Channel Myanmar

Nicholas Lea

The Lie (2018) 5.8
The Lie (2018) The Lie (2018) ============ဒီဇာတ်ကားလေးကတော့ broken family တစ်ခုရဲ့ သက်ရောက်မှု တွေကို ဖော်ကြူးထားပါတယ်။ ဆယ်ကျော်သက်လေး ကေလာဟာ အမေ အဖေ တစ်ကွဲစီနဲ့ ဟိုကူးဒီကူးလုပ်နေရသူလေးပါ။ မိဘတွေ ကိုယ်စီမှာလည်း နောက်လူ အသီးသီးနဲ့ပေါ့။ တစ်ရက် ကျောင်းကပွဲ ကို တက်ရမယ့် အသွားလမ်းမှာ သူငယ်ချင်း ဘရစ်တနီကို တွေ့တာမို့ သူ့အဖေကားနဲ့ တစ်ပါတည်းလိုက်ဖို့ ခေါ်ခဲ့တယ်။ဘရစ်တနီဆိုတာလည်း အလန်းဇယားလေးတစ်ယောက်၊ ကိစ္စလေး တစ်ခုနဲ့ စကားများရင်း အဖေ့ကွယ်ရာအရောက် သူငယ်ချင်းကိုတွန်း ချလိုက်စဉ်မှာ ပြဿနာတွေက စပါတော့တယ်။ သမီးဖြစ်သူ ငယ်ငယ် ရွယ်ရွယ်ကို ထောင်ထဲအပါမခံနိုင်တဲ့ မိဘတွေရဲ့ ကြိုးပမ်း အားစိုက် လိမ်ညာမှု၊ သူတို့တွေရဲ့ အပူမီးကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်မယ့် ဒရာမာကောင်းလေး ဖြစ်တာမို့ ကြည့်ရှုသင့်ပါကြောင်း ညွှန်းဆိုလိုက် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thu Thu ဖြစ်ပါတယ်)File Size..........(1.22 GB) / (455 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Thu Thu Encoder..........SWM
movie

The Lie (2018)

2018
Shattered(2007) 7.0
Shattered(2007) Shattered(2007)*************** မင်းသားကြီး Pierce Brosnan  နဲ့ Gerard Butlerတို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်.... သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်...File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo ...
movie

Shattered(2007)

Chaos (2005) 7.0
Chaos (2005) Chaos (2005)အညွှန်း******************မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်...ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့် တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာ ယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့ အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့် ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ် ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ သိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကို ဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့…. File Size :(1.96GB) (817 MB) and (253 MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:46:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by ...
movie

Chaos (2005)