Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Neena Gupta
7.4
Kaagaz 2 (2024)
Kaagaz 2 (2024)IMDb - 7.6/102021 တုန်းက အိန္ဒိယအစိုးရနဲ့ 19 နှစ်တိတိ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Kaagaz 1ရဲ့အောင်မြင်မှုတွေအပြီးမှာတော့ Kaagaz 2 ထပ်မံထွက်ရှိလို့လာပါပြီ။ Life Struggleကိုပြသချင်တာချင်းတော့တူပေမဲ့ ဒီတစ်ခါမှာတော့ political satire မဟုတ်ဘဲ past traumaတွေနဲ့အိန္ဒိယစစ်သားလေးတစ်ယောက်ရဲ့ သူရဲကောင်းဘဝခရီးလေးပေါ့။ငယ်ငယ်ထဲက ဆရာမကဘာလုပ်ချင်လဲမေးရင် စစ်သားကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့ အူဒေးတို့သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်လာတော့ အိပ်မက်အတိုင်းပဲ စစ်ထဲဝင်လို့ စစ်သင်တန်းကျောင်းတက်ကြတာပေါ့။စစ်ယူနီဖောင်းကသာကြည့်ကောင်းပေမဲ့ တပ်စည်းကမ်းနဲ့ တပ်လေ့ကျင့်ရေးတွေက ပျော်စရာမဟုတ်တဲ့အတွက် အူဒေးတစ်ယောက် စိတ်ညစ်လာပါတော့တယ်။ တကယ်တော့ သူစစ်ထဲဝင်ချင်တာ မိသားစုဂုဏ်ကြောင့်တို့ အမိမြေကြီးကိုချစ်လို့တို့မဟုတ်ဘဲ Daddy Issues တွေနဲ့ကြီးပြင်းခဲ့တဲ့သူဆိုတော့ သူသတ္တိရှိကြောင်းကိုပြချင်ခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ ထွက်မယ်တကဲကဲလုပ်နေတဲ့အူဒေးကို သူငယ်ချင်းက ချစ်သူမွေးနေ့မှာ ခိုးထုတ်ပေးမယ်ဆိုပြီး ချွေးသိပ်လိုက်တာပေါ့။ချစ်သူတာနူနဲ့တွေ့ပြီးအပြန်မှာ လူတစ်စုက မိန်းကလေးကို ဣန္ဒြေပျက်အောင် စော်ကားနေတာမြင်တော့ သူရဲကောင်းဖြစ်ချင်နေတဲ့အူဒေးလည်း ထုံးစံအတိုင်း ဟီးရိုးဝင်လုပ်ပါတော့တယ်။ ဟီးရိုးဆိုရင် ချီးမြှောက်ခံရမယ်ထင်ပေမဲ့ လက်တွေ့မှာ အိန္ဒိယစစ်စည်းကမ်းနဲ့အပြစ်ပေးခံလိုက်ရတော့ ကျောင်းပြေးလေးလုပ်ချင်နေတဲ့အူဒေးတစ်ယောက် ရင်ထဲကအစိုင်အခဲတွေကြီးမားလာတဲ့အခါ....အူဒေးတစ်ယောက် ကျောင်းပြေးလေးပဲဖြစ်သွားမလား တပ်ထဲမဝင်ခင်က သူရဲဘောမကြောင်ဘဲ သူရဲကောင်းလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကိုပဲ ဖြည့်ဆည်းနိုင်သွားမလားဆိုတာ ဆက်လက်ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie
