Channel Myanmar

Natividad Vacío

The Man with Two Brains (1983)
The Man with Two Brains (1983) ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမ‌လှ‌လေးက‌ ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာက‌နေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း‌ သိရှိခဲ့ရတဲ့အပြင် စကား‌ပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါ‌တော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ .... IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေး‌တွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ...
movie

The Man with Two Brains (1983)

The Magnificent Seven (1960) 7.8
The Magnificent Seven (1960) Magnificent Seven 1960IMDb 7.8ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် Seven Samurai ရုပ်ရှင်ကို အခြေခံပြီး ကောင်းဘွိုင်ဇာတ်လမ်းအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်လည်း ဆုတွေအတော်ရခဲ့ပြီး အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပဲ ဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့အင်အား ၄၀ ကျော်ရှိတဲ့ ဓားပြအုပ်စုကြီးရဲ့ လုယက်အနိုင်ကျင့်မှုတွေကို မခံနိုင်တော့တဲ့ ရွာလေးတစ်ရွာက လယ်သမားတွေဟာ ရှိသမျှပစ္စည်းလေးတွေနဲ့ သူတို့ဘက်က ကာကွယ်ပေးမယ့် သေနတ်သမားတွေကို လိုက်ပြီးငှားရမ်းပါတယ်။စုစုပေါင်း ဒေါ်လာ ၂၀ ထဲနဲ့ သူတို့အတွက် အသေခံတိုက်ပေးမယ့် ထူးထူးခြားခြား သေနတ်သမား ၇ ယောက် ပေါ်ပေါက်လာတဲ့အခါ.....Tartee Poe ဘာသာပြန်ထားပါတယ်
movie

The Magnificent Seven (1960)

1960