Channel Myanmar

Neil Coleta

Rewind (2023) 7
Rewind (2023) Rewind (2023)ယခုတစ်ခါမှာတော့ အချိန်နောက်ပြန်သွားတဲ့ ဖိလစ်ပိုင် အချစ်ရိုမန့်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မယ်ရီလို့ခေါ်တဲ့ကောင်မလေးဟာ ငယ်ငယ်လေးကတည်းက ဂျွန်ဆိုတဲ့ကောင်လေးကို ချစ်လာခဲ့ပြီး သူတို့တွေ ကြီးလာတဲ့အခါမှာလည်း အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်မှာ အော်စတင်လို့ခေါ်တဲ့ သားလေးတစ်ယောက်ရှိလာတဲ့နောက်မှာ ဂျွန်ဟာလည်း အလုပ်သရဲပီပီ အလုပ်အားတဲ့အချိန်မှာတောင် အလုပ်ကိုပဲ ဘယ်လိုတွေတိုးချဲ့ရမလဲဆိုတာ တွေးတောနေသူ။ ဂျွန်ဟာ အလုပ်ရှုပ်ရင်ရှုပ် မရှုပ်ရင် ပင်ပန်း မဟုတ်ရင် စိတ်ဆိုးနေလေ့ရှိပြီး မိသားစုနဲ့လည်း‌ နွေးထွေးမှုတွေ ပျောက်ဆုံးလို့နေပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဂျွန်ဟာ သူမှန်းထားတဲ့ ရာထူးတိုးနေရာကို မရလိုက်တဲ့နောက်မှာတော့ စိတ်လိုက်မာန်ပါလုပ်ပြီး အလုပ်ကနေ ထွက်လာခဲ့ပြီးနောက်ရက်မှာ သားလေးအော်စတင်ရဲ့ ပရိုဂရမ်ကို ဂျွန်နဲ့မယ်ရီတို့အတူသွားကြရင်း ကားပေါ်မှာ ရန်ဖြစ်ရင်း ကားတိုက်မှုဖြစ်ကာ မယ်ရီဟာ သေဆုံးသွားခဲ့ရပါတယ်။ မယ်ရီသေဆုံးသွားတဲ့နောက်မှာ ဂျွန်ဟာနောင်တကြီးစွာနဲ့ အရက်သောက်နေရင်း လော့ချ်လို့ခေါ်တဲ့ ဘုရားသခင်နဲ့ဆုံတွေ့ပြီး သူ့မိန်းမမသေဆုံးခင်အချိန်ကို ပြန်သွားပြီး ကယ်တင်နိုင်မဲ့အခွင့်အရေးရလာတဲ့နောက်မှာတော့ ....... ဂျွန်ဟာ အတိတ်ကို ဘယ်လိုပြင်ဆင်သွားမလဲ ..... အရင်က အဆင်မပြေဖြစ်နေတဲ့ သူတို့မိသားစုလေးရော အဆင်ပြေသွားမလား.... ဆိုတာတွေကို ကြည့်ရှုရမဲ့ ရိုမန့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ...
movie

Rewind (2023)

2023
Labyu with an Accent(2022) 6.7

Labyu with an Accent(2022)

Crazy Beautiful You (2015) 7.4
Crazy Beautiful You (2015) KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့...ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ ...
movie

Crazy Beautiful You (2015)

