Channel Myanmar

Natalie Palamides

The Inventor (2023) 5.9
The Inventor (2023)  The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animationဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ်ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်းအကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရောအောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်းစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.58GB / 717MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

The Inventor (2023)

Freaks of Nature (2015) 5.9
Freaks of Nature (2015)  ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကိုဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေကအတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီးမြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။  File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Freaks of Nature (2015)

Merry Little Batman (2023) 6.4
Merry Little Batman (2023) Merry Little Batman (2023)~ IMDb - 6.4/10, Rotten Tomatoes - 94% ~ခရစ္စမတ်အန်နီမေးရှင်း တစ်ကားလုံးအပြည့်ကောင်းကောင်းတန်းတန်းကားလည်း မကြည့်ရတာကြာပြီ... ဘတ်မန်းအန်နီမေးရှင်းကိုလည်း မြင်နေကျပုံစံမဟုတ်ဘဲ ပုံစံအသစ်နဲ့မြင်ချင်တယ်ဆိုရင်ကြည့်ရမယ့် ဘတ်မန်းအန်နီမေးရှင်းကားအသစ်ပါပဲ။ ဒီကားကိုတော့ ထူးထူးခြားခြား ဝါနာဘရားသားက မထုတ်ဘဲ Metro-Goldwyn-Mayer ကနေ ထုတ်ထားပါတယ်။ ပြောရရင် ဝါနာဘရားသားက ထုတ်တာမဟုတ်တဲ့ ပထမဆုံး ဒီစီအန်နီမေးရှင်းကားပါပဲ။ ဘတ်မန်းရဲ့နာမည်ကျော်ဗီလိန်တွေ အကုန်ပါသလို ခရစ္စမတ်အရသာလည်း အပြည့်အဝရတာမို့ သိပ်မလိုတော့တဲ့ ခရစ္စမတ်ကို စောင့်မျှော်ရင်း ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်ဟာ ခင်ဗျားငယ်ငယ်က ပုတက်တို့ ကစ်ဇုန်တို့ရဲ့ ခရစ္စမတ်အထူးထုတ်တွေမှာ ဖတ်ရတဲ့ ကာတွန်းတွေရဲ့အရသာကို ပေးနိုင်ပါတယ်။ဇာတ်ကတော့ ထူးထူးခြားခြားပဲ။ ဂေါ်သမ်မြို့မှာ ဘာမှုခင်းမှမရှိတော့တဲ့ ကာလမှာတည်ထားတယ်။ ဂေါ်သမ်ဟာ ကမ္ဘာ့ဘေးအကင်းဆုံးမြို့တော်အဖြစ်ပါ မဲပေးခံခဲ့ရတဲ့ကာလပေါ့။ ဘတ်မန်းကလည်း သူ့သား ဒေမီယန်ဝိန်းလေးကို ဖူးဖူးမှုတ်မတက် အိမ်မှာ ဂရုစိုက်နေပြီး ...
movie

Merry Little Batman (2023)

2023
Apocalypse Clown (2023)
Apocalypse Clown (2023)  ဒီနှစ်ထဲထွက်ထားတဲ့ ပေါက်တတ်ကရ အခွီ ဟာသရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဟာသကားက လူရွှင်တော်တွေအကြောင်းကို ရိုက်ထားတာပါ။ ဘိုဘိုက လူရွှင်တော်အလုပ်နဲ့ အသက်မွေးနေသူ အသုံးသိပ်မကျတဲ့ လူရွှင်တော် အရှုံးသမားတစ်ယောက်ပါ။ဂျန်နီမလုံးကတော့ ဘိုဘိုနဲ့ အရင်ကဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးတဲ့ mommy issues တွေတပုံတပင်နဲ့ ဂျာနယ်လစ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ လူရွှင်တော်တွေရဲ့ ဖခင် လူရွှင်တော်သခင်ကြီး ယောင်ဒီကော့ခ် ရုတ်တရက်ဆုံးပါးသွားတဲ့အတွက်ကြောင့် ဘိုဘိုနဲ့ ဂျာနယ်လစ် ဂျန်နီအပါအ၀င် ရပ်နီးရပ်ဝေးကလူရွှင်တွေပါ ယောင်ဒီကော့ခ်ရဲ့ အသုဘကို ရောက်လာကြပါတယ်။ဒီလိုနဲ့ အသုဘအပြီးမှာတော့ ရုတ်တရက် လျှပ်စစ် အင်တာနက် ဖုန်းလိုင်းတွေပါ အကုန်ပြတ်တောက်သွားတဲ့နောက်မှာတော့ ဘိုဘိုတို့ လူရွှင်တော်တစ်သိုက်ဟာ ဘာဖြစ်လို့ဖြစ်နေမှန်းမသိဘဲ စမ်းတဝါးဝါးနဲ့ စွန့်စားခန်းခရီးရှည်ကြီးကိုဆက်ကြရပါတော့တယ်။‌နောက်ထပ်ပါ၀င်လာမယ့် အခွီဇာတ်ကောင်တွေကိုတော့ ရုပ်ရှင်ထဲရောက်မှပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။ပေါက်ကရ ဟာသကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကတော့ လက်ခံနိုင်စရာရှိတာမလို့ ပေါ့ပေါ့ပါးပါးနဲ့ စခွီထရင်း အပန်းဖြေချင်တဲ့သူတွေအတွက်ကတော့ ကြည့်ရှုဖို့သင့်တဲ့ ဟာသရုပ်ရှင်လေးတစ်ခုပဲဖြစ်ပါတယ်။(ရုန့်ရင်းကြမ်းတမ်းတဲ့ရိုက်ကွက်တွေ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့ မသင့်ပါကြောင်း) File size…(1.7 ...
movie

Apocalypse Clown (2023)

Jackass Forever (2022) 7.1
Jackass Forever (2022) Jackass Forever ဒါကတော့ Jackass film series ရဲ့နောက်ဆုံးထွက်ရှိလာတဲ့ကားပါ။Jackass အစီအစဉ်တွေကတော့ အရင်အတိုင်းပဲ ထူးဆန်းတဲ့စတန့်ကွက်တွေ လုပ်ပြပြီးအဖွဲ့သားအချင်းချင်းနောက်ပြောင်ကြတာမျိုးပါ။စတန့်တော်တော်များများက အန္တရာယ်များပြီး ရွံစရာကောင်းတာတွေလည်းပါပါတယ်။တစ်ကားလုံး ပေါက်တတ်ကရတွေလုပ်ပြနေလို့ တော်တော်ရယ်ရပါတယ်။ဒီကားက Jackass ရုပ်ရှင်တွေထဲမှာတော့ အကောင်းဆုံး rating ရထားပါတယ်။ဟိုးအရင် MTV ကအစီအစဉ်မှာတည်းက ပါ၀င်ခဲ့တဲ့ Johnny Knoxville တို့ Steve O တို့အစုံအလင်ပါ၀င်ကြပြီး Machine Gun Kelly ,Eric Andre တို့ကလည်း Guest star အဖြစ်ပါ၀င်ထားပါတယ်။ရုပ်ရှင်ထဲက စတန့်တွေကိုအပြင်မှာတော့မစမ်းကြည့်ကြပါနဲ့ဦးနော်။Genre.....Comedy, Action, documentary Quality….WEB-DL 480p and 720p File size…(1.6GB)/(346.80MB) Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... SP Encoder .....Mr. Anderson
movie

Jackass Forever (2022)