Channel Myanmar

Nicholas Downs

Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
You Can’t Escape Me (2023) 5.6
You Can’t Escape Me (2023) တက်သစ်ပန်းချီဆရာမတစ်ဦးဖြစ်သူ အယ်ရင်ကာဗာနဲ့ ရှေ့နေတစ်ဦးဖြစ်သူ ဂျဲရက်ကာဗာတို့ဟာ အိမ်ထောင်ကျခါစလင်မယားတွေပါ။ ဂျဲရက်ဟာ တရားသူကြီးမျိုးရိုးထဲက ဆွေးကြီးမျိုးကြီးတစ်ယောက်ဖြစ်ပေမယ့် အယ်ရင်ကတော့ မိဘနှစ်ပါးလုံးဆုံးပါးသွားပြီဖြစ်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ကြိုးစားနေရတဲ့ ပန်းချီဆရာမတစ်ယောက်ပါ။ ဂျဲရက်ဟာ မိန်းမဖြစ်သူအပေါ်ကိုအရမ်းချုပ်ချယ်ပြီး အချိန်ပြည့် သူ့စိတ်တိုင်းကျ သူထားလိုရာမှာထားလို့ရမဲ့ အရုပ်တစ်ခုအဖြစ် လွှမ်းမိုးချုပ်ကိုင်ချင်သူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်း ယောင်္ကျားဖြစ်သူရဲ့ မနာလို၀န်တိုမှုကြီးမားပုံတွေ၊ အဆိပ်အတောက်ဆန်တဲ့ အပြောအဆို အပြုအမူတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အယ်ရင်တစ်ယောက် တွေ့ကြုံခံစားလိုက်ရတဲ့အခါမှာတော့ သူ့သူငယ်ချင်းရဲ့အကူအညီနဲ့ ပေါ့လန်းမြို့ကိုပြောင်းပြေးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ပေါ့လန်းမြို့မှာ အခြေချပြီး ၅လအကြာမှာတောင် အယ်ရင်တစ်ယောက် မလုံခြုံသေးတာကို သိလိုက်ရတဲ့နောက်မှာတော့ သူခံစားနေရတဲ့စိတ်ဒဏ်ရာတွေ၊ ခြိမ်းခြောက်မှုတွေကနေ ဘယ်လိုရုန်းထွက်ဖို့ကြိုးစားမလဲ၊ ဂျဲရက်သူ့မျက်စိရှေ့ကိုပြန်ရောက်လာခဲ့ရင် ပြန်ရင်ဆိုင်ဖို့ရာသူဘယ်လိုကြိုးစားမလဲ၊ ဂျဲရက်ရဲ့လက်ထဲကနေရော သူလွတ်မြောက်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။File size…(1.6 GB)/(820 MB)/(460 Mb) Quality….Webrip 1080p / 720p / 480pFormat…mp4 Duration….01:30:00 Genre...TV Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

You Can’t Escape Me (2023)

Pearl Harbor (2001) 6.2
Pearl Harbor (2001) Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie

Pearl Harbor (2001)

2001