Princess Dayareese (2018) 8.1
Princess Dayareese (2018) Princess Dayareeseဇာတ်လမ်းအညွှန်းဒီဇာတ်လမ်းလေးမှာတော့ Movie name ထဲက အတိုင်း ဒိုင်ယာနာရိစ်ဆိုတဲ့ ကောင်မလေးကတော့ အဓိကဇာတ်ကောင်ပေါ့ သူ့မှာမိဘတွေမရှိတော့ဘူး သူ့အဖေဘက်က မိသားစုကချမ်းသာတယ် သူ့အဖေဆုံးတော့ သူ့အဖိုးက သားမိနှစ်ယောက်ကို အိမ်ပေါ်ကနှင်လိုက်တယ် နောက်တော့ သူ့အမေကလည်း ဆုံးပါးသွားပြီး အဒေါ်ရဲ့မိသားစုနဲ့အတူတူနေတယ် အဲ့အဒေါ်မှာ သားတွေလည်းရှိတယ်. သူတို့နဲ့အတူပေါင်းပြီး မင်းသမီးက ဖိလစ်ပိုင်ကိုအလည်အပတ်လာတဲ့ နိုင်ငံခြားတွေကို လိမ်စားတဲ့သဘောမျိုးပေါ့. အဲ့လိုနဲ့ပိုက်ဆံရှာတယ်. သူတို့ဘဝက အဆင်မပြေလှတော့ ပိုက်ဆံအများကြီးလိုချင်ကြတယ်.တစ်နေ့တော့ သူနဲ့ရုပ်ချင်းဆင်တဲ့ အော်ရို့ဆိုတဲ့တိုင်းပြည်က မင်းသမီးတစ်ပါးက သူ့ကိုပြန်ပေးဆွဲပြီး အဲ့မင်းသမီးကသူ့ချစ်သူကိုရှာချင်တာကြောင့်ရက်၄၀အတွင်း သူ့နေရာမှာ ခဏအစားဝင်ပေးဖို့ ငွေနဲ့အပေးအယူလုပ်တယ်. မင်းသားနာမည်ကတော့ ခေးလပ်.သူက video မှတ်တမ်းရိုက်တဲ့သူပေါ့. မင်းသားကလည်း အော်ရို့တိုင်းပြည်မှာ documentary တစ်ခုရိုက်ဖို့သွားရင်း မင်းသားနဲ့မင်းသမီး ဘယ်လိုဆုံတွေ့ကြမလဲ သူတို့နှစ်ယောက်ကြားက အချစ်ကိုဘယ်လိုပေါ်လွင်အောင်ပြထားမလဲပြီးတော့... အဒေါ်မိသားစုနဲ့မင်းသမီးကြားက မိသားစုသံယောဇဉ်လေးတွေကိုလည်း နွေးနွေးထွေးထွေးမြင်တွေ့ရမှာဖြစ်ပါတယ်. Background music လေးတွေလည်း တကယ်ကောင်းပါတယ်🖤 ကြည့်ရှုပေးကြပါဦးရှင်Translated by SimJinnie File size…1.7GB and 900MB Quality…. 1080pWEB-DL and 720P Format…mp4 Duration….1hr 55min Subtitle….Myanmar Subtitle (Hardsub) Encoder ..... August
movie

Princess Dayareese (2018)

2018
My Ex & Whys (2017) 5.8
My Ex & Whys (2017)  ဒီတခေါက် တင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ "My Ex and Whys" ဆိုတဲ့ ဖိလစ်ပိုင်အချစ်ဟာသ ဇာတ်လမ်းလေးပါကာလီဟာ Bakit List Girl ဆိုတဲ့ ဘလော့ကို ရေးတဲ့ ဘလော့ဂါတစ်ယောက်ပါBakit ဆိုတာကတော့ ဖိလစ်ပိုင်လို why ဘာလို့လဲ ဆိုတဲ့ အဓိပ္ပါယ်ပါအဲ့ ဘလော့မှာဆိုရင် ဘာလို့ ယောကျာ်းတွေ သစ္စာမရှိတာလဲ ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ယောကျာ်းတွေရဲ့ မကောင်းကြောင်းကို ဘာလို့ လဲ ဆိုတဲ့ အမေး တွေ နဲ့ တင်လေ့ရှိပါတယ်ကာလီ ဆိုတဲ့ ကောင်မလေး ယောကျာ်းတွေကို သစ္စာမရှိတဲ့ လူတွေလို့ ဘာလို့ မြင်တာလဲ????ဒီလိုပါ...သူ ဘလော့ဂါမဖြစ်ခင် လွန်ခဲ့တဲ့ ၂နှစ်လောက်က သူ့အဖေနဲ့ အမေ ကွဲခဲ့ပါတယ်ကွဲရတဲ့ အကြောင်းရင်းကလဲ သူ့အဖေ သစ္စာဖောက်တာကြောင့်ပါပြီးတော့ အဲ့အချိန်လောက်မှာဘဲ ဂျီယိုဆိုတဲ့ ခပ်ချောချော လူရှုပ်လူပွေ နဲ့ ...
movie

My Ex & Whys (2017)

2017