Channel Myanmar

Nicholas Le Prevost

Testament of Youth (2014) 7.2
Testament of Youth (2014)  𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie

Testament of Youth (2014)

Shakespeare in Love (1998) 7.1
Shakespeare in Love (1998) “Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် ...
movie

Shakespeare in Love (1998)

Half Broken Things (2007) 7.2
Half Broken Things (2007) Half Broken Things (2007) ==================== IMDb Rating - 7.2/10ဒီဇာတ်ကားလေးကတော့ ၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ Drama/ Thriller အမျိုးအစားဇာတ်လမ်း‌လေးပါ။ ဒီဇာတ်ကားက စာ ရေးဆရာ Morag Joss ရေးခဲ့တဲ့ Half Broken Things ဆိုတဲ့ CWA Silver Dagger ဆုရ နာမည်ကြီးစာအုပ်ကိုပြန်ရိုက်ထား တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဂျင် ကအိမ်စောင့်အလုပ်လုပ်နေတဲ့ အဘွားကြီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ အိမ်စောင့်အလုပ်တစ်ခုရခဲ့ပါတယ်။ အဲဒီအလုပ် ကတော့ စတန်းဒစ်ကေ့ လင်မယားရဲ့ ဝေါဒန် အိမ်ကြီးကိုစောင့် ရှောက်ပေးရမှာပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးကအရမ်းလှပြီး ခြံ ကြီးကလည်းအကျယ်ကြီးပါ။ နောက်ပိုင်းတော့ ဂျင် ကအဲဒီအိမ် ကြီးကိုကိုယ့်အိမ်အဖြစ်သဘောထားသွားပြီး သူ့စိတ်ကြိုက်စီမံ ပါတော့တယ်။တစ်ရက်မှာတော့ မိုက်ကယ် နဲ့ စတပ်ဖ် ဆိုတဲ့အတွဲတစ်တွဲက အိမ်ကိုရောက်လာပါတယ်။ စတပ်ဖ် ကတော့ကိုယ်၀န်နဲ့ပါ။ မိုက်ကယ် နဲ့စကားပြောနေတုန်းမှာပဲ စတပ်ဖ် ကကလေးမွေး‌ ရတော့မှာမလို့ ဂျင် ကပဲကလေးမွေးပေးခဲ့ရပါတယ်။ ဂျင် က မိုက်ကယ် တို့အတွဲနဲ့ သူမွေးပေးခဲ့တဲ့ကလေးကို သံယောဇဉ် တွယ်မိသွားပြီး အိမ်ကြီးမှာပဲနေဖို့ပြောပါတော့တယ်။ အဲဒီ နောက်မှာတော့ သူတို့လေးယောက် ဝေါဒန် အိမ်ကြီးမှာဒရမ် မာတွေစဖြစ်ပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Half Broken Things (2007)

2007