Channel Myanmar

Neil Ross

Batman: Mask of the Phantasm (1993) 7.8
Batman: Mask of the Phantasm (1993) IMDB 7.8 နဲ့ Rotten Tomatoes 88%ရရှိထားတဲ့ ဘတ်မန်းကားဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ အချစ်တော်ဟီးရိုးကြီး ဘတ်မန်းဟာမိသားစုရေးမှာတင်မကဘဲ အချစ်ရေးမှာလည်း ကံမကောင်းခဲ့ပါဘူး။သူ့မိဘတွေရဲ့ သင်္ချိုင်းမှာဆုံတွေ့ခဲ့တဲ့သူဌေးကြီးကားလ်ဘိုးမွန့်ရဲ့သမီးဖြစ်သူအန်ဒရေရာဘိုးမွန့်နဲ့တွေ့ပြီး ချစ်ကြိုက်သွားပြီးနောက်မှာဘရု(စ်)ဝိန်းက လက်ထပ်ခွင့်ပါတောင်းခဲ့ပါတယ်။ အန်ဒရေရာကလက်ခံပြီး နောက်နေ့မှာပဲအကြောင်းအမျိုးမျိုးကြောင့်အန်ဒရေရာဟာ စာတစ်စောင်သာပေးခဲ့ပြီးပျောက်ခြင်းမလှပျောက်သွားပါတော့တယ်။ဒါပေမဲ့ ငါးနှစ်ကြာတဲ့အခါမှာ အန်ဒရေရာဟာဂေါ့သမ်မြို့ထဲကိုပြန်ရောက်လာခဲ့ပေမဲ့ ပြဿနာတွေပါ ပါလာခဲ့ပါတယ်။အဲဒီပြဿနာတွေဟာ အန်ဒရေရာနဲ့တင်မကဘဲဂျိုကာနဲ့ပါဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုတော့CM ပရိသတ်ကြီးတို့ စောင့်မျှော်ကြည့်ရှုလိုက်ကြဖို့တိုက်တွန်းလိုက်ပါတယ်ဗျာ။ File size…    2.8 GB /  892 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Batman: Mask of the Phantasm (1993)

Batman & Mr. Freeze: SubZero (1997) 7.1
Batman & Mr. Freeze: SubZero (1997) 1998 ခုနှစ်ကထွက်ရှိထားပြီး IMDB 7.1 နဲ့Rotten Tomatoes 92% ရရှိထားတဲ့ ဒီဇာတ်ကားမှာတော့ဘတ်မန်းရဲ့ အဓိကဗီလိန်တွေထဲကတစ်ယောက်ဖြစ်တဲ့မစ္စတာဖရိဇ် (Mr. Freeze) ဟာဒုစရိုက်မှုတစ်ခုထပ်လုပ်ဖို့ အကြောင်းဖန်လာတယ်။ဒါပေမဲ့ တခြားအကြောင်းကြောင့်မဟုတ်ဘဲသေခါနီးဖြစ်နေလို့ အအေးလွန်ဖန်ပေါင်းချောင်ထဲထည့်ထားရတဲ့သူ့ရဲ့မိန်းမဖြစ်သူ နိုရာဖရီးစ်ကို ကုသဖို့အစားထိုးအင်္ဂါလိုအပ်နေတာကြောင့်ပါပဲ။သူ့မိန်းမရဲ့ သွေးအမျိုးအစားက ရှားတဲ့အထဲပါသလိုသေပြီးသားအင်္ဂါအလှူရှင်လည်း မရှိတဲ့အခါမှာမစ္စတာဖရိဇ်ဟာ အသက်ရှင်နေတဲ့အလှူရှင်တွေကို အသုံးချဖို့လုပ်လာပါတယ်။အကိုက်ညီဆုံးအလှူရှင်ကို ရှာကြည့်တော့ ဘတ်မန်းကို Bat signal နဲ့အမြဲခေါ်နေတဲ့ရဲဖြစ်သူ ဂျိမ်းစ်ဂေါ်ဒွန်ရဲ့ သမီးဖြစ်ပြီး ရော်ဘင်ရဲ့ရည်းစားဖြစ်သူဘားဘရာဂေါ်ဒွန်ဖြစ်နေတဲ့အချိန်မှာ... File size…    1.9 GB /  842 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ..... Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie

Batman & Mr. Freeze: SubZero (1997)

Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

Scooby-Doo and the Alien Invaders (2000) 6.8
Scooby-Doo and the Alien Invaders (2000) Scooby-Doo and the Alien Invaders (2000) =============================== IMDb Rating - 6.8/10ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့ Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgic ဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating - 6.8 ရှိတာမို့ ပုံမှန်လို Entertainment အသားပေးသာသာ Common sense rating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေ အထူးညွှန်းဖို့ မလို‌လောက်ပါဘူးနော်။Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူး‌သူ Shaggy နဲ့ Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေ သမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ Mystery Machine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ် ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ် နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင် တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါ တယ်လို့ဆိုသူများအပြင်ကိုမှ Velma ...
movie

Scooby-Doo and the Alien Invaders (2000)

2000
The Ant Bully(2006) 6.7
The Ant Bully(2006) The Ant Bully(2006)******************တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်..သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်...သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲသူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့...ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကိုပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့....ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့်တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်...File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
movie

The Ant Bully(2006)

Scooby-Doo! and the Witch’s Ghost (1999) 7.2
Scooby-Doo! and the Witch’s Ghost (1999) Scooby-Doo! and the Witch's Ghost (1999) ============================== IMDb Rating - 7.2/10Scooby Doo ကားဖြစ်လို့ အားလုံးကို ထွေထွေထူးထူး မိတ်ဆက်နေစရာတော့ မလိုတော့ဘူး ထင်ပါတယ် ။ ဒီကားမှာတော့ Scooby Doo တို့ တစ်သိုက် ဂမ္ဘီရစာရေး ဆရာ ဘန် ရေဗင်ခရော့ဆိုသူနဲ့ ဆုံမိကြပြီး .. စာရေးဆရာရဲ့ ဇာတိမြို့ကို အလည်လိုက်ဖို့ အကြောင်းဖန်လာကြပါတယ်။ဒါပေမဲ့ မြို့ကိုရောက်တော့ သိလိုက်ရတဲ့ သတင်းဆန်းက စာရေးဆရာရဲ့ ဘိုးဘေးတစ်ဦးဖြစ်သူ ဆာရာ ရေဗင်ခရော့ရဲ့ ဝိညာဉ်က တစ်မြို့လုံးကို ခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒီလျှို့ ဝှက်ဆန်းကြယ် ဖြစ်ရပ်ကို အဖြေရှာဖို့ဟာ Scooby Doo တို့ အုပ်စုရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း Scooby တို့အတွဲကတော့ မွှေမြဲမွှေဆဲပေါ့လေ . . .(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.1 GB) / (634 MB) / ...
movie

Scooby-Doo! and the Witch’s Ghost (1999)

1999
Back to the Future Part II (1989) 7.8
Back to the Future Part II (1989) ဒီကားလေးကတော့ Channel Myanmar မှာ တစ်ခါ တင်ပေးဖူးတဲ့ Back To The Future ရဲ့ အဆက်လေးပါ။အဆက်ဆိုတဲ့ အတိုင်း ပထမပိုင်းကို ကြည့်ဖူးမှပဲ ဒီအပိုင်းကို ကြည့်ရတာ အရသာ ပိုရှိမှာပါ။ပထမပိုင်းကို ကြည့်ဖူးတဲ့သူတွေဆိုရင်လဲ ဒီအပိုင်းကို မကြည့်ပဲကို နေနိုင်ကြမှာ မဟုတ်ပါဘူး။ reviewတစ်ခုမှာ ရေးထား သလို ပါပဲ...Back To The Future ကို ရုပ်ရှင် အဖြစ် အသက်မသွင်းခင်ကဖန်တီးသူတွေ ဖြစ်ကြတဲ့ Robert Zemeckis နဲ့ Bob Gale တို့ကိုယ်တိုင်တောင်ဒီလောက် အောင်မြင်မှုနဲ့ ဝင်ငွေတွေ ရလိမ့်မယ်လို့ ထင်မိကြမှာ မဟုတ်ဘူးတဲ့။ ၁၉၈၉ မှာ ထွက်ရှိခဲ့တဲ့ ဒီအချိန်ခရီးသွား ဇာတ်ကားမှာ Marty Mcfly တစ်ယောက်အတိတ်ကနေ ပြန်ရောက်ရောက်ချင်းပဲ Dr.Emmett နဲ့အတူ အနာဂတ်ကို ဆက်သွားရဖို့ အကြောင်းဖန်လာပါတယ်။Marty လုပ်ရမယ့် ...
movie