Kaagaz 2 (2024)
2024
8.0
Mast Mein Rehne Ka (2023)
Mast Mein Rehne Ra (2023) သူခိုးများရဲ့ည IMDb - 8.0/10နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် တိုက်ဂါးရှရော့ဖ်ရဲ့ ပါပါး မင်းသားကြီး ဂျက်ကီရှရော့ဖ်နဲ့ မင်းသမီးကြီးနီနာဂုပတာတို့ပါဝင်ထားပြီး Gully boy(2019)မှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် ဒိုင်ယာလော့တွေကိုရေးပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာ သရုပ်ဆောင် ဒါရိုက်တာကြီး ဗီဂျေးမာရူယာက ရိုက်ကူးထားတာပါ။ အထူးအနေနဲ့ကတော့ ဘောလိ၀ုဒ်ရဲ့ နာမည်ကျော်အကဆရာမဖြစ်တဲ့ ရာခီဆာဝန့်က cameoပါဝင်ထားပါတယ်။ဖြစ်ရပ်တွေက အချိန်မတိုင်ခင်ဖြစ်တယ် အချိန်တိုင်ပြီးလည်းဖြစ်တယ် ဘာလို့ အချိန်မှန်ကျ မဖြစ်ရတာလဲ... ဆက်နွှယ်မှုဆိုတာဘာလဲသိလား ဆက်နွှယ်မှုဆိုတာဒီလောကကြီးမှာ အန္တရာယ်အရှိဆုံးအရာတစ်ခုပဲ လူတစ်ယောက်နဲ့ ဆက်နွှယ်မိသွားရင် မင်းရဲ့မာနတွေ အကုန်ခဝါချရလိမ့်မယ်။။တစ်မြို့ထဲမှာပဲကိုယ်စီအခက်အခဲတွေနဲ့ ဘဝလေးခု-အထီးကျန်လွန်းလို့ ဘဝကြီးကိုစိတ်ကုန် အိမ်ဝင်ခိုးတဲ့သူခိုးကိုတောင်သတ်သွားပါလို့တောင်းပန်နေရတဲ့ အထီးကျန်အားငယ်နေရတဲ့အဘိုးကြီးတစ်ယောက် -နိုင်ငံခြားကနေ အမိနိုင်ငံကိုပြန်လာပေမဲ့ ခြွေရံပေါင်းသင်းမရှိ ပတ်ဝန်းကျင်နဲ့ခင်မင်ရင်းနှီးချင်လွန်းတဲ့ နိုင်ငံခြားပြန်အဘွားကြီးတစ်ယောက် -ရိုးသားကြိုးစား စက်ချုပ်စားပေမဲ့ ကံကြမ္မာမျက်နှာသာမပေးခံရတဲ့ စက်ချုပ်သမားလေးတစ်ယောက် -ကြမ်းတမ်းတဲ့လောကဓံအကြား ဘဝကိုဒေါင်ကျကျပြားကျကျ အကောင်းဆုံးရှင်သန်နေတဲ့ကောင်မလေးတစ်ယောက်အဘိုးကြီးနဲ့အဘွားကြီး စက်ချုပ်သမားနဲ့ကောင်မလေး ဒီအတွဲနှစ်တွဲဆုံတွေ့ကြပုံကလည်းထူးဆန်းသလို အချင်းချင်းဖေးမရင်းဘဝကိုဖြတ်သန်းကြပုံကလည်း ရိုးရှင်းလှပနေတဲ့ဇာတ်လမ်းတစ်ပုဒ်ဒီအတွဲ၂တွဲတို့ရဲ့ အချစ်ဇာတ်လမ်းကိုကြည့်ရင်း Timing ဆိုတာ လက်တွေ့ဘဝမှာ အရေးကြီးကြောင်း Timing မကိုက်တဲ့ဇာတ်လမ်းတွေက နောင်တတွေနဲ့သာအဆုံးသတ်ရတတ်ကြောင်းကို မျက်ဝါးထင်ထင်ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ...
