Channel Myanmar

Natasha Wilona

Argantara (2023)
Argantara (2023) Argantara (2022)ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
movie

Argantara (2023)

Nini Thowok (2018) 7.8
Nini Thowok (2018) Nini Thowok (2018)CM ပရိတ်သတ်ကြီးအတွက် 2018 က ထွက်ခဲ့တဲ့ အင်ဒိုနီးရှား သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။"Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြို့လေးမှာ အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖို့စေခိုင်းခံရတဲ့ ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။Nini Thowok ဆိုတာ လူသားကဲ့သို့ လှုပ်ရှားနိုင်တဲ့ အရုပ်လို့ အဓိပ္ပါယ်ရပြီး ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လို့လည်း လူသိများကြပါတယ် ။ အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။နာရာနဲ့ နာဒင်းတို့ ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ...
movie

Nini Thowok (2018)

2018