Channel Myanmar

Natalie Brown

Twisted Neighbor (2023)
Twisted Neighbor (2023)  စာရေးဆရာမ တစ်ဦးဖြစ်တဲ့ ကောလင်း ကက်ဟာ သူမရဲ့ နောက်ကြောင်းအချို့ကြောင့် နယူးယောက်မြို့မှ ဆန်နီဗက်စ်တာ မြို့လေးကို ရောက်ရှိလာခဲ့တယ်။မြို့လေးဟာ သာယာပျော်ရွှင်စရာကောင်းပြီး အိမ်နီးချင်းတွေဟာလည်း ဖော်ရွေကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာတော့ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်ထားတာကိုတော့ ဘယ်သူမှ မသိခဲ့ကြပါဘူး။တနေ့မှာတော့ ကောလင်းရဲ့ သူငယ်ချင်းဟာလည်း ခြိမ်းခြောက်စာ ရရှိပြီးနောက် ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတာကြောင့် သူမဟာလည်း လူသတ်သမားကို ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ သူမကိုယ်တိုင်လည်း ခြိမ်းခြောက်စာ ရရှိလာတဲ့အခါ သူမအနေနဲ့ ဘယ်လိုမျိုး စွန့်စား ရှာဖွေသလဲဆိုတာကို စိတ်ဝင်စားစရာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(683 MB) Quality…. 720p Format…mp4 Duration….01:29:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La
movie

Twisted Neighbor (2023)

Saw V (2008) Saw 5 5.8
Saw V (2008) Saw 5 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw V (2008) Saw 5

The Breach (2022)
The Breach (2022) The Breach (2022)~ Rotten Tomatoes - 82% ~မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ...
movie

The Breach (2022)

2022
Ashgrove(2022) 5.3
Ashgrove(2022) ဒီကားက ၁နာရီခွဲသာကြာပြီး ဇာတ်လမ်းအစမှာတင် ကမ္ဘာတစ်ခုလုံးကရေတွေက အဆိပ်တောက်ဖြစ်ပြီး လူတွေကိုသတ်နေခဲ့တာကြောင့်လူတွေကရေကိုအောင်စတွေနဲ့ တစ်နေ့ကိုဘယ်လောက်ဆိုပြီးတိုင်းတာပြီးသောက်သုံးနေကြရတယ် အဲ့တာကိုဖြေရှင်းဖို့ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တွေကကြိုးစားနေပြီး အထူးသဖြင့်အဖြေနဲ့အနီးကပ်ဆုံးလို့ထင်ရတဲ့Dr.Ashgrove, Jenniferအနေနဲ့Amanda Brugelကသရုပ်ဆောင်ထားပါတယ် သူ့ခင်ပွန်းအနေနဲ့ကတော့Jasonအဖြစ်နဲ့Jonas Charnickပေါ့ လူသားတွေကိုကယ်တင်ရမယ့်တာဝန်တွေပိနေတဲ့မိန်းမတစ်ယောက်က အလုပ်မှာပဲတာဝန်ပိနေခဲ့ပြီးအိမ်ထောင်ရေးဘက်ကိုလည်းဂရုမစိုက်နိုင်ဖြစ်ပြီး အတိတ်မေ့ရောဂါစတင်ခံစားလာခဲ့ရတာပေါ့ အဲ့ကနေမှအလုပ်ကခနအနားယူတာကနေ အိမ်ထောင်ရေးပဋိပက္ခတွေကို သဘာဝဆန်ဆန်ရိုက်ကူးထားပါတယ် ဇာတ်လမ်းကကြည့်ရှုသူတွေကို၁နာရီအစောပိုင်းမှာအနည်းငယ်ပျင်းနေစေလိမ့်မယ် ဒါပေမဲ့ နောက်မှတစ်ကယ့်big twistတစ်ခုပေါ်လာပြီး ဪဆိုပြီးဖြစ်သွားစေမယ့်ဇာတ်ကားတစ်ကားပါ အဲ့တော့ဒီဇာတ်လမ်းမှာ လူသားမျိုးနွယ်တစ်ခုလုံးအတွက်မဖြစ်မနေလိုအပ်တဲ့ရေကပ်ရောဂါကိုဘယ်လိုဖြေရှင်းဖို့နည်းလမ်းတွေ့မလဲနဲ့ Jasonနဲ့Jenniferတို့ရဲ့သဘာဝကျလွန်းတဲ့သရုပ်ဆောင်ချက်တွေကကြည့်ရှုသူကိုဆွဲခေါ်သွားမှာတော့အမှန်ပါပဲ IMDB 5.9/10ရထားပြီး ခရမ်းချဉ္သီးRatingကတော့89%ရထားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာFile size…(1.18GB)  / (`631MB) / (299MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Htet Aung
movie

Ashgrove(2022)

Nightmare Alley (2021) 7.4
Nightmare Alley (2021) နာမည်ကြီးcrime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့Nightmare Alley (2022)ထွက်ရှိလာပါပြီCast ​တွေအ​နေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcast​တွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.4 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ်အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnivalအဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်၊ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သ​ဘော​ပေါက်သွားပါတယ်၊ အဲဒီပါရမီ က​တော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ၊ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံး​ပေါ်ထိပ်ကွက်၊ သူများမျက်ခုံး​​​​မွေး​ပေါ် စင်္ကြံ​လျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မ​ကောင်းမှုတစ်ခုကို စိတ်ပညာမှာ ...
movie

Nightmare Alley (2021)

Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%    ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie

Dawn of the Dead (2004)

2004