Channel Myanmar

Neven Pajkic

Die in a Gunfight (2021) 4.7
Die in a Gunfight (2021) ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။ File size…(3.1 GB)/(2 GB)/(1.3 GB) Quality…BluRay 1080p /720p Format…mp4 Duration….01:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Die in a Gunfight (2021)

4K HEVC
A History of Violence(2005) 7.4
A History of Violence(2005) A History of Violence(2005) အညွှန်း*******************************တွန်မ်ဆိုတဲ့လူကတော့ မိသားစုကိုသိပ်ချစ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပါတယ်။သားသမီးတွေကိုလည်းဂရုစိုက်သလို မိန်းမနဲ့တီတာဖို့မမေ့တဲ့တွန်မ်တစ်ယောက်‌တစ်နေ့မှာကြက်ကန်းတိုးပြီး တိုင်းသိပြည်သိသူရဲကောင်းကြီးဖြစ်လာပါတော့တယ်။နာမည်ကြီးမှုတွေကို တွန်မ်အစကတည်းက စိတ်တိုင်းမကျခဲ့သည့်အလျှောက်တကယ်လည်း နာမည်ကြီးမှုရဲ့နောက်ဆက်တွဲဖြစ်စဉ်တွေဟာတွန်မ်တို့ရဲ့မိသားစုဘဝတစ်ခုလုံးကို ကြီးကြီးမားမားသက်ရောက်လာခဲ့ပါတယ်။ပြဿနာကို တွန်မ်တို့မိသားစုဘယ်လိုရင်ဆိုင်ကြသလဲ?...ဘယ်လိုတွေကြမ်းရမ်းကြမလဲဆိုတာကိုတော့ လျှို့ဝှက်ချက်တွေနဲ့ခေါင်းခြောက်ရမယ့်thriller film ကောင်းတစ်ခုထဲမှာ ဆက်လက်ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။R-rated အမျိုးအစားဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...  File Size :(1.7GB)(648MB) and (196 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Crime , Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

A History of Violence(2005)

Nobody(2021) 7.3
Nobody(2021) Nobody(2021) အညွှန်း*******************IMDb...7.6(((BLU-RAY 1080P.5.1CH ထွက်လာလို့ Updateပေးထားပါတယ်.)ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့်Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်းနင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 856MB Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded ...
movie

Nobody(2021)

HEVC 1080p 5.1
Polar (2019) 6.3
Polar (2019) Polar (2019)____IMDb - 6.3/10  Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  မေမြတ်သူ ပါ)    File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie

Polar (2019)

2019