Channel Myanmar

Nick Mullen

Jungleland 2020 6.3
Jungleland 2020 လက်‌ေ၀ှ့ထိုးတဲ့နေရာမှာထူးချွန်တဲ့ ညီဖြစ်သူလိုင်းယန်း..ညီဖြစ်သူကထူးချွန်သ‌လောက် အကြွေးပတ်လည်၀ိုင်းနေပြီးအမြဲဒုက္ခရှာတတ်တဲ့ အကိုဖြစ်သူ စတန်..လက်‌ေ၀ှ့ကျော်ဖြစ်လာခဲ့ရင် ဘ၀သစ်စမယ်လို့ကြွေးကျော်နေတတ်တဲ့ ညီအကိုပေါ့။တစ်နေ့တော့ လက်‌ေ၀ှ့ပွဲတစ်ပွဲရှုံးနိမ့်သွားလို့ အကြွေးရှင်တွေရဲ့စိတ်တိုင်းကျ Junglelandဆိုတဲ့ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ပွဲမှာ သွားထိုးသတ်ဖို့ညီအကိုနှစ်ယောက်ပြင်ရပါတော့တယ်။အဲဒီခရီးစဥ်တလျောက် စကိုင်းဆိုတဲ့ကောင်မလေးကိုပါ ကြွေးရှင်တွေက ရီနိုကိုပို့ပေးဖို့တာ၀န်ပေးပါတော့တယ်။လိုင်းယန်းရယ် စကိုင်းရယ် စတန်ရယ်...သူတို့သုံးယောက်အတူတူသွားရင်းနဲ့ဘာတွေကြုံတွေ့ရမှာလဲ?အတူတူသွားရင်းနဲ့ စကိုင်းအကြောင်းကိုပါသိလိုက်ရချိန်မှာ သူတို့ညီအကိုနှစ်‌ယောက်ဘာဆက်လုပ်မလဲ?ညီအကိုနှစ်ယောက်ကရော အဆုံးထိမပြောင်းလဲဘဲ ချစ်ခင်သွားမှာလားဆိုတာ အဆုံးထိစိတ်၀င်တစားကြည့်ရှု ရမှာပါ။ရိုးရိုးရှင်းရှင်း‌လေးပဲပြသွားတဲ့ဒီကားလေးကစိတ်ထဲမှာစွဲနစ်ခံစားမိစေမှာပါ။ကြည့်ရှုခံစားနိုင်ဖို့CM ပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။ဒရာမာကားကောင်းကောင်းလေးတွေမျှော်လင့်နေသူတွေအဖို့တော့ ကွက်တိပါပဲလို့ညွှန်းလိုက်ပါရစေ။ဇာတ်ကားလေးနာမည်က Jungleland(2019)ပါ။ File size… 1 Gb / 500 Mb Quality… webrip 720p Format…mp4 Duration….01:30:00 Genre … Action, Comedy Subtitle….Myanmar Subtitle (Hardsub) Translated by Aye Mon Kyaw
movie

Jungleland 2020