Channel Myanmar

Navid Mohammadzadeh

Beyond The Wall (2022) 7.0
Beyond The Wall (2022) 2022 ကထွက်ရှိထားပြီး စီးပွားရေးအထိကရုဏ်းတွေကြားက အမေတစ်ယောက်အကြောင်းနဲ့ လူတိုင်းကိုကူညီတတ်တဲ့ အလီဆိုတဲ့လူတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ Dramaကားလေးတစ်ကားပေါ့။ဇာတ်လမ်းအညွန်းကိုပြောရရင်တော့ အလီက အကြောင်းတစ်ခုကြောင့် မျက်လုံးကန်းခါနီးအခြေအနေကို ရောက်သွားရတဲ့ လူတစ်ယောက်ပါ။ သူဟာ အဲဒီအခြေအနေကြောင့်ပဲ စိတ်ဓာတ်တွေကျပြီး ကိုယ့်ကိုကိုယ်သ-တ်သေဖို့ ကြိုးစားနေတာနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒါပေမဲ့ ထိုသို့သ-တ်သေဖို့ကြိုးစားတာ မအောင်မြင်ခင်မှာပဲ အဓိကရုဏ်းကိစ္စတွေကြောင့် ထွက်ပြေးလာတဲ့အမျိုးသမီးတစ်ယောက်က သူ့အခန်းထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပါပဲ ထို့နောက် ထိုအမျိုးသမီးက သူ့ကို ရဲတွေလိုက်ဖမ်းလို့ပြေးရတဲ့အကြောင်း, သူ့ရဲ့သားလေးကလဲ ရဲတွေသူ့ကိုဖမ်းတုန်းက လမ်းမှာပျောက်ကျန်ခဲ့ကြောင်းပြောတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်သာ သ-တ်သေဖို့ကြိုးစားနေပေမယ့် တခြားသူတွေဒုက္ခရောက်တာကို လုံးဝမကြည့်နိုင်တဲ့ လူကောင်းကြီးအလီက မျက်လုံးမမြင်လျက်ကြီးနဲ့ပဲ ထိုအမျိုးသမီးကို အမျိုးမျိုးကူညီဖို့ကြိုးစားတော့တာပါပဲ။ဒီလိုနဲ့ ... ထိုအမျိုးသမီးကရောဘယ်သူလဲ? ဘာလို့ သူ့အခန်းထဲကိုမှရောက်လာခဲ့ရတာလဲ?... အလီကရော သူမျှော်လင့်ထားသလိုကူညီနိုင်မှာလားဆို‌တာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(2.16 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Beyond The Wall (2022)

Leila’s Brothers (2022) 7.9
Leila’s Brothers (2022) Leila's Brothers (2022)~ IMDb - 7.9/10, Rotten Tomatoes - 86% ~ဒီတစ်ခေါက်မှာတော့ မိသားစု Vibe ကို အပြည့်ပေးစွမ်းနိုင်မယ့် အီရန်ကားတစ်ကား တင်ပေးလိုက်ပါတယ်။ မိသားစုဇာတ်လမ်းလို့ ပြောလိုက်ရင် တော်တော်များများက ပျင်းဖို့ကောင်းတယ်လို့ထင်ကြမှာပါ။ ဒါပေမဲ့ အီရန်ကားတွေထုံးစံအတိုင်း တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်နေတဲ့ အိမ်တွင်းရေးအရှုပ်အရှင်းတွေ၊ ဖြစ်ချင်ဇောနဲ့ လူငယ်တွေကိုလိုက်ပြီး အတင်းအကြပ်ချုပ်ချယ်တတ်တဲ့ လူကြီးတွေရဲ့ အတ္တစိတ်၊ ပတ်ဝန်းကျင်အခြေအနေကြောင့် လုပ်ချင်ရာလုပ်ပြီး ကိုယ့်အတွက်ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တော့မှ လွယ်လွယ်နဲ့လက်မြောက်အရှုံးတတ်တဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ မိုက်မဲမှုတွေကို ပေါ်လွင်အောင် ရိုက်ကူးပေးထားတဲ့ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကိုတော့ သိပ် မ Spoil တော့ပါဘူး။ နာမည်အတိုင်း လိုင်လာဆိုတဲ့ အမျိုးသမီးဇာတ်ကောင်ကိုအခြေခံရိုက်ကူးထားပါတယ်။ လိုင်လာ့မှာ မိသားစုဝင် မိသားစုဝင်ခုနစ်ယောက်ရှိပါတယ်။ သူ့အစ်ကို အကြီးနှစ်ယောက်ကလည်း အလုပ်လက်မဲ့ဖြစ်သွား၊ သူ့မောင်နှစ်ယောက်ကလည်း သုံးစားမရဖြစ်တဲ့အပြင်၊ သူမိဘနှစ်ပါးကလည်း အမျိုးတွေကြားမှာ မျက်နှာရအောင် ရရာကြံပြီး မိသားစုဂုဏ်ကိုပြိုင်လုကြတာကို အီရန်ကားတစ်ကား ...
movie

Leila’s Brothers (2022)

2022