movie
Mast Mein Rehne Ka (2023)
2023
7.4
Ishq-e-Nadaan (2023)
Ishq-e-Nadaan 2023ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်...ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH
movie
Ishq-e-Nadaan (2023)
2023
6.7
Shiv Shastri Balboa (2023)
Shriv Shastri Balboa(2023) IMDb 6.8/10 Comedy/Dramaမင်းသားကြီး Arnupam Kherရဲ့ အသစ်ထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Jugal Hansraj၊ Nargis Fakhri စတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ အငြိမ်းစားယူထားတဲ့ လက်ဝှေ့ပညာရှင်ကြီး ရှာစတီဟာ ရော့ကီရုပ်ရှင်ရဲ့အမာခံပရိသတ်တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုတွေဟာ ရော့ကီရုပ်ရှင်ကြောင့် ဖြစ်တည်လာတာလို့ပြောရရင်လည်း မမှားပါဘူး။ရှာစတီဟာ ကျန်ရှိနေတဲ့သူ့ရဲ့ဘဝကို တစ်ဦးတည်းသောသားလေးရှိတဲ့ အမေရိကန်မှာ နေထိုင်ရင်း ကုန်ဆုံးဖို့အတွက် ခရီးစတင်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အမေရိကန်ဟာ ဓလေ့တွေ နေထိုင်ပုံတွေ အကုန်ကွဲပြားနေတဲ့ နိုင်ငံနှစ်ခုဖြစ်တဲ့အတွက် နေသားကျဖို့ဆိုတာ မလွယ်ကူခဲ့ပါဘူး။ မိသားစုရှိရာကိုပြောင်းလာခဲ့ပေမယ့်လည်း အိမ်ကြီးထဲမှာ ခွေးလေးတစ်ကောင်နဲ့သာ အဖော်ပြုနေထိုင်ရင်း အချိန်ကုန်ဆုံးနေရပါတယ်။ အမေရိကန်မှာ နေထိုင်နေရတဲ့ သူ့ရဲ့ဘဝဟာ ဘယ်လိုအခက်အခဲတွေကြုံရဦးမလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်လမ်းတွေဖြစ်လာဦးမလဲဆိုတာကို ဟာသလေးလည်းနှောရင်း ကြည့်ရှုကြရမယ့် မိသားစုဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…2.3GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Voldemort~Zwe ~Cherry~BpL
movie
Shiv Shastri Balboa (2023)
7.2
Lust Stories 2 (2023)
Lust Stories 2 (2023) IMDb-6.2/10(Rating 18+ဖြစ်တာကြောင့် မိသားစုနဲ့အတူမကြည့်သင့်ပါ)2018ခုနစ်ကထွက်ရှိခဲ့တဲ့ Emmyဆန်ခါတင် Lust Stories(2018)ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို Netflix မှထုတ်လွှင့်ခဲ့ပါပြီ။ပရိတ်သတ်အသဲစွဲ မင်းသမီးတွေဖြစ်ကြတဲ့ တောင်ပိုင်းမင်းသမီးကြီး တမန်နားဘာတီယာနဲ့ DDLJထဲက ဟင်ဒီမင်းသမီးကြီးကားဂျိုးနဲ့ ပြစ်ချက်မရှိအောင်လှပါလေသော မရူနားလ်ထာကုရ်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။။အရင်ကားလိုပဲ 18+အဆင့်သတ်မှတ်ထားပေမယ့် လိင်စိတ်အသားပေးထားတာမျိုးမဟုတ်ဘဲ လိင်မှုဆိုင်ရာပညာပေးသဘောအနေနဲ့ အဓိကရိုက်ကူးထားပါတယ်။ အမျိုးသမီးတွေအနေနဲ့ သူတို့လက်တွဲဖော်အမျိုးသားများမသိတဲ့အချက်တွေ သူတို့ကိုယ်တိုင်တောင် မသိတဲ့စိတ်နေစိတ်ထားတွေကို အကောင်းဆုံးပုံဖော်ရိုက်ကူးထားပါတယ်။ ဒီကားမှာလည်း ဒါရိုက်တာလေးဦးကနေမတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ အမျိုးသမီးတွေကိုအဓိကနေရာကနေ တင်ဆက်ထားပါတယ်။အိမ်ထောင်ရေးမှာ လိင်စိတ်ကအဓိကကျတာမျိုးဟုတ်မနေပေမယ့် loveနဲ့ sexနှစ်မျိုးလုံးယှဉ်တွဲမှသာ အိမ်ထောင်ရေးတခုတည်မြဲနိုင်ကြောင်းကို ဇာတ်လမ်းတိုလေးပုဒ်နဲ့ တပုဒ်ချင်းရသတွေပေါ်လွင်အောင် အကောင်းဆုံးတင်ဆက်ထားတာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ Voldemort,Moon,Zwe,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.9GB / 736MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Voldemort~ Moon ~ Zwe ~ ThaikSan
movie
Lust Stories 2 (2023)
2023
7.5
Mrs. Chatterjee Vs Norway (2023)
Mrs Chatterjee Vs NorwayIMDb-7.4/10 Rotten Tomatoes-15%ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီးမောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ်အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ်လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai
movie
Mrs. Chatterjee Vs Norway (2023)
7.3
Vadh(2022)
Vadh (2022)IMDb-7.4/10အိန္ဒိယကားတွေက ကခုန်ခြင်း မင်းသားရဲ့ အိုဗာပါဝါတွေနဲ့ နာမည်ကြီးသလို ဒရမ်မာဇာတ်ကားတွေ ရိုက်တဲ့နေရာမှာလဲ မညံ့ကြောင်း 3 idiots တို့ PK တို့ Super 30 တို့လိုဇာတ်ကားတွေမှာလဲ တွေ့နိုင်မှာပါယခုဇာတ်ကားက အိန္ဒိယကားထဲမှာ ရှားရှားပါးပါး Thriller အမျိုးအစားပါ Thriller ကိုမှ ရိုးရိုးစိတ်လှုပ်ရှားရရုံတင်မက စိတ်မွန်းကျပ်လာအောင်ကို လုပ်တဲ့ အမျိုးအစားပါအသက်ကြီးကြီး ကျောင်းဆရာအိုကြီးနဲ့ သူ့မိန်းမဟာ သားကိုနိုင်ငံခြားပို့ဖို့အတွက် အကြွေးတွေယူခဲ့ပြီး အဲဒီအကြွေးတွေလည်ပင်းနစ် ဘဝပျက်နေတဲ့ အချိန်မှာ ကံဆိုးမသွားရာ မိုးကြိုးပါပစ်ချတဲ့ ဇာတ်လမ်းသွားက Thriller ဆိုတဲ့အတိုင်း တဖြည်းဖြည်းဇာတ်ရှိန်မြင့်လာပြီး အဘိုးကြီးရဲ့မွန်းကျပ်မှုတွေနဲ့အတူ ဝင်ခံစားရင်း ထိုင်ရာမထကြည့်ဖြစ်သွားမှာမို့ ပရိသတ်ကြီးကိုလဲ လက်တို့ပေးလိုက်ပါတယ် File size…1.5GB / 719MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Sai Thu Rein ~ Nyein Aye
movie
Vadh(2022)
2022
7.7
Uunchai (2022)
Uunchai ( 2022 ) IMDb 7.7/10အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့ 3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်...ဇာတ်လမ်းအကျဉ်းကတော့ အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှ ဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့...။ ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ ဘယ်လိုပြင်ဆင်ကြမလဲ...။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ...။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့....ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော် File size…2.6GB / ...
