Channel Myanmar

Natalie Daniels

Killer Fortune Teller (2024) 5.0
Killer Fortune Teller (2024)  ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo
movie

Killer Fortune Teller (2024)

Trapped in the Farmhouse (2023) 5.1
Trapped in the Farmhouse (2023) ဒီဇာတ်ကားက 2023 ခုနှစ်​မှာ​ အသစ်​ထွက်ရှိလာတဲ့ သည်း​ထိတ်​ရင်​ဖို​ Horror/Thriller အမျိုးအစားဇာတ်​ကားပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ရည်းစား​ဖြစ်သူ​ရဲ့​ အနိုင်​ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေး​လာတဲ့​ အမ်မာဆိုတဲ့အမျိုး​သမီးတစ်ဦး​ဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်း​နဲ့တိုးပြီး​ အိမ်​တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်​ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့​ အမ်မာ​တစ်ယောက်​ တဖြည်း​ဖြည်း​နဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်​ချက်​တွေရှိနေတာကိုပါပဲ။မုန်တိုင်း​ကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ​ ပိုမို​ဆိုးရွား​တဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်​ကြို​နေပါတော့တယ်။ ဇာတ်လမ်း​က​ Thriller အမျိုးအစား​ဖြစ်တဲ့​အတွက်​ ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်​နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာ​နေရာမှာ​ The​ Perfect​Wedding​ Match​ ထဲက​ Jenna​ Michno​ က​ သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​တစ်လျှောက်လုံးမှာ​ မိုးတွေရွာပြီး မိုးကြိုး​မုန်​တိုင်း​တွေ၊ လေဆင်​နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက်​ ဒီလို​မိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(745 MB) Quality….Webrip  720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Trapped in the Farmhouse (2023)