Back to the Future Part II (1989)

1989
HEVC 1080p 5.1
Tom and Jerry: The Fast and the Furry (2005) 6.5
Tom and Jerry: The Fast and the Furry (2005)  Tom and Jerry: The Fast and the Furry (2005)IMDB...6.5. 94 % of google users like..အားလုံးသိပြီးဖြစ်​တဲ့ မရိုးနိုင်​တဲ့ Tom and Jerry ကား​ဟောင်း​လေး တင်​ဆက်​လိုက်​ပါတယ်​။ အညွှန်းကို​တော့ CM က ရတုဆရာ ထရန်​စလိတ်​တာကြီး ဆရာ ရဲခန့်​မင်းမှ စပ်​ဆို​ပေးထားပါတယ်​။" ဖတ်စ်အန်ဖျူရီ ဇာတ်​လမ်းအညွှန်း ရတုလင်္ကာ"​ရှေးသ​ရောခါ ပြည်ဟောလာဝယ် နာမည်ကျော်လျက် ​ကြောင်​နဲ့ကြွက်​ဟု မည်​တွင်​ပြုရာ ဇမ္ဗူကျော်​လွှား ကာတွန်းကားများ ထွက်လေဖူး၏မော်ဖူးဖွယ်ရာ ကားရာကျော်မှ Third Dimension Animate ဟု စရိတ်ထောင်လွှား ဤဇာတ်ကားကား... အကျဉ်းဆိုရ ဤသို့စ၏။ကြောင်နှင့်ကြွက်မည် တွမ်ဂျယ်ရီသည် ပြေးချည်လိုက်ချည် ခိုက်ရန်ဖြစ်ပွား ဒေါသများဖြင့် မှီတင်းခိုရာ အိုးအိမ်သာအား ဆန္ဒမပါ မမျှော်သာပဲ ပြိုကာပျက်စီး ဖျက်ဆီးခြင်းသို့ မလျင်းရှေ့မှောက် ရောက်စေလိုက်​၏။အရှုပ်တော်ပုံ အလုံးစုံကြောင့် ငွေပုံစံပြု ယေရှုသခင် ရှင်ကိုယ်တော်မှ မကြာချက်ချင်း ရှုပ်ထွေးခြင်းကို Second Chance တစ်ရပ် ပေးဆပ်ခြင်းဖြင့် ခွင့်​​ရေးတစ်​ခါ ကြုံဆုံလာပြန်​ အံ့ဖွယ်​ထိပ်​တန်း ကားပြိုင်​ပွဲဟု ခေါ်မည်ပြုကြ အိမ်ကြီးရခိုင် ဆုကြေးပိုင်မည့် ထိုပြိုင်ပွဲအား ဖန်သားပြင်မှ တန်ခိုးပြလျက် လမ်းပြဆောင်သော် ကြောင်နဲ့ကြွက်လည်း မနှေးအမြန် ပြေးကြပြန်၏တိုတိုကပ်ကပ် နိဂုံးချပ်သော်​ ဖတ်​စ်​အင်​န်​ဖျူရီ အမည်​တည်ရ ဤရုပ်​ပြတွင်​...တစ်​​ချိန်ခါကကမ္ဘာကျော်အောင် ​ရွှေ​ရောင်​ဖိ​တ်​​တောက် ကြွက်နဲ့​ကြောင်​တို့ ဟာဒရွှင်​​ဆေး တိုက်​ကျွေးလေသည့်အူထိနှလုံးတစ်ကိုယ်လုံးပါ ရွှင်လန်းသာမည့် ကာတွန်း​တော်ကြီး ဖြစ်လေတည့်​။ပုံ ရတုဆရာ ထရန်​စလိတ်​တာ ...
movie


2005