Channel Myanmar

Nick Preston

The Pregnancy Scheme (2023)
The Pregnancy Scheme (2023) The Pregnancy Scheme (2023)တစ်ခါကြည့်လောက်တော့ စိတ်ကျေနပ်မှုပေးနိုင်မဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျူလီယာဆိုတဲ့ အမျိုးသမီးလေးက အတူနေချစ်သူနဲ့ လမ်းခွဲထားတဲ့အပြင် အလုပ်ကလည်း ပြုတ်ထားပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလားတော့မသိ ကိုယ်ဝန်ရှိနေတာကို ရုတ်တရက်သိလိုက်ရတဲ့အချိန်မှာ ကိုယ်ဝန်က ပထမသုံးလပတ်ထဲရောက်နေခဲ့ပြီ။ ကိုယ်ဝန်ကိုဆေးခန်းအပ်ဖို့ အာမခံတွေကလည်း သွင်းမထားနိုင်တော့ ငွေရေးကြေးရေးအရမ်းကို ကျပ်တည်းနေခဲ့တယ်။ လမ်းခွဲထားတဲ့ရည်းစားဖြစ်သူကလည်း သူ့အပူနဲ့သူဆိုတော့ ငွေရေးကြေးရေးပိုင်းကို မကူညီနိုင်။ ဒီမှာပဲ အချစ်ဆုံးသူငယ်ချင်းကနေတဆင့် ရင်းနီးခွင့်ရတဲ့ အာလန်နာဆိုသူပေါ်လာပါတယ်။ အာလန်နာရဲ့အကြံနဲ့ သူ့ရဲ့ကိုယ်ဝန်ရှိကြောင်းပြတဲ့ ဆီးစစ်တဲ့အတံတွေကို အကြောင်းအမျိုးမျိုးကြောင့် လိုအပ်နေတဲ့ အမျိုးသမီးတွေဆီရောင်းစားရာကနေ ပိုက်ဆံအဆင်ပြေလာခဲ့တယ်။ ဒါပေမဲ့ ဒီကိစ္စကြီးကို ဂျူလီယာ စိတ်မလုံလို့ ဆက်မလုပ်ချင်တော့တဲ့အချိန်မှာတော့ အာလန်နာဆီက ခြိမ်းခြောက်မှုတွေနဲ့အတူ ရန်လိုမှုတွေကိုပါ ရင်ဆိုင်ရပါတော့တယ်။ ဒီပြဿနာကို ဂျူလီယာတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမလဲဆိုတာကို ကြည့်ရှုကြပါဦး။(ဒီရုပ်ရှင်ကို aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Thriller Quality…. 1080p | 720p File size… 1.2GB | 517MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... ...
movie

The Pregnancy Scheme (2023)

2023
B&B Merry (2022) 6.2
B&B Merry (2022)  ခရစ္စမတ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်တဲ့ B&B Merry ဆိုတဲ့ Comedy/Romance ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်အိမ်လေးကတော့ ထရေစီဝိုက်စ် ဆိုတဲ့ နာမည်ကြီးခရီးသွားဘလော့ဂ်ဂါလေးနဲ့ B&B ဆိုတဲ့မိသားစုတည်းခိုခန်းလေးကို မနည်းကျားကန်နေရတဲ့ ဂရေဟမ် ဆိုတဲ့ ဓာတ်ပုံဝါသနာရှင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့နော်မိဘတွေရဲ့အမွေအနှစ်ဖြစ်တဲ့ မိသားစုတည်းခိုခန်းလေးကို ခရစ္စမတ်မှာ ပရိုမိုးရှင်းလုပ်ဖို့ ထရေစီ ကိုဖိတ်ခေါ်ခဲ့ပြီးတော့ ထရေစီ ရဲ့ နောက်ထပ် ရီဗျူးလုပ်စရာဟော်တယ်နဲ့ကလည်း B&B နဲ့ပြိင်ဖက်တွေဆိုတော့ ဘယ်လိုအရှုပ်တွေဖြစ်ပြီး ခရစ္စမတ်မှာ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကို ဖန်တီးကြမလဲဆိုတာကိုတော့.......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

B&B Merry (2022)

Christmas at the Chalet (2023) 6.5
Christmas at the Chalet (2023)   ခရစ္စမတ်ရဲ့ အငွေ့အသက်အပြည့်ခံစားရမယ့် မိသားစုကားကောင်းလေးတစ်ခုပါ။Lex Rileyက ကွာရှင်းထားတာ မကြာသေးတဲ့ အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အမေတစ်ယောက်ပါ။ သားဖြစ်သူကတော့ Influencerတစ်ယောက်ဖြစ်ပြီး သူ့အမေကို ချက်နည်းပြုတ်နည်းတွေ အွန်လိုင်းပေါ်မှာ ဝေမျှဖို့အတွက် အမြဲ အားပေးနေခဲ့ပါတယ်။ခရစ္စမတ်မှာ သားဖြစ်သူက သူ့အဖေနဲ့အတူ Aspen မှာသွားပြီး အချိန်ကုန်မှာမို့လို့ သူပါ လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူတည်းရမဲ့ အပန်းဖြေအိမ်လေးမှာ ဟိုတယ်bookingက အမှားဖြစ်ပြီး အခန်းမရတော့ပါဘူး။ ဒါနဲ့ ဟိုတယ် ပိုင်ရှင်ဖြစ်တဲ့ Ericကလည်း အကူဝန်ထမ်းအသစ်လိုနေတာနဲ့ အလုပ်နဲ့ အခန်း လဲလှယ်ပြီး သဘောတူညီမှုတစ်ခုလုပ်ခဲ့ပါတယ်။ သဘောထားကောင်းဖော်ရွေတတ်တဲ့ Ericနဲ့ ခင်မင်သွားပြီး Ericက Lexကို နှင်းလျှောစီးသင်ပေးရင်း ပိုပြီး ရင်းနှီးခဲ့ကြပါတော့တယ်။ ၂၀ကျော် ၃၀ကျော်တွေရဲ့ အချစ်ဇာတ်လမ်းမဟုတ်ပေမဲ့ ၅၀ကျော် နှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းက ကြည့်ရှုသူတွေကိုလည်း ကြည်နူးစေပါလိမ့်မယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p ...
movie

Christmas at the Chalet (2023)