Channel Myanmar

Nataša Stanković

Fukrey Returns (2017) 6.9
Fukrey Returns (2017) ဒီတစ်ခါမှာတော့စီအမ်ပရိတ်သတ်တွေအတွတ်ဘောလိဝုကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Fukrey Returns (2017) ဆိုတဲ့ ဟာသကားလေးပါ။IMDb rating 6.8/10 ရထားတာဆိုတော့ဒီလောက်ကြီးညွှန်းစရာမလိုတော့ပါဘူး။ဒါပေမယ့်ဘောလိဝုပေါကားလေးတစ်ကားလို့လည်းသတ်မှတ်လို့တော့ရပါတယ်။ပေါကားဆိုပေမယ့်ဇာတ်လမ်းထဲမှာပြောတဲ့စကားလုံးတွေကမြန်မာပေါကားတွေလိုအောက်ပိုင်းပြက်လုံးတွေနဲ့ရူးတူးတူးစကားလုံးတွေမဟုတ်ပါဘူး။ဇာတ်လမ်းရဲ့ဖြစ်စဉ်ထဲမှာပဲအလွဲလွဲအချော်ချော်လေးတွေဖြစ်သွားရင်းနဲ့ရယ်ရမယ့်ဟာသမျိုးတွေပါ။မြန်မာတွေအတိုင်းပဲအိမ်မက် မက်တဲ့ဟာလေးကိုအတိတ်ကောက်ပြီး၂လုံး၃လုံးထိုးကြသလိုဒီဇာတ်လမ်းလေးထဲမှာလည်းကောင်လေးတစ်ယောက်ရဲ့အိမ်မက်နဲ့လူငယ်လေးယောက်ကံစမ်းရင်းပိုက်ဆံတွေအများကြီးရလာပါတယ်။အဲ့အချိန်ကောင်မလေးတစ်ယောက်ကလည်းသူတို့လေးယောက်နဲ့ပူးပေါင်းပြီးအလုပ်အတူတူလုပ်ခဲ့ကြပေမယ့်ကောင်လေး၄ယောက်ရဲ့ထောင်ချောက်ဆင်ခံရမှုကြောင့်ထောင်ကျသွားခဲ့ပါတယ်။ထောင်ကလွတ်ဖို့နိုင်ငံရေးသမားတစ်ယောက်နဲ့ကတိလုပ်ပြီးပြန်လွတ်လာချိန်မှာကောင်လေး၄ယောက်ဆီကနေအကြွေးပြန်တောင်းပါတော့တယ်။တစ်ဖက်ကကောင်လေးတွေမှာလည်းလုပ်ငန်းတစ်ခုလုပ်ကိုင်ရင်းနဲ့မီလီယံပေါင်းများစွာအရှုံးပေါ်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲအိမ်မက် မက်တဲ့ကောင်လေးကရတနာပစ္စည်းတွေကိုမြင်မက်လာပါတယ်။ဒီရတနာပစ္စည်းတွေကသူတို့အတွတ်ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ဒါပေမယ့်တစ်ဖက်မှာလည်းအကြွေးတွေပေးဖို့ရှိနေတော့ဒီရတနာတွေကိုရှာဖို့အကြောင်းဖန်လာပါတော့တယ်။ဒီရတနာတွေရဖို့ကိုတော့ဘယ်လိုဆက်ကြိုးစားမလဲဒီရတနာတွေကဘယ်လောက်တောင်အဖိုးတန်နေလဲဒီရတနာတွေကိုရောတကယ်ပဲရလာပါ့မလားဘယ်လိုအန္တရာယ်မျိုးတွေနဲ့ရင်ဆိုလာရမလဲ စတဲ့မေးခွန်းတွေကိုတော့ဇာတ်လမ်းအဆုံးမှာပရိသတ်ကြီးကအဖြေရှာတွေ့ကြမှာပါ။ဇာတ်လမ်းလေးကိုပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုခံစားရင်းရယ်မောလိုက်ကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 21min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.H264.AAC2.0-DTOne Translated by Nay Myo Encoded by Thanhtike Zaw
movie

Fukrey Returns (2017)

2017