Channel Myanmar

Nerea Camacho

Camino (2008) 7.4
Camino (2008) မက်ဒရစ်မြို့မှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကာမီနိုဆိုတဲ့ကောင်မလေးဟာ ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွင်စွာဖြတ်သန်းနေတဲ့ သာမန်ကျောင်းသူလေးတစ်ဦးဖြစ်ပါတယ်။ သူမတို့မိသားစုဟာ ဘာသာရေးကိုင်းရှိုင်းပြီးတော့ အမေဖြစ်သူဟာ ကာမီနိုအပေါ်မှာ ချုပ်ချယ်တတ်လို့ ကာမီနိုဟာ အမေထားပေးတဲ့ အချက်အပြုတ်သင်တန်းကို တက်နေရပေမယ့် ပြဇာတ်ကိုသာ စိတ်ဝင်စားနေရှာတာပါ။ ပြီးတော့ ကာမီနိုလေးဟာ ကျောရိုးအဆစ်လွဲနေတဲ့အတွက် ပုံမှန် ဆေးစစ်ရပါတယ်။ဒီလိုနဲ့ တစ်နေ့ ကာမီနိုလေးတစ်ယောက် ကျောရိုးက မခံမရပ်နိုင်အောင် နာကျင်လာတဲ့အတွက် ဆေးရုံမှာ ဆေးစစ်တဲ့အခါ ကျောရိုးအဆစ်လွဲနေတာမဟုတ်ဘဲ ကျောရိုးအဆစ်ပေါ်မှာ ကင်ဆာအကြိတ် တည်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ပုံမှန်ဆယ်ကျော်သက်ကျောင်းသူလေး ကာမီနိုရဲ့ ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပါတော့တယ်။ဒီဇာတ်ကားလေးမှာ ကာမီနိုက အရွယ်နဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီး ရင့်ကျက်ပုံတွေ၊ သာမာန်ကျောင်းသူတွေလို မနေရဘဲ ကင်ဆာကုသဖို့ စွန့်လွတ်လိုက်ရတာတွေ၊ ဘုရားသခင်အပေါ် သက်ဝင်ယုံကြည်မှုကို မေးခွန်းထုတ်လာမိတာတွေကို ဝမ်းနည်းဖွယ်ရာရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်အခြေခံဇာတ်ကားလေးဖြစ်ပါတယ်။ File size…(2.6 GB)/(1.3 GB) Quality….Blu-Ray 1080p ...
movie

Camino (2008)

Three Steps Above Heaven (2010) 7.0
Three Steps Above Heaven (2010) Three Steps Above Heaven (2010)________IMDb - 7.0/10  IMDb rating 7.0 အထိရထားတဲ့ စပိန် အချစ်ဇာတ်ကားလေးတကားဖြစ်ပါတယ် ခပ်မိုက်မိုက် လမ်းသရဲကောင်လေးနဲ့အဖြူထည် ကျောင်းသူလေးတို့ရဲ့ ရိုမတ်ဆန်စွာရိုက်ကူးထားတဲ့အချစ်ဇာတ်လမ်းလေးလို့ပဲဆိုပါတော့ ... ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုင်ကယ်စကေး လမ်းသူရဲ ကောင်လေးလည်း အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့တွေ့တော့ နှလုံးသားရဲ့ခံစားချက်အရာအားလုံးကိုခဝါချရတော့တာပေါ့.... မူချင်ပေမယ့်လည်း ... မူချိန်မရလိုက်တဲ့ မယ်မဒီလေး .... ကောင်လေးရဲ့ ကြွပ်ဆပ်ဆပ် အပြုအမူတွေကြားမှာ အကန်းတစ္ဆေမကြောက်သလိုဖြစ်ခဲ့ရပြီလေ... အမေ့ရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပျင်းလာရတဲ့ သမီးအလိမ္မာလေး ကောင်လေးရဲ့အချစ်တစ်ခုအတွက် အရာအားလုံးကို စုန်ကန်ဖို့အသင့်ဖြစ်နေတာပေါ့... အချစ်ကို ပုံလောင်းချင်တဲ့အမေလည်း သမီးကို မျက်စိဒေါက်ထောက်ကြည့်နေပေမယ့် ယောက္ခထီးကို အပိုင်ချုပ်နိုင်တဲ့ ကောင်လေးရဲ့စကေးတစ်ပေါက်ကြောင့် သမီးလေးကို လိုက်မမှီတော့ဘူးလေ... ကောင်းကင်အထက် သုံးမီတာအထိ မြင့်တဲ့သူတို့ ရဲ့ အချစ်ရထားလေးကို ရိုမန်တစ်ဆန်ဆန်မြှင့်ရင်း ခုတ်မောင်းလာခဲ့တာ နေဝင်ချိန်ကမ်းခြေအလှနှင့်အတူ အိမ်တွင်းပုန်းကျောင်းသူလေးရဲ့ အပျိုစင်ဘဝလေးက...??? မိခင်ရဲ့ ပုံစံခွက်ထဲက ရုန်းထွတ်နိုင်အောင် ကြိုးစားနေတဲ့ သမီးလေးရဲ့ ဘဝ??? မတူညီတဲ့ဘဝနှစ်ယောက်ရှိတဲ့လူနှစ်ယောက် အချစ်ဆိုတဲ့အရာကို တခုတည်းပေါင်းစည်းနိုင်မှာလား ကဲ... အိမ်တွင်းပုန်း ကျောင်းသူလေးနဲ့လမ်းသူရဲလေးကောင်လေးတို့ ကောင်းကင်အထက်သုံးမီတာမှာ ဘာဆက်ဖြစ်ကြမလဲ ....IMDb rating ...
movie

Three Steps Above Heaven (2010)