်းအရင်းကို အတိအကျ မသိရလို့ လိုက်လံ စုံစမ်းရာကနေ နောက်ကွယ်ကရွံရှာဖွယ် အမှန်တရားကို သိလိုက်ရတဲ့အချိန် တရားခံဖြစ်သူကို တစ်ကမ္ဘာလုံးနဲ့တစ်ယောက်ဆန့်ကျင်ပြီး အပြစ်ပေးနိုင်ဖို့ ဘယ်လိုတွေ ကြိုးစားရုန်းကန်ရလဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။ အန်ဒရေးနေရာကလည်း ပြင်သစ် ဝါရင့်မင်းသားကြီးDaniel Auteuil သရုပ်ဆောင်ထားတာပါ။ File size…1.38GB / 627MB Quality…Blu-Ray 1080p 5.1 CH ...
movie

In Her Name (2016)