Channel Myanmar

Nicholas Asbury

Brian and Charles (2022) 6.7
Brian and Charles (2022) Brian and Charles (2022) ================== IMDb Rating - 6.7/10တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ.... အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ... အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.57 GB) / (650 MB) ...
movie

Brian and Charles (2022)

2022
Hold the Dark(2018) 5.8
Hold the Dark(2018) Hold the Dark(2018)သားရဲ တိရစ္ဆာန်တစ်ကောင်ဖြစ်တဲ့ ဝံပုလွေတစ်ကောင်ရဲ့ နေထိုင်မှုပုံစံဟာ ကျွန်တော်တို့အမြင်မှာတော့ရက်စက်ကြမ်းယုတ်နေတယ်...တစ်ခုတော့ရှိတော့ ဝံပုလွေတစ်ကောင်ရဲ့ နှလုံးသားကို ကျွန်တော်တို့တစ်ခါမှမြင်အောင်မကြည့်ခဲ့ကြသလို ဖေးမစာနာစရာလိုတယ်လို့လည်း တစ်ခါမှ မစဉ်းစားခဲ့ကြဘူး....ဝတ္ထုအနေနဲ့ အောင်မြင်ခဲ့တဲ့ Hold the Dark ကိုရုပ်ရှင်အဖြစ်အသက်သွင်းထားတဲ့ Hold the Dark (2018) ဇာတ်ကားဟာ ဝံပလွေတွေနဲ့ အဓိက ဇာတ်အိမ်တည်ထားတယ်...Medora Sloaneဆိုတဲ့အမျိုးသမီးမှာ သိပ်ချစ်ရတဲ့ သား(၃)ယောက်ရှိတယ်...ကံဆိုးစွာပဲ ဒီသားလေးတွေဟာ ဝံပုလွေဆွဲလို့ အသက်ဆုံးရှုံးသွားတယ်...မိခင်ဖြစ်သူအတွက် ဝံပလွေတွေဟာ နာကျဉ်းစရာ စက်ဆုတ်စရာပေါ့...အမေဖြစ်သူဟာ ဝံပုလွေကို အမုန်းကြီးမုန်းလေတော့ ဝံပုလွေအကြောင်းကိုလေ့လာနေသူစာရေးဆရာလည်းဖြစ် မုဆိုးလည်းဖြစ်တဲ့ Russell Core ကို အကူအညီတောင်းတယ်..အဲ့ဒါကတော့ဝံပုလွေတွေကိုလက်စားချေ သတ်ဖြတ်ပေးဖို့ပါပဲ...Russell တစ်ယောက် ဝံပုလွေရှာပုံတော်ဖွင့်ရင်း ဘာတွေဖြစ်မလဲဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီကားက ရှုံထောင့်စုံကနေ ကြည့်ရှုသူကို ဆွဲခေါ်သွားရင်း တွေးစရာလေးတွေပေးသွားတဲ့ကားလေးလည်းဖြစ်ပါတယ်...ဇာလမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်...File Size : (850 MB) and (376 MB) Quality : ...
movie

Hold the Dark(2018)

2018