movie
Uunchai (2022)
2022
7.9
Goodbye (2022)
Goodbye (2022) Comedy, Drama, Family IMDb 7.9/10 (5.3K)အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးမှာတော့ အမီတာဘဂျမ်းကြီးရယ် အားလုံးအချစ်တော် မင်းသမီးလေး ရက်ရှမီကားရယ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်ဒီဇာတ်ကားလေးက ရက်ရှမီကားအတွက် ဘောလီဝုဒ်လောကကို ပထမဦးဆုံး စတင်ခြေလှမ်းလာတဲ့ ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးကို ကြည့်ရင်းနဲ့လည်း သံဝေဂတွေ အများကြီးရပါတယ်...ဇာတ်ကားနာမည်ကိုက ဂွတ်ဘိုင်တဲ့လေ..ဟုတ်ပါတယ် ကျွန်တော်တို့ တစ်နေ့ကျရင် ဒီလောကကြီးကနေ နှုတ်ဆက်ခွဲခွာကြရမှာပါ ဘဝသံသရာကြီးကိုလည်း ကြုံဆုံတွေ့ရဦးမှာပါတစ်ချိန်မှာ ကိုယ်က သားသမီးနေရာမှာ ဆိုးချင်တိုင်း ဆိုးခဲ့ပေမယ့် တစ်နေ့ကျရင် မိဘနေရာကို ဝင်ကြရမှာပါပဲ...လောကဓံတရားက ကိုယ်နဲ့အတူအမြဲရှိနေမှာပါ..ဒီတော့ မိဘေတွေကို ရှိနေတုန်း တန်ဖိုးထားကြပါ မိဘနဲ့အတူအချိန်ဖြတ်သန်းကြပါ မိဘကို အချိန်ပေးကြပါလောကမှာရှိနေစဉ် ကိုယ့်ညီအစ်ကိုမောင်နှမတွေနဲ့လည်း သင့်သင့်မြတ်မြတ်နေထိုင်ဖြတ်သန်းကြပါ အချင်းချင်းဂရုစိုက်ပေးကြပါတစ်ချိန်မှာ ကိုယ့်သွေးသားရင်းခြာ..ကိုယ့်မိဘတွေနဲ့ နှုတ်ဆက်ခွဲခွာရတဲ့အခါမှာလည်း ကောင်းသောနှုတ်ဆက်ခြင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးဟာ မိသားစုဒရာမာကားကောင်းလေး တစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်....။ File size…2GB / 1GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor ~ Shwe Pyae ~ ...
movie
Goodbye (2022)
2022
7.4
83 (2021)
83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie
83 (2021)
2021
Veere Di Wedding (2018)
Veere Di Wedding (2018) --------------------------------- မိန်းကလေးတိုင်းမှာ ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူနဲ့ ပတ်သက်ပြီး ငယ်ရွယ်စဉ်အခါကထဲက အိမ်မက်ကိုယ်စီရှိတတ်ကြပါတယ်.... တစ်ချို့က ငယ်ငယ်ကထဲက စကြိုက်မိတဲ့သူနဲ့ပဲ အိမ်ထောင်ပြုမယ်...တစ်ချို့ကျ ချမ်းသာတဲ့သူ...တစ်ချို့ကျတော့လည်း တွဲသမျှရည်းစားတိုင်းနဲ့ အဆင်မပြေတာကြောင့် အိမ်က ပေးစားမယ့်သူပဲ စောင့်နေတော့မယ်ဆိုပြီးတော့ပေါ့၂၀၁၈ က ထွက်ရှိထားတဲ့ Veere Di Wedding မှာ ငယ်ပေါင်း မိန်းကလေး သူငယ်ချင်း ၄ ယောက်ရဲ့ ကိုယ်စီ အိမ်ထောင်ပြုရေး၊ အိမ်ထောင်ရေး သုခ ဒုက္ခတွေကို ပေါ့ပေါ့ပါးပါးလေးနဲ့ မြင်ရတယ်။ တစ်ယောက်က နိုင်ငံခြားသားနဲ့ လင်ယူသားမွေးထား၊ တစ်ယောက်က ငယ်ချစ်နဲ့ ရပေမယ့် အိမ်ထောင်ရေး ဒုက္ခရောက်နေရပြီး ရည်စားတွေနဲ့ ပြတ်ထားတဲ့ တစ်ယောက်ရှိသလို... ၃ နှစ်ကြာတွဲလာပြီးမှ လက်ထပ်ဖို့ အရေးတွန့်ဆုတ်နေရ...ခေါင်းရှုပ်နေရတဲ့ မင်းသမီးချော Kareena Kapoor လည်းရှိနေပြန်ပါတယ်...ရုပ်ရှင်ထဲမှာ သူငယ်ချင်းတွေရဲ့ ချင်ခင်ရင်းနှီးမှု၊ မင်္ဂလာဆောင်ခါနီး မိဘတွေရဲ့ ...
