Channel Myanmar

Nery Arredondo

Tigers Are Not Afraid (2017)
Tigers Are Not Afraid (2017)  IMDb-6.9/10 Rotten Tomatoes-97%မက္ကဆီကိုနိုင်ငံမှာ 2006 ခုနှစ်ကနေစပြီး မှုးယစ်စစ်ပွဲတွေဖြစ်ခဲ့လို့ လူပေါင်းသိန်းနဲ့ချီသေဆုံးပြီး သောင်းနဲ့ချီပျောက်ဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးဦးရေနဲ့ ပျောက်ဆုံးကလေးဦးရေကိုတော့ အတိအကျမကောက်ယူနိုင်ခဲ့ပါဘူး။ 2017 မှာထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်မှာတော့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက အမေဖြစ်သူကို ပြန်ပေးဆွဲပြီး သ-တ်လိုက်တဲ့အခါ ကျန်ရစ်ခဲ့တဲ့ ဆယ်နှစ်အရွယ်သမီးဖြစ်သူမှာ ဆုတောင်းသုံးခုရလာပုံကို ရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဟော်ရာကားကောင်းတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ အမေဖြစ်သူကို ဟွာစကာ့စ်ဂိုဏ်းကသ-တ်တာခံရပြီးတဲ့နောက်မှာ ဆုတောင်းသုံးခုရခဲ့တဲ့ အက်စရယ်လာဟာ ပထမဆုံးဆုတောင်းအနေနဲ့ သူ့အမေပြန်လာဖို့ဆုတောင်းခဲ့ပါတယ်။ သူ့အမေပြန်လာခဲ့ပေမဲ့ သေဆုံးခဲ့ပြီးပြီဖြစ်လို့ ဝိဉာဉ်အနေနဲ့ အက်စရယ်လာနောက်ကိုတချိန်လုံးလိုက်နေတဲ့အပြင် မူးယစ်စစ်ပွဲမှာသေဆုံးခဲ့ရတဲ့ ဝိဉာဉ်တွေကလည်း သူ့နောက်တချိန်လုံးလိုက်နေပါတယ်။ဒီလိုနဲ့အက်စရယ်လာတစ်ယောက် မြို့ထဲမှာလျောက်သွားနေရင်း သူ့လိုမျိုးဘဝတူကလေးတွေအဖွဲ့နဲ့တွေ့ပြီးအဆင်ပြေသွားပေမဲ့ အဲဒီအဖွဲ့ခေါင်းဆောင် ရှိုင်းဆီမှာ ဂိုဏ်းဘက်ကလိုချင်‌နေတဲ့ ပစ္စည်းတစ်ခုရှိနေလို့ သူတို့အဖွဲ့လေးကို ပစ်မှတ်ထားခံရပါတော့တယ်။ ဒီလိုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတစ်သိုက် လူမိုက်ဂိုဏ်းတွေရဲ့ရက်စက်မှုကို ရင်ဆိုင်ကြရပုံတွေ၊ အက်စရယ်လာရဲ့ ဆုတောင်းတွေက မျှော်လင့်တဲ့အတိုင်းအလုပ်ဖြစ်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1 GB)/(550 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre...Drama, Thriller,  Horror Subtitle….Myanmar ...
movie

Tigers Are Not Afraid (2017)