Channel Myanmar

Nia Renée Hill

Old Dads (2023) 6.2
Old Dads (2023)  Ant Man ထဲမှာဇာတ်ပို့အဖြစ်နာမည်ကြီးတဲ့ Bobby Cannavale နဲ့အက်ရှင်ဇာတ်ကြမ်းတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့Bokeem Woodbine နဲ့ဟာသမင်းသား Bill Burr တို့သုံးယောက်ပေါင်းပြီးရိုက်ကူးထားတဲ့ Old Dads ဆိုတဲ့ဟာသဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းတဲ့ထဲမှာ ပါတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲအသက်ကြီးမှ အဖေထဖြစ်တဲ့ဂျက်ခ်ကော်နာနဲ့ မိုက်ခ်တို့သူငယ်ချင်းသုံးယောက်နဲ့ သူတို့မိသားစုအကြောင်းတွေကိုအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။သူတို့ သူငယ်ချင်းသုံးယောက်က အားကစားအင်္ကျီထုတ်တဲ့ ကုမ္ပဏီတစ်ခုပိုင်ဆိုင်ကြပြီး အဲ့ဒီကုမ္ပဏီကိုရောင်းလိုက်ကြတဲ့အခါမှာတော့ အဲ့ဒီကုမ္ပဏီရဲ့ဝန်ထမ်းတွေအဖြစ်နဲ့ ပြန်ပြီးအလုပ်ဝင်ရပါတော့တယ်။ပိုင်ရှင်ဘဝကနေ ဝန်ထမ်းဘဝရောက်သွားတာဆိုတော့ သူတို့ဘဝတွေကလည်း ပိုကြပ်တည်းလာပါတော့တယ်။အဲ့ဒီအပြင်ကိုမှ မိသားစုပြဿနာတွေနဲ့လုံးလည်ချာလည်ရိုက်ရင်း ဖြစ်လာတဲ့ပြဿနာတွေကလည်း မနည်းပါဘူး။ဒါပေမယ့်အဖေတွေဆိုတာက အဲ့လိုပြဿနာတွေကိုကျော်လွှားပြီး မိသားစုရဲ့တာဝန်ကို ကျေပွန်အောင်ကြိုးစားရတဲ့လူတွေပါပဲ။ဒီတော့ အဲ့ဒီအခက်အခဲတွေကို သူတို့ သူငယ်ချင်းသုံးယောက်ကျော်လွှားကြရင်းနဲ့ ဖြစ်လာတဲ့ရယ်စရာတွေ ဝမ်းနည်းစရာတွေကိုပေါင်းစပ်ပြီးပညာပေးတဲ့အနေနဲ့ပါရိုက်ကူးထားတဲ့ လက်လွှတ်မခံကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.59GB / 735MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

Old Dads (2023)