movie
Veere Di Wedding (2018)
6.0
Sardar Ka Grandson(2021)
Sardar Ka Grandson(2021)အညွှန်း*******************************ဒီဇာတ်ကားလေး ကတော့ ဟင်ဒီစကားပြော Romance/Comedy အမျိုးအစား ဇာတ်ကားလေးဖြစ်ပြီးArjun Kapoor နဲ့ မင်းသမီးချော Rakul Preet Singh တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း Amreekရဲ့ အဖွားဖြစ်သူ Sardar ဟာ အန္ဒိယနဲ့ ပါကစ္စတန် မပြိုကွဲခင် လာဟိုရ်မှာ အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ခဲ့ကြပြီးထိုအိမ်ကို စက်ဘီးကုမ္ပဏီ အဖြစ် တည်ထောင်ဖို့ စိတ်ကူးခဲ့ကြပါတယ်။ဒါပေမဲ့ Sardarဟာ မမျှော်လင့်ပဲ သူ့ရဲ့ ယောကျာ်းကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် နှစ် ၇၀တိုင်တိုင် အတိတ်ဖြစ်ရပ်ဆိုးကို ခံစားနေခဲ့ရရှာပါတယ်။တစ်နေ့မှာတော့ သူဟာ လာဟိုရ်က အိမ်ကို သွားကြည့်ချင်ကြောင်း Amreekကိုနားပူနားဆာလုပ်ပါတော့တယ်။Amreekကလည်း သူ့ရဲ့အဖွားကို လာဟိုရ်ခေါ်သွားဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် အရာမရောက်ခဲ့ပါဘူး။ဒါကြောင့်ပဲ သူက လာဟိုရ်ကအိမ်ကို သူ့အဖွားကြည့်နိုင်ဖို့ အမ်ရိတ်စာရ်မြို့ဆီကို သယ်လာဖို့ ဆုံးဖြတ်လိုက်ပါတယ်။အလုပ်တိုင်းကို တစ်ဝက်တစ်ပျက်နဲ့ ချန်ထားတတ်တဲ့အကျင့်ရှိတဲ့ Amreekတစ်ယောက် ...
movie
Sardar Ka Grandson(2021)
6.1
Shubh Mangal Zyada Saavdhan (2020)
မင်းသားချောကြီး အရွက်ရှ်မန်းရဲ့ အားလုံးစောင့်မျှော်နေကြတဲ့ ကားသစ်စစ်စစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။တစ်ကားနဲ့တစ်ကား မထပ်ရအောင် ကာရိုက်တာမျိုးစုံနဲ့ ရိုက်ပြီး အောင်မြင်မှုတွေ ယူတတ်တဲ့ မင်းသားချောဟာ ဒီတစ်ခါမှာ ဂေးဇာတ်ရုပ်နဲ့ မြင်ရမှာပါ။ဂေးဆိုလို့ မြင်နေကျ ခပ်နွဲ့နွဲ့ ဟာသခြောက် မဟုတ်ပါဘူး။ ဒေါသကြီးကြီး စီးပွားရေးခြောက်လည်း မဟုတ်ပါဘူး။သာမန်ယောကျ်ားတွေလိုပဲ နေပြီး ယောကျ်ားချင်းပဲ ကြိုက်တတ်တာပါ။(အခြောက်လို့ ခေါ်လားမခေါ်လားတော့ မသိဘူး၊ ဂေးဆိုတာကတော့ သေချာတယ်)ကာသစ်နဲ့ အာမန်ဆိုတဲ့ ချစ်သူနှစ်ယောက်ရှိတယ်။ ဒေလီမှာ အလုပ်အတူလုပ်ရင်း ချစ်ကြိုက်နေကြတာပေါ့။မိဘတွေ သိရင်တော့ ဘယ်လို နေမလဲ။ တစ်နေ့တော့ အာမန်ရဲ့ မိသားစုမှာ အစ်မတော်ရဲ့ မင်္ဂလာဆောင် ရှိလာတော့ အာမန်ကို မင်္ဂလာဆောင်လာခဲ့ဖို့ ခေါ်တယ်။အာမန်မသွားချင်ပေမဲ့ မိသားစုကို တောင့်တနေသူ ကာသစ်ကတော့ သွားချင်တာပေါ့။အာမန်ကို အတင်းတောင်းဆိုပြီး အာမန်ရဲ့ မိသားစုရှိရာ အလာဟာဘတ်ကို သူတို့ ချစ်သူနှစ်ဦး လိုက်သွားတဲ့အခါမှာတော့...သူတို့ချစ်ခြင်းကို မထောက်မခံတဲ့ မိသားစု ပတ်ဝန်းကျင်ကို သူတို့ ...
