Channel Myanmar

Nick Bailey

The Ghost Within (2023)
The Ghost Within (2023)  မာဂေါ့ဆိုတဲ့ အမျိုးသမီးတစ်ယောက်က ကလေးဘဝကစိတ်ဒဏ်ရာတွေကြောင့်အခုအချိန်မှာ စိတ်ကျန်းမာရေးချို့ယွင်းနေပြီး မကြာသေးခင်ကပဲ စိတ်ကျန်းမာရေးဆေးရုံကဆင်းလာတာဖြစ်ပါတယ်။ သူ့ရဲ့အဓိကပြဿနာက သူ့မျက်လုံးထဲမှာအပြင်မှာမရှိတဲ့ အရာတွေ တကယ်မြင်နေရပြီး ငယ်ဘဝကမှတ်ဉာဏ်တွေကပြန်ပြန်ပေါ်လာနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်ဉာဏ်တွေက မပီပြင်နေပဲနဲ့ ဟိုတစ်စဒီတစ်စတွေဖြစ်နေပါတယ်။ ဒီလိုနဲ့နောက်ဆုံးမှာတော့ သူငယ်ငယ်ကနေခဲ့ဖူးတဲ့ အဲ့ဒီမှတ်ဉာဏ်တွေရှိတဲ့အိမ်မှာ ယောက်ျားဖြစ်သူနဲ့ ခဏတာသွားနေဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီးတဲ့နောက်မှာ ယောက်ျားဖြစ်သူကသူ့မိန်းမရဲ့စိတ်ကျန်းမာရေးကို စိတ်မဝင်စားပဲအလုပ်ကိစ္စနဲ့ ပိုက်ဆံတွေကိုပဲစိတ်ရောက်နေပါတော့တယ်။အလုပ်ဆိုတာကလဲ သူထုတ်မဲ့စာအုပ်ကိုအကြောင်းပြပြီး အငယ်အနှောင်းနဲ့သွားနှပ်နေတာပဲဖြစ်ပါတယ်။မိန်းမဖြစ်သူမာဂေါ့ကတော့ အိမ်မှာတစ်ယောက်တည်းကျန်နေရင်းနဲ့ ငယ်ငယ်တုန်းကသူတို့မိသားစုရဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာရင်းနဲ့အရူးတစ်ပိုင်းဖြစ်နေပါတော့တယ်။ အထူးသဖြင့်သူငယ်ငယ်တုန်းက သေဆုံးသွားခဲ့တဲ့သူ့ညီမက သူ့ကိုကိုယ်ထင်လာပြတာပဲဖြစ်ပါတယ်။သူ့ညီမကအသတ်ခံရတာဖြစ်ပြီးအဖေဖြစ်သူက သတ်ခဲ့တယ်ဆိုပြီးအဖမ်းခံရပြီးကိစ္စကပြီးသွားပါတော့တယ်။ဒါပေမယ့်သူ့ညီမကအဲ့ဒီကိစ္စကိုအခဲမကျေဖြစ်ပြီး အစ်မဖြစ်သူကိုဘာတွေပြောဖို့ကြိုးစားတယ်ဆိုတာအပြင် တခြားစိတ်လှုပ်ရှားစရာခြောက်ခြားစရာတွေကိုလဲမြင်တွေ့ရမှာပဲဖြစ်ပါတယ်။  File size…836MB / 347MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 43m Genre …..  Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Ghost Within (2023)

A Most Violent Year (2014) 7
A Most Violent Year (2014) A Most Violent Year (2014)အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။ နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 923MB, 387MB, 240MB Quality  ...
movie

A Most Violent Year (2014)

2014