movie
Shubh Mangal Zyada Saavdhan (2020)
2020
7.2
Panga (2020)
(Unicode)IMDb 7.3/10 Rotten 93% အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူးဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranautဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ... ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကိုနောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ...
movie
Panga (2020)
2020
8.2
Badhaai Ho (2018)
IMDb 8.2/10 Rotten Tomatoes 86%Badhaai Ho (ဂုဏ်ယူဝမ်းမြောက်ပါတယ်) ဒီစကားလုံးကို ကြောက်လွန်းလို့ ပတ်ဝန်းကျင်ကနေထွက်ပြေးနေရသူ တစ်ယောက်ရှိပါတယ်သူ့နာမည်က နာခူ(လ်)ပါအသက်အရွယ်ရ ၂၀ ကျော်၊ ၁၅ နှစ်သာသာညီတစ်ယောက်ရှိတယ်ချစ်စရာကောင်းတဲ့ ရည်းစားတစ်ယောက်ရယ်၊ တည်တည်တံ့တံ့ အလုပ်အကိုင်လည်း ရှိတယ်ဒါဖြင့် ဘာကြောင့်များ ပတ်ဝန်းကျင်က ဂုဏ်ပြုစကားကို ကြောက်နေရတာလဲဂုဏ်ပြုပါတယ်ဆိုတာက သူ့အနေအထားကိုလားဘာကို ဂုဏ်ပြုတာလည်းအဖြစ်ကတော့ ဒီလိုပါဗျာ ...တနေ့ ၅၀ ကျော်၊ ၆၀ အရွယ်မိခင်ကြီး နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းသွားပြရပါတယ်ဆေးခန်းမှ အိမ်ပြန်ရောက်တော့နာခူလ် - အမေ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဆရာဝန် ဘာပြောလိုက်လဲ အဖေအဖေ - ဆရာဝန်ပြောတာက၊ ဆရာဝန်ပြောတာကလေအိမ်ကို ဧည့်သည်တစ်ယောက် ရောက်လာမယ်တဲ့အငယ်ကောင် - ဧည့်သည်လာရင် သားအခန်းတော့ ပြောင်းမပေးနိုင်ဘူးနော် အဖေ၊ ကြိုပြောထားတာအဖေ - ဧည့်သည်သေးသေးလေးပါကိုယ်က ၂၀ ကျော်အရွယ်ရောက်နေမှ အသက် ၅၀ ကျော် အမေက ကိုယ်ဝန်ရှိနေတယ်ဆို ခင်ဗျားဘာလုပ်မလဲ ...
movie
Badhaai Ho (2018)
2018
6.1
Mulk (2018)
File Size : (1.20 GB) and (550 MB) Quality : HDRip 720p Running Time : 2hr 20min Format : Mp4အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ အသက် ၆၅ နှစ်အရွယ် မူရာဒ် အလီ မိုဟမ္မဒ် အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်ပြီးပတ်ဝန်းကျင်မှာ လူလေးစားကြည်ညိုရတဲ့ ရှေ့နေတစ်ယောက်လူတိုုင်းနဲ့ အဆင်ပြေပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတစ်ခုပိုင်ဆိုင်ထားသူဂြိုဟ်ဆိုးဝင်ချင်တော့ သူနဲ့ တစ်အိမ်တည်းနေ သူ့အုပ်ထိန််အဓိကသရုပ်ဆောင်တွေအဖြစ် ဂန္တဝင်မင်းသားကြီး Rishi Kapoor နှင့် မင်းသမီးချော Taapsee Pannu တို့က ပါဝင်သရုပ်ဆောင်ထားပြီး တခြားအနုပညာရှင် အတတ်ပညာရှင်ပေါင်းစုံမှ အကောင်းဆုံး အားဖြည့်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ...
movie
Mulk (